ကယားပြည်နယ်၏မြို့တော် လွိုင်ကော်တွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ စုပေါင်းဆောင်ရွက်နေကြပြီဖြစ်သည်။ အကြမ်းဖက် အဖျက်သမားသောင်းကျန်းသူများ တိုက်ခိုက်ဖျက်ဆီးမှုများ ကြောင့် ပျက်စီးခဲ့သမျှတို့ကို ဒေသတည်ငြိမ်အေးချမ်းမှု ရရှိလာ ချိန်တွင် ပြန်လည်ထူထောင်တည်ဆောက်ကြရခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် နိုင်ငံရေး အပြောင်းအလဲနှင့်အတူ ပြည်တွင်းရှိဒေသအချို့တွင် လက်နက် ကိုင် အကြမ်းဖက်သောင်းကျန်းမှုများ ပေါ်ပေါက်လာသလို ယခင် ရှိနှင့်ပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အတွင်းမှ ငြိမ်းချမ်းရေးမလိုလားသူ၊ အခွင့်ကောင်းယူလိုသူတို့ ၏ ပွဲလန့်တုန်းဖျာခင်းသည့် လုပ်ရပ်များလည်း ပေါ်ပေါက်လာ သည်။ လုံခြုံရေးအားနည်းသည့် မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီး လုယက်ခြင်း၊ လမ်းတံတားများကို ဖြတ်တောက်ဖျက်ဆီးခြင်း စသည့်အကြမ်းဖက် အဖျက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူ လူထု၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ကြ ရသည့်အပြင် လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးစသည်ဖြင့် အဘက်ဘက်တွင် အခက်အခဲ များ၊ နစ်နာဆုံးရှုံးမှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။ နယ်မြေတည်ငြိမ် အေးချမ်းမှုမရှိခြင်းက နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့် အယှက် အဟန့်အတားဖြစ်စေခဲ့သည်။
လက်ရှိအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ တစ်ခုနှင့်တစ်ခုအကြား နယ်မြေလုမှုများ၊ လူမျိုးရေးခွဲခြားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဖြစ်ပေါ်လျက် ရှိနေသကဲ့သို့ပင် အကြမ်းဖက် CRPH၊ NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များအကြား အပြန်အလှန်တိုက်ခိုက်မှု များ၊ ဥပဒေမဲ့ သတ်ဖြတ်မှု၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ၊ ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်မှုများ စသည်တို့ကို တရားမဲ့ ပြုကျင့်နေမှုများ ဖုံးမရ ဖိမရ ထွက်ပေါ်လာလျက်ရှိသည်။ ပြည်တွင်း၌ ဒေသအလိုက်ဖြစ်ပေါ်နေသည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများမှာ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသကဲ့သို့ပင် ဒေသတွင်းနေပြည်သူတို့၏ လူမှုစီးပွား ဘဝများ နိမ့်ကျစေသည်ကို သိရှိနားလည်ထားကြရန်လိုသည်။ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများသည် နိုင်ငံ၏ အရင်းအမြစ်များကို ပျက်စီးဆုံးရှုံးမှုဖြစ်စေရာတွင် လူသားအရင်း အမြစ် ပျိုးထောင်ရေးတွင် အဓိကအရေးပါသည့် ပညာသင်ကြား မှုများကို ထိခိုက်စေသည့်အပြင် နိုင်ငံ၏အနာဂတ်အင်အားဖြစ် သော လူငယ်လူရွယ်များကိုပါ ဆုံးရှုံးစေသည်။ သို့ဖြစ်ရာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများကို အားပေး ကူညီမှုမပြုရန်နှင့် ဆန့်ကျင်ကြရန်လိုသည်။
ဒေသတစ်ခုပျက်စီးစေရန် လုပ်ဆောင်ကြသူများမှာ ဒေသခံ အဖျက်သမားအကြမ်းဖက်များပင်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြစ်ပေါ်နေသည့် အကြမ်းဖက်လုပ်ရပ်များ ကို အဆိုပါဒေသတွင် နေထိုင်ကြသည့် အကြမ်းဖက်များကပင် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ မိမိတို့နေထိုင်ရာ ဒေသများကို ပင် “အရိပ်နေနေ၊ အခက်ချိုးချိုး” ဖျက်ဆီးနေကြသည့် အကြမ်း ဖက်အဖျက်သမားများကို ဒေသနေလူထုအားဖြင့် ဝိုင်းဝန်း ဟန့်တား ဖယ်ရှားရှင်းလင်းကြရပါမည့်အကြောင်း။ ။
Remark Type