
နေပြည်တော် ဇွန် ၁၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၅)လမ်း စက်မှုဇုန် မီးပွိုင့်အနီး၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ
ထို့အတူ ဇွန် ၁၆ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ကျိုက်မရော မြို့နယ် စပယ်ဂူတံတားအနီး၌ ဘုရားသုံးဆူမြို့မှ ကျိုက်မရော မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကျောက်ပွင့် ၉၁၅ ကီလိုဂရမ်၊ ယိုးဒယားနိုင်ငံထုတ် အေးခဲကြက် အူချောင်း ၂၃ အိတ် အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၇၇၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် Toyota Hilux Vigo သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈၇၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိမှု စုစုပေါင်း
အမှုတွဲ ခုနစ်မှု
သို့ဖြစ်၍ ဇွန် ၁၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၇၇၀၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်