လူစားဝင်ကစားသမား ကွန်စီကာအို၏ နောက်ကျသွင်းဂိုးဖြင့် ချက်ဇ်ကို ပေါ်တူဂီ အနိုင်ရ

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု (စ) ပွဲစဉ် (၁) မှ နာမည်ကြီး ပေါ်တူဂီနှင့် ချက်ဇ်အသင်းပွဲစဉ်ကို ဇွန် ၁၉ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ  ပေါ်တူဂီအသင်းက  အကြိတ်အနယ်ကစားပြီး   လူစားဝင်ကစားသမား ကွန်စီကာအို၏ နောက်ကျသွင်းဂိုးကြောင့် နှစ်ဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

ဦးဆောင်ဂိုးကို   ပြိုင်ဘက် ချက်ဇ်အသင်းက  ပွဲချိန် ၆၂ မိနစ် တွင် ရရှိခဲ့သည်။ အဆိုပါ ဂိုးကို ပရိုဗော့ဒ်က သွင်းယူပေးခဲ့သည်။ သို့သော်လည်း ပွဲချိန် ၆၉ မိနစ်တွင် ခံစစ်ကစားသမား   ဟာနက်စ်၏ ကိုယ့်ဂိုးကိုယ်    သွင်းယူမှုကြောင့် ပေါ်တူဂီအသင်း    ချေပဂိုးရရှိခဲ့ သည်။ 
ပေါ်တူဂီအသင်းသည်   ပွဲချိန် တစ်လျှောက်    ချက်ဇ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု၊          ဂိုးပေါက် ခြိမ်းခြောက်မှုများဖြင့်   တစ်ဖက် သတ်ဖိအားပေး ကစားနိုင်ခဲ့သော် လည်း ပြိုင်ဘက်ခံစစ်နှင့် ဂိုးသမား တို့က      အကောင်းဆုံးပုံစံဖြင့် ဟန့်တား      ကာကွယ်ထားနိုင်မှု ကြောင့်    သွင်းဂိုးရရှိရေး  ခက်ခဲ ခဲ့သည်။  
ပွဲချိန် ၈၇  မိနစ်တွင် ဒီယေဂို ဂျိုတာ        ချက်ဇ်အသင်းဘက်   သို့       ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်         ပြန်လည်ကြည့်ရှု စစ်ဆေးပြီးနောက်    ပယ်ဖျက်ခဲ့ သည့်အတွက်      နစ်နာခဲ့သည်။ သို့သော်လည်း   ပွဲချိန်  မိနစ်  ၉၀ တွင်   ဗစ်တင်ညာ၏    နေရာကို အစားထိုး        ဝင်ရောက်လာသော ကွန်စီကာအိုက   ၉၂   မိနစ်တွင် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေး နိုင်ခဲ့သည်။ 
ပေါ်တူဂီအသင်းမှ အားထားရ သည့်    တိုက်စစ်ကစားသမား စီရော်နယ်ဒိုသည်  ချက်ဇ်အသင်း ဘက်သို့ ဂိုးကန်သွင်းခွင့် ငါးကြိမ် ထက်မနည်း     ပြုလုပ်နိုင်ခဲ့သော် လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။     လာမည့်ပွဲစဉ်တွင် ပေါ်တူဂီအသင်းသည်  တူကီယဲ အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး         ချက်ဇ်အသင်းက ဂျော်ဂျီယာအသင်းနှင့်      ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ဇွန် ၁၈ ရက်ည  ၁၀ နာရီခွဲတွင်    ယှဉ်ပြိုင် သည့်   တူကီယဲနှင့် ဂျော်ဂျီယာ တို့ပွဲတွင်   တူကီယဲက  သုံးဂိုး-         တစ်ဂိုးဖြင့်  အနိုင်ရသည်။ ဇွန် ၁၉ ရက် ည  ၇  နာရီခွဲတွင်  ယှဉ်ပြိုင် သည့် ခရိုအေးရှားနှင့် အယ်ဘေး နီးယားပွဲတွင်  နှစ်ဂိုးစီ သရေဖြစ်ခဲ့ သည်။
အောင်ဇော်