ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုင်ငံအတွင်း နောက်ထပ်မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရန်၊ ဆူပူလှုပ်ရှားမှုများ ဖြစ်လာစေရန်ဟူသော အကြံဆိုးဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အကြမ်းဖက်အဖွဲ့များနှင့် ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာများက အဆက်မပြတ်ပြုလုပ် နေကြသည်။ ပရိယတ္တိသာသနာတွင် တန်ဖိုးကြီးမားပြီး ထင်ရှား ကျော်ကြားသည့် ဆရာတော်ကြီးတစ်ပါး မမျှော်လင့်ဘဲ ဆုံးရှုံး သွားရခြင်းအတွက် နိုင်ငံတော်တွင် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ခဲ့ ရပြီဖြစ်ရာ ယင်းဖြစ်စဉ်ကိုအကြောင်းပြု၍ မသမာသူတို့က ဖန်တီးနေသည့် နိုင်ငံနှင့်ပြည်သူတို့ ပျက်စီးရာပျက်စီးကြောင်း ဖြစ်ရပ်များဆီသို့ လိုက်ပါမသွားမိစေရန် ဆင်ခြင်စဉ်းစား သတိထားကြဖို့လိုသည်။
နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးသတ်ဖြတ်မှုများသည်ပင် သက်ဆိုင်ရာဒေသအသီးသီး တွင် ရှိနေကြသည့် ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူတို့အဖို့ ထိခိုက်နစ်နာဆုံးရှုံးမှုတို့ ကြီးမားလှပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် တွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ပြည်တွင်း၌ အထွေထွေကျဆင်းမှုဒဏ်ကို ခံခဲ့ကြရသည့်အပြင် အထွေထွေရွေးကောက်ပွဲမဲမသမာမှုမှ စတင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလဲနှင့် ပဋိပက္ခများ၏ဒဏ် ကလည်း ပြည်သူတို့အဖို့ တစ်ပူပေါ် တစ်ပူဆင့်ကာ လေးလံလှ သည်။ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားတို့ တိုက်ခိုက် ဖျက်ဆီးမှုကြောင့် ပျက်စီးသွားခဲ့ရသည့် မြို့ရွာ၊ လမ်းတံတားများ မှာ ၎င်းတို့ အဖျက်လွယ်သလောက် ပြန်လည်ထူထောင် တည်ဆောက်ရန်အတွက်မူ အချိန်ယူကာ အဘက်ဘက်မှ ကြိုးပမ်းကြရဦးမည်ဖြစ်သည်။ သို့ရာတွင်မူ ၎င်းတို့ထင်သလို ရမ်းကား သတ်ဖြတ်သွားခဲ့ကြသည့် အပြစ်မဲ့ပြည်သူတို့၏ အသက်နှင့်ခန္ဓာများ၊ ပျက်စီးသွားခဲ့ရသည့် မိသားစုဘဝများမှာမူ မည်မျှပင် အချိန်ယူသည်ဖြစ်စေ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်။ ထိုအထဲတွင် ရဟန်းသံဃာအပါး ၁၄၀ နှင့် သီလရှင်နှစ်ပါး ပျံလွန်တော်မူခဲ့ရခြင်းနှင့် ၉၆ ပါး ဒဏ်ရာရရှိခဲ့ခြင်းတို့လည်း ပါသည်။
ပြီးခဲ့သည့်ကာလ နိုင်ငံအတွင်း ဆူပူသောင်းကျန်းမှုများနှင့် အဓိကရုဏ်းများ စတင်ဖြစ်ပေါ်လာသည်နှင့် ပြည်ပနိုင်ငံများ ဆီသို့ နည်းအမျိုးမျိုးဖြင့် တိမ်းရှောင်ထွက်ပြေးကာ လွတ်ရာ ကျွတ်ရာတွင် ခိုလှုံနေကြသူများ၊ ပြည်တွင်းရှိ အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းမှုများကို အကြောင်းပြု၍ ငွေရှာ စီးပွားဖြစ်နေကြသူများ၊ အကြမ်းဖက်အားပေး မီဒီယာပြည်ပြေး များ စသည်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေကြသည့် အဖျက် အုပ်စုတို့မှာ ပြည်တွင်းအကြမ်းဖက်များနှင့်ပေါင်း၍ မြန်မာနိုင်ငံ ကို နည်းလမ်းပေါင်းစုံဖြင့် ဖျက်လိုဖျက်ဆီးပြုလုပ်ကြရာတွင် ပြည်သူအများစု ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ထေရဝါဒဗုဒ္ဓ သာသနာနှင့် ဆရာတော်၊ သံဃာတော်များကိုပါ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့ကြသည်။ နိုင်ငံ၏ Identity တစ်ခုဖြစ်သည့် ဗုဒ္ဓ ဘာသာကို သေးသိမ်မှေးမှိန်စေကာ နိုင်ငံနှင့်ပြည်သူကို အားနည်း ယုတ်လျော့အောင် ကောက်ကျစ်ယုတ်မာစွာကြံစည်အားထုတ် ကြခြင်းပင်ဖြစ်သည်။ ယခုလည်း ဝင်းနိမ္မိတာရုံကျောင်းဆရာ တော်ကြီး ပျံလွန်တော်မူခဲ့ရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ အကြမ်း ဖက်တို့ အမြတ်ထုတ်ရန် သွေးထိုးလှုံ့ဆော်နေကြပြီဖြစ်သည်။
နိုင်ငံအတွင်း ဆူပူမှုများဖြစ်ပေါ်လာစေရန်မှာ ကနဦးတွင် ရဟန်းရှင်လူပြည်သူများ၏ စိတ်ခံစားမှုကို မမြင့် မြင့်အောင်၊ ဒေါသမပွား ပွားအောင် လှုံ့ဆော်ခြင်းဖြစ်ရာ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများက ယင်းနည်းလမ်းအတိုင်း ပြုလုပ်နေကြခြင်းဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့၏ တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်များ တွင် အငိုက်မိပါရှိမသွားစေရေး၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း မှု တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံသူ နိုင်ငံသား၊ ရဟန်းရှင်လူပြည်သူအားလုံးက သတိကြီးစွာထားကာ နိုင်ငံတော် နှင့်အတူ လက်တွဲကြိုးပမ်းကြရပါမည့်အကြောင်း။ ။
Remark Type