ဥပဒေဝန်ဆောင်မှုစာကြည့်တိုက်

Type
7

 

ဦးအုန်းသန်း(ဥပဒေ)

နိုင်ငံတော်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးမှ စာကြည့်တိုက်များ အတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံများ လှူဒါန်းကြရန် ပြည်သူများသို့ နှိုးဆော်လျက်ရှိရာ စာရေးသူသည် မကြာသေးမီက ဆောက်လုပ်ပြီးစီးခဲ့သော ဥပဒေစာကြည့်တိုက်အသစ်တစ်ခုရှိရာသို့ သွားရောက်လေ့လာမိသည်။
အဆိုပါ စာကြည့်တိုက်မှာ အများမြင်တွေ့နေကျ စာကြည့်တိုက်ပုံစံမျိုးမဟုတ်ဘဲ       ဥပဒေစာအုပ်၊ စာစောင်များစွာကို သိုလှောင်သိမ်းဆည်းထားသော ဥပဒေစာကြည့်တိုက်ပင်ဖြစ်ပါသည်။  စာကြည့်တိုက် တည်နေရာမှာ      ထားဝယ်မြို့    ဆန်းချီရပ်ကွက် ခွာညိုလမ်းတွင် ဖြစ်ပါသည်။
ဥပဒေစာကြည့်တိုက်
ဥပဒေရုံးအဆင့်ဆင့်တွင်      စာကြည့်တိုက် အသီးသီးရှိကြ၏။ ယင်းစာကြည့်တိုက်များမှာ စံနှင့် ကိုက်ညီသော စာကြည့်တိုက်များ မဟုတ်ကြပေ။ ပင်မရုံးရှိ အခန်းတစ်ခန်းတွင် စာအုပ်၊ စာစောင်များ ကို ဗီရိုဖြင့် ထည့်ကာသိမ်းဆည်းပြီး စာကြည့်တိုက် အဖြစ်    အသုံးပြုကြခြင်းဖြစ်ပါသည်။   ဤအသစ် ဆောက်လုပ်ထားသော ဥပဒေစာကြည့်တိုက်သည် သီးခြားအဆောက်အအုံတစ်ခုဖြစ်ပြီး      ခံ့ညား ထည်ဝါလှသည်။ စာကြည့်တိုက်ရှိ စာအုပ်၊ စာစောင် များကို စာကြည့်တိုက်လက်စွဲနှင့်အညီ ဘာသာရပ် အလိုက် ခွဲခြားထားသည်ကို တွေ့ရသဖြင့် ဥပဒေရုံး အဆင့်ဆင့်ရှိ      စာကြည့်တိုက်များအကြားတွင် ထူးခြားသော စာကြည့်တိုက်တစ်ခုအဖြစ် မြင်တွေ့ နိုင်ပါသည်။
ဥပဒေစာကြည့်တိုက်ကို        ၂၀၂၃-၂၀၂၄   ခု ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေ ချုပ်ရုံးက ကျပ်သန်း ၁၃၀  ဖြင့် ဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်းမှာ အလျား ပေ ၃၀၊ အနံ ပေ ၄၀၊ အာရ်စီနှစ်ထပ်   အဆောက်အအုံအမျိုးအစားဖြစ် ကြောင်း တွေ့ရပါသည်။  စာကြည့်တိုက်အပေါ်ထပ်တွင် ဥပဒေစာကြည့်တိုက်ဆိုသော ဆိုင်းဘုတ်ကို တွေ့မြင် ရသည်။ စာကြည့်တိုက်အခန်း အဝင်ထောင့်တွင် စာကြည့်တိုက်မှူးကောင်တာရှိသည်။    စာကြည့် တိုက်တွင် အခန်း နှစ်ခန်းရှိသည်။ ပထမအခန်းမှာ အခန်းကျယ်     သာမန်စာဖတ်ခန်းဖြစ်ပြီး  ဒုတိယ အခန်းမှာ သုတေသနပြုလုပ်သူများအတွက် သီးခြား စာဖတ်ခန်းဖြစ်သည်။ စာကြည့်တိုက်မှူးကောင်တာ နှင့် မျက်နှာချင်းဆိုင်နံရံတွင် ခေတ်ကာလအလိုက် ပြဋ္ဌာန်းဥပဒေစာရင်းကို မြင်တွေ့ရသဖြင့် တည်ဆဲ ဥပဒေ      မည်မျှရှိသည်ကို     စာကြည့်တိုက်အခန်း အဝင်ဝရောက်သည်နှင့် သိရှိနိုင်မည်ဖြစ်ပါသည်။
စာကြည့်တိုက်တွင်ရှိသည့်စာအုပ်၊ စာစောင်များ
ဤစာကြည့်တိုက်တွင် မြန်မာနိုင်ငံက ကျင့်သုံး လျက်ရှိသော တည်ဆဲဥပဒေများအားလုံးကို လေ့လာ နိုင်မည်ဖြစ်သည်။    စာကြည့်တိုက်တွင်    စာအုပ်၊ စာစောင်ပေါင်း ၁၅၀၀ ကျော်ခန့်ရှိကြောင်း တွေ့ရ ပြီး စာအုပ်၊ စာစောင်များကို ဘာသာရပ်အလိုက် ထားရှိရာတွင် အောက်ပါအတိုင်း  ခွဲခြားနိုင်ပါသည်-
(က)    အင်္ဂလိပ်ဘာသာဖြင့်       ပြဋ္ဌာန်းသော အင်္ဂလိပ်ကိုလိုနီကာလဥပဒေများ၊
( ခ )    လွတ်လပ်ရေးရရှိပြီးနောက်    ပါလီမန် ကာလဥပဒေများ၊
( ဂ )    တော်လှန်ရေးကောင်စီကာလဥပဒေများ၊
(ဃ)    ပြည်သူ့လွှတ်တော်ကာလဥပဒေများ၊
( င )    နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ကာလဥပဒေများ၊
( စ )    နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီကာလဥပဒေများ၊
(ဆ)    ပြည်ထောင်စု လွှတ်တော်ကာလဥပဒေများ၊
( ဇ )    နိုင်ငံတော်     စီမံအုပ်ချုပ်ရေးကောင်စီ ကာလ  (၁-၂-၂၀၂၁ မှ ၃၀-၆-၂၀၂၄ အထိ) ဥပဒေများ၊
( ဈ )    နည်းဥပဒေညွှန်ကြားချက်     လုပ်ထုံး လုပ်နည်းစာအုပ်များ၊
(ည)    နှစ်အလိုက်     စီရင်ထုံးစာအုပ်များမှာ (အင်္ဂလိပ်/မြန်မာ)၊
( ဋ )    Myanmar Laws   စာအုပ်များ  (မြန်မာ ဘာသာဖြင့်     ပြဋ္ဌာန်းသည့်    ဥပဒေများ ကို နိုင်ငံခြားသားများ လေ့လာနိုင်ရန် အင်္ဂလိပ်ဘာသာသို့     ပြန်ဆိုထားသော Myanmar Laws စာအုပ်များ)
( ဌ )    တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ပြဋ္ဌာန်းသော ဥပဒေ၊ နည်းဥပဒေများ။
အထက်ပါ စာအုပ်၊ စာစောင်များအပြင် ဥပဒေ ပညာရှင်များ၊    သက်ဆိုင်ရာ     ဘာသာရပ်ဆိုင်ရာ ပညာရှင်များနှင့်    စာရေးဆရာများက    ရှုထောင့် အမျိုးမျိုးဖြင့် ရေးသားသော သုတ၊ ရသ စာအုပ် စာတမ်းများ၊   ဥပဒေရေးရာဝန်ကြီးဌာနက    အခါ အားလျော်စွာထုတ်ဝေသော     ဥပဒေသုတေသန စာတမ်းစာအုပ်များ၊ ညွှန်ကြားချက်များ၊ ဥပဒေပညာ ဂျာနယ်၊       ဥပဒေရုံးရည်ညွှန်းစာစောင်များနှင့်      နိုင်ငံတော်ပြန်တမ်းများကို နှစ်အလိုက် စုံလင်စွာ တွေ့ရှိရသည်။
မြန်မာဥပဒေသတင်းအချက်အလက်စနစ်
(Myanmar Laws Information System)
ဖွဲ့စည်းပုံအခြေခံဥပဒေများ၊    ပြည်ထောင်စု ဥပဒေများ၊    တိုင်းဒေသကြီး   သို့မဟုတ်   ပြည်နယ်  ဥပဒေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥပဒေ များ၊ ပြည်ထောင်စုတစ်ဆင့်ခံ ဥပဒေများ၊ တိုင်းဒေသ ကြီး   သို့မဟုတ်    ပြည်နယ်တစ်ဆင့်ခံဥပဒေများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တစ်ဆင့်ခံဥပဒေ များ၊  အပြည်ပြည်ဆိုင်ရာ  သဘောတူစာချုပ်များ၊ စီရင်ထုံးများကို        ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုပေးနေသော       မြန်မာဥပဒေသတင်း အချက်အလက်စနစ် Website မှ တစ်ဆင့် ဤဥပဒေ စာကြည့်တိုက်တွင်      လေ့လာဖတ်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဆောင်ပုဒ်များ
ဥပဒေစာကြည့်တိုက်တွင် ဥပဒေရေးရာဝန်ကြီး ဌာန၏  ဆောင်ပုဒ်ဖြစ်သော   “ဥပဒေ ပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသောပညာဖြစ်သည်” THE LEGAL PROFESSION IS A NOBLE PROFESSION ဆိုသော     ဆောင်ပုဒ်ကိုလည်းကောင်း၊     “ဥပဒေ ဝန်ဆောင်မှုအတွက်   စာကြည့်တိုက်”   LIBRARY FOR LEGAL SERVICES ဆိုသော ဆောင်ပုဒ်ကို လည်းကောင်း၊ “ဥပဒေအထက် တွင် မည်သူမျှမရှိ” NO ONE IS ABOVE THE LAW ဆိုသော ဆောင်ပုဒ် ကို    လည်းကောင်း၊   “ပညာဘဏ်စာကြည့်တိုက်” ဆိုသော ဆောင်ပုဒ်ကို လည်းကောင်း  စာကြည့်တိုက် အတွင်းခန်း၌ သေသပ်ကျနစွာ ချိတ်ဆွဲထားသည်ကို တွေ့ရပါသည်။
ဥပဒေဝန်ဆောင်မှု(Legal Services)
ဥပဒေရေးရာဝန်ကြီးဌာနအောက်ရှိ    ဥပဒေရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများ၏ တာဝန်မှာ ဥပဒေဝန်ဆောင်မှု ပေးရသည့် တာဝန်ဖြစ်ရာ ဥပဒေအရာရှိများသည်   တည်ဆဲဥပဒေများကို     နားလည်သိရှိရန်   လိုအပ် သကဲ့သို့  ဥပဒေအသိပညာဗဟုသုတများ (Legal Knowledge)လည်း  ကြွယ်ဝရန်  လိုအပ်ပါသည်။ ဥပဒေဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဥပဒေစာအုပ်၊ စာစောင်များသည်   အသက်တမျှ    အရေးကြီးပေ သည်။  ဥပဒေရုံးအဆင့်ဆင့်သည်  အောက်ပါဥပဒေ ဝန်ဆောင်မှုများပေးလျက်ရှိသည်ကို တွေ့ရသည်-
(က)    သက်ဆိုင်ရာအဆင့်ရှိအစိုးရ၊   ဌာနအဖွဲ့ အစည်းများသို့    ဥပဒေအကြံဉာဏ် ပေးခြင်း၊
( ခ )    နိုင်ငံတော်ကတရားလို သို့မဟုတ် တရား ပြိုင်အဖြစ်    ပါဝင်သော   တရားမမှုများ တွင် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ခြင်း၊
( ဂ )    သက်ဆိုင်ရာအဆင့်ရှိ      တရားစွဲအဖွဲ့ အစည်းများသို့   တရားစွဲမတင်မီ    ဥပဒေ အကြံဉာဏ်ပေးခြင်း၊
(ဃ)    ပြစ်မှုဆိုင်ရာအမှုများတွင်     နိုင်ငံတော် ဘက်မှ အမှုလိုက်ပါဆောင်ရွက်ခြင်း။
တည်ဆဲဥပဒေများ၊ စီရင်ထုံးများ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်များသည် အထွေထွေ ဥပဒေအကြံပေးခြင်းနှင့် အမှုလိုက်ပါ ဆောင်ရွက် ခြင်းတို့အတွက် အသုံးဝင်ပြီး ဥပဒေရေးရာဝန်ကြီး ဌာနက   ထုတ်ဝေသော    ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်၊ ဦးအုန်းသန်း (ဥပဒေ)ရေးသား သော ဥပဒေရေးဆွဲခြင်းအနုပညာစာအုပ်များသည် ဥပဒေပြုလွှတ်တော်များက     ပြဋ္ဌာန်းမည့်    ဥပဒေ မူကြမ်းများ စိစစ်အကြံပြုရာတွင် အသုံးဝင်ကြောင်း တွေ့ရသည်။ 
ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ဝေ သော စီးပွားရေးစာချုပ်စာတမ်းများနှင့် သက်ဆိုင် သော ညွှန်ကြားချက်များ၊ ဖက်စပ် စာချုပ်ချုပ်ဆိုခြင်း၊  မြေငှားစာချုပ်ချုပ်ဆိုခြင်း၊  ပစ္စည်းဝယ်ယူရေးနှင့် သက်ဆိုင်သောစာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များနှင့်        ဦးအုန်းသန်း  (ဥပဒေ)  ရေးသားသော စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆို နည်းစာအုပ်၊ ရင်းနှီးမြှုပ်နှံသူများလက်စွဲ၊ မြန်မာ ကုမ္ပဏီများ    ဥပဒေစာအုပ်များသည်    ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့်  သက်ဆိုင်ရာအစိုးရ ဌာန၊ အဖွဲ့အစည်းများအကြား ချုပ်ဆိုလေ့ရှိသော MoU  စာချုပ်များ၊    MoU(FS) စာချုပ်များ၊     BOT စာချုပ်များ၊  PPA စာချုပ်များ၊  မြေငှားစာချုပ်များ၊ BTA စာချုပ်များ၊ ROD စာချုပ်များ၊ MOI စာချုပ် များ၊ တင်ဒါစာချုပ်များ  စသည့်စာချုပ်စာတမ်းများ  ချုပ်ဆိုရာတွင် အသုံးဝင်ကြောင်း တွေ့ရသည်။
ပြည်သူ့အတွက် စာကြည့်တိုက်
ဥပဒေစာကြည့်တိုက်သည် ဥပဒေအရာရှိများနှင့် ဥပဒေဖြင့်    အသက်မွေးဝမ်းကျောင်းသောသူများ အတွက် အသုံးဝင်သလို ပြည်သူများအတွက်လည်း အသုံးဝင်ပေသည်။     ဤစာကြည့်တိုက်ကို    ဥပဒေ စာကြည့်တိုက်ဟု     အမည်ပေးထားသော်လည်း အများပြည်သူများ လေ့လာဖတ်ရှုနိုင်သော ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်စာစောင်များလည်းရှိသဖြင့် ပြည်သူ့ အတွက် စာကြည့်တိုက်တစ်ခုလည်းဖြစ်ပေသည်။ ဥပဒေစာကြည့်တိုက်တွင်       နိုင်ငံကျော်စာရေး ဆရာကြီးများ၏     စာအုပ်အများအပြားကိုလည်း တွေ့ရသည်။ ဤစာကြည့်တိုက်တွင် စာအုပ်အမျိုး အစား စုံလင်သဖြင့် စာဖတ်သူကို စာကြည့်တိုက်က မပြန်ချင်အောင် ဆွဲဆောင်လျက်ရှိသည်။
စာဖတ်ရှိန်မြှင့်တင်ခြင်း
ဥပဒေစာကြည့်တိုက်သည် စာအုပ်ငှားရမ်းသည့် ဝန်ဆောင်မှုပေးလျက်ရှိရာ စာကြည့်တိုက်အသင်း ဝင်များနှင့်  အသင်းဝင်မဟုတ်သူများလည်း စာကြည့် တိုက်သို့ လာရောက်စာဖတ်နိုင်ကြောင်း သိရသည်။       စာကြည့်တိုက်အသင်းဝင်များသည် ငှားရမ်းသည့် စာအုပ်များကို ပြင်ပသို့ ငှားရမ်းယူဆောင်ခွင့်ရှိပြီး   အသင်းဝင်မဟုတ်သူများသည် စာကြည့်တိုက်တွင် သာ စာအုပ်စာတမ်းများကို လေ့လာဖတ်ရှုနိုင်မည် ဖြစ်ကြောင်း    သိရသည်။    စာဖတ်ရှိန်မြှင့်တင်ရေး အတွက် စာအုပ်အများဆုံးငှားရမ်းဖတ်ရှုသူများကို တစ်လတစ်ကြိမ်    ရွေးချယ်၍     ဆုများချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရသည်။
အချုပ်အားဖြင့် တင်ပြရလျှင် ပြည်သူများ အသိ ပညာဗဟုသုတ   တိုးပွားစေရေးအတွက်  စာဖတ်ရှိန် မြှင့်တင်ခြင်း၊ စာကြည့်တိုက်များ တိုးချဲ့ဆောက်လုပ် ခြင်းသည် နိုင်ငံတော် ၏ မူဝါဒဖြစ်သည့်အားလျော်စွာ မူဝါဒနှင့်အညီ ဥပဒေစာကြည့်တိုက် အသစ်တစ်ခု ပေါ်ပေါက်လာခြင်းကို ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ် ပါသည်။ နိုင်ငံတစ်ဝန်းတွင်လည်း ယခုကဲ့သို့ ဥပဒေ စာကြည့်တိုက်များစွာ ပေါ်ပေါက်လာမည်ဆိုပါက  ဥပဒေဝန်ဆောင်မှုများ ပိုမိုအားကောင်းလာမည့်အပြင် ပြည်သူများအနေဖြင့် ဥပဒေအသိပညာများ  တိုးပွား လာမည်ဖြစ်ပါကြောင်း  တင်ပြအပ်ပါသည်။           ။