အာဆီယံ ယူ - ၁၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဗီယက်နမ် - ထိုင်း၊ အင်ဒိုနီးရှား - သြစတြေးလျ တွေ့ဆုံ

ရန်ကုန်   ဇွန်     ၂၉
အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပလျက်ရှိသည့် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များသည် ဇွန် ၂၉ ရက်က ပြီးဆုံးသွားပြီဖြစ်ပြီး  ဆီမီးဖိုင်နယ်ရောက်ရှိသည့်အသင်းများ  စုံလင်စွာထွက်ပေါ်လာပြီဖြစ် သည်။
အုပ်စု (ဂ) နောက်ဆုံးနေ့တွင်  သြစတြေးလျအသင်းက တီမော အသင်းကို ၁၂ ဂိုး-ဂိုးမရှိ၊ ထိုင်းအသင်းက မလေးရှားအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။  အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) ၌ အိမ်ရှင်အင်ဒိုနီးရှားအသင်းက ရမှတ်ကိုးမှတ်ဖြင့် အုပ်စုပထမ၊ အုပ်စု  (ခ) ၌ ဗီယက်နမ်အသင်းက ရမှတ်ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ အုပ်စု (ဂ) ၌ သြစတြေးလျအသင်းက ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စုပထမရရှိကာ ဆီမီး ဖိုင်နယ်တက်ရောက်ခဲ့ပြီး ကျန်တစ်နေရာ အတွက် ဒုတိယနေရာရအသင်း    သုံးသင်း အနက် ထိုင်းအသင်းက    အကောင်းဆုံး အသင်း   ဖြစ်လာကာ   ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရခဲ့သည်။ 
ဒုတိယနေရာရ   အသင်းများတွင် အုပ်စု (က) မှ လာအိုအသင်းက ခြောက် မှတ်၊ အုပ်စု (ခ) မှ ကမ္ဘောဒီးယားအသင်းက ခုနစ်မှတ်၊  အုပ်စု (ဂ) မှ ထိုင်းအသင်းက ခုနစ်မှတ်ရရှိပြီး ထိုင်းနှင့် ကမ္ဘောဒီးယား အသင်းတွင် ထိုင်းအသင်းက ဂိုးကွာခြား ချက်အသာရသဖြင့် အကောင်းဆုံးအုပ်စုဒုတိယနေရာရခဲ့ခြင်းဖြစ်သည်။ ဆီမီး ဖိုင်နယ်ပွဲစဉ်များကို  ဇူလိုင် ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်း၊ အိမ်ရှင်အင်ဒိုနီးရှားအသင်း နှင့်သြစတြေးလျအသင်း ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု (ခ) တွင် ပါဝင်ခဲ့သော်လည်း  တစ်ပွဲနိုင်၊  နှစ်ပွဲရှုံး ရမှတ်   ခြောက်မှတ်သာရရှိပြီး  အုပ်စု အဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာအသင်း သည်   ဘရူနိုင်းကိုသာ   အနိုင်ရပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကို အရေး နိမ့်ခဲ့သည်။   
ရဲရင့်လွင်