မြဝတီအသင်းယှဉ်ပြိုင်မည့် အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ မဲခွဲပွဲ ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်မည်

 

ရန်ကုန်  ဇူလိုင်  ၂


မြန်မာအမျိုးသမီးကလပ်   မြဝတီအသင်း    ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၄-၂၀၂၅ ရာသီ အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ  မဲခွဲပွဲကို ဇူလိုင် ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
မြဝတီအမျိုးသမီးအသင်းသည် ၂၀၂၃ ရာသီ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။ 
အာရှဘောလုံးအဖွဲ့ချုပ်သည် ဒေသတွင်း  အမျိုးသမီးဘောလုံး အဆင့်အတန်း တိုးတက်မြင့်မား ရေးအတွက်  အမျိုးသမီးကလပ် ပြိုင်ပွဲကို   အဆင့်တိုးမြှင့်ကျင်းပ ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့်နှင့် ခြေစစ်ပွဲအဆင့်တွင်    အသင်း စုစုပေါင်း ၂၀ ကျော်အထိ ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့် ပုံစံအရ   နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း   ၁၂   သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး    ရှစ်သင်းမှာ တိုက်ရိုက်ကစားခွင့်ရရှိကာ ကျန် လေးနေရာကို ခြေစစ်ပွဲအောင်မြင် သည့်အသင်းများ   ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။   ခြေစစ်ပွဲတွင် အသင်း ၁၄ သင်း    ယှဉ်ပြိုင်မည် ဖြစ်ပြီး    လေးသင်း    ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။  ခြေစစ် ပွဲအဆင့်တွင် မြန်မာအသင်းအပါ အဝင်  ထိုင်း၊ ဥဇဘက်ကစ္စတန်၊ အီရန်၊  အိန္ဒိယ၊     ဂျော်ဒန်၊ ဟောင်ကောင်၊ လာအို၊ မလေးရှား၊ နီပေါ၊   ယူအေအီး၊   စင်ကာပူ၊ ဘူတန်နှင့် ဆော်ဒီအာရေဗျကလပ် အသင်းများ   ယှဉ်ပြိုင်ရမည်ဖြစ် ပြီး   ဂျပန်၊  မြောက်ကိုရီးယား၊ သြစတြေးလျ၊  တရုတ်၊   တောင် ကိုရီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နှင့် တရုတ်(တိုင်ပေ)ကလပ်အသင်း များမှာ     နောက်ဆုံးအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ရမည်   ဖြစ် သည်။ ခြေစစ်ပွဲများကို လေးသင်း နှစ်အုပ်စု၊ သုံးသင်း နှစ်အုပ်စုခွဲ၍ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးနေရာ ရ တစ်သင်းစီ စုစုပေါင်း လေးသင်း ခြေစစ်ပွဲအောင်မြင်မည်     ဖြစ် သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုရာသီမှစတင်ကာ   ကလပ် ပြိုင်ပွဲအရေအတွက်   တိုးမြှင့်ခဲ့ သလို     ကျင်းပသည့်ပုံစံများ ပြောင်းလဲခဲ့ပြီး အမျိုးသမီးကလပ် များအတွက် အဆင့်ပိုမိုမြင့်မား သည့်    အာရှချန်ပီယံလိဂ်အမျိုး သမီးပြိုင်ပွဲကို ပထမဆုံး  ကျင်းပ မည်ဖြစ်သည်။ 


ရဲရင့်လွင်၊ ဓာတ်ပုံ-MWL