
နေပြည်တော် ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်း မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များသည် ယနေ့ညနေ ၆ နာရီခွဲ ခန့်တွင် ဒီပဲယင်းမြို့ ကျွန်းတော ကျေးရွာ၏ အရှေ့ဘက် မီတာ ၉၀၀ ခန့် အကွာသို့ အရောက်၌ အကြမ်းဖက်သူအင်အား ၁၀၀ ခန့်က လက်နက်ငယ်၊ တူမီး သေနတ်များဖြင့် စောင့်ကြို ပစ်ခတ်တိုက်ခိုက် လာခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ည ၇ နာရီခန့်တွင် အကြမ်းဖက်သူများသည် ကျွန်း တောကျေးရွာ၏ အနောက် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။
ဖြစ်စဉ်ဖြစ်ပွားရာ ပတ်ဝန်း ကျင် တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်သူ အမျိုးသားအလောင်း ၉ လောင်း ကို တူမီးသေနတ် ၁၉ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်ပစ္စတို ၁ လက်တို့နှင့် အတူ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်သူအချို့ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အများ ပြည်သူများ အေးချမ်းစွာ နေထိုင် နိုင်ရေးတို့အတွက် ရပ်ရွာ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်