
နေပြည်တော် ဇူလိုင် ၂
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီ ထောက်ခံအားပေးသူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း လက်ဦးမှုရယူပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မတ် ၅ ရက်တွင် ရန်ကုန်မြို့ Team PT အားကစားခန်းမ၌ လက်လုပ်ဗုံးပြုလုပ်စဉ် ပေါက်ကွဲ မှုဖြစ်ပွားခဲ့သည့် ဖိုးသော်ပါ ငါးဦး ကို ပစ္စတို တစ်လက်၊ လက်လုပ် သေနတ် တစ်လက်၊ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး သုံးလုံးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် KNLA တပ်မဟာ(၅)နယ်မြေအတွင်းရှိ ခင်ကျော် (UNRA) အဖွဲ့ထံမှ ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း တက် ရောက်၍ ပြန်လည်ထွက်ခွာလာ သည့် ရွှေမဉ္ဇူဦး (ခ) ဒီးဒီးပါ ၁၁ ဦးကို ဘီးလင်းမြို့ မရမ်းချောင် စစ်ဆေးရေးဂိတ်၌ ဧပြီ ၂၉ ရက် တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဆက်လက်ဖော်ထုတ်ချက်အရ မေ ၁ ရက်တွင် မျိုးမင်းသိန်းပါ သုံးဦး ကို M-31 တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံးတို့ နှင့်လည်းကောင်း၊ မေ ၂ ရက်တွင် အေးချမ်းအောင်ပါ ၁၁ ဦးကို လက်ပစ်ဗုံး ၁၆ လုံး၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ များ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ဘီးလင်းမြို့နယ် ဝါးမြှီးခိုကျေးရွာအနီး KNLA တပ်မဟာ(၅)နယ်မြေအတွင်း၌ ဖောက်ခွဲဖျက်ဆီးရေး သင်တန်း များ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် UNRA အဖွဲ့မှ ခင်ကျော် ခေါင်းဆောင်၍ သင်ကြားလျက်ရှိပြီး သင်တန်း သားများအား သော်ဇင်အောင် (ခ)စွန်ရဲမှ စုဆောင်း၍ စေလွှတ် ပေးလျက်ရှိကြောင်း သိရှိရသဖြင့် သော်ဇင်အောင် (ခ) စွန်ရဲအား ဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့မှုများ ကြောင့် မေ ၁၃ ရက်မှ ၁၇ ရက် အတွင်း ငြိမ်းချမ်းပါ ခုနစ်ဦးကို ရန်ကုန်မြို့တွင် လည်းကောင်း၊ သိန်းစင်ပါ ၁၃ ဦးကို ရန်ကုန်၊ ပဲခူးမြို့များတွင် လည်းကောင်း၊ မေ ၁၈ ရက်မှ ၂၀ ရက်အတွင်း သော်ဇင်အောင်(ခ) စွန်ရဲပါ ၁၄ ဦး ကို ပစ္စတို နှစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၁၉၈ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး ခြောက်လုံးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိ တရားခံ ငြိမ်းချမ်း ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိ ထားသော နေမျိုးမှတစ်ဆင့် NLD ပါတီမှ တောင်ဒဂုံလွှတ်တော် ကိုယ်စားလှယ်ဟောင်း သိန်းနိုင် သည် ခင်ကျော်(UNRA)နှင့် ချိတ် ဆက်၍ လက်နက်/ခဲယမ်းရရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ သော်ဇင် အောင် (ခ) စွန်ရဲသည် NLD ပါတီမှ (၂၀၁၅) ခုနှစ် တောင်ဒဂုံ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ညီညီနှင့် ချိတ်ဆက်၍ စစ်သင်တန်းပေးခြင်း၊ ခင်ကျော် (UNRA) နှင့် ချိတ်ဆက်၍ သင်တန်းသားများ စေလွှတ်ခြင်း၊ ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေး နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ် ရရှိခဲ့သည်။
ဆက်လက် ဖော်ထုတ်ချက် အရ မေ ၁၆ ရက်တွင် ကျိုက်ထို မြို့နယ် မရမ်းချောင်စစ်ဆေးရေး ဂိတ်၌ ဟန်ထွဋ်ကျော်ပါ သုံးဦးကို လည်းကောင်း၊ မေ ၂၇ ရက်တွင် အောင်ဖြိုးမင်း(ခ)ညီညီပါ သုံးဦး ကို RPG ၁ လက်၊ RPG ဒုံးသီး ၁၄ လုံး၊ ပို့ကျည် ၁၄ တောင့်၊ M-16 တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ကာဘိုင် တစ်လက်၊ ၎င်းကျည် အိမ် နှစ်ခု၊ ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ လက်နက် ငယ် ကျည် ၃၅ တောင့်တို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့ ၌ ကောင်းမြတ်ဇင်ပါ သုံးဦးကို လက်လုပ်မိုင်းမျိုးစုံ ၁၅ လုံးဖြင့် လည်းကောင်း၊ ရန်ကုန်မြို့တွင် ဖောက်ခွဲရေးပစ္စည်းများပြုလုပ်သူ ကျော်ဇေယျာသိန်းနှင့် ဝေယံ မောင်မောင်ပါ ၂၃ ဦးကို ပစ္စတို သုံးလက်၊ လက်လုပ်သေနတ် ၂၄ လက်၊ လက်ပစ်ဗုံး သုံးလုံး၊ လက်လုပ်မိုင်းမျိုးစုံ ၂၁၄၄ လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်များအရ ခင်ကျော်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇွန် ၁၈ ရက်တွင် ပေါင်မြို့ စစ်ဆေးရေးဂိတ်၌ တိုင်းရင်းသားနယ်မြေအတွင်း ထွက်ပြေး တိမ်းရှောင်လျက် ရှိသည့် NUG အဖွဲ့မှ ရည်မွန်ထံ သို့ အကြမ်းဖက်လုပ်ငန်းများနှင့် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင် ရွက်ရေး လိုအပ်သော ညှိနှိုင်းမှုများ ပြုလုပ်ရန် သွားရောက်သည့် ခင်ကျော်ပါ လေးဦးကို ဖမ်းဆီးရမိ ခဲ့ပြီး ဆက်စပ်တရားခံ နှစ်ဦးကို ကာဘိုင် တစ်လက်၊ ပစ္စတို တစ်လက်၊ လက်ပစ်ဗုံး ၅၁ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံးတို့နှင့်အတူ ဘီးလင်းမြို့၌ ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ခင်ကျော်၏ ထွက်ဆိုချက်အရ ဆက်စပ် တရားခံများဖြစ်သည့် သာကေတ မြို့နယ်အတွင်း ဖောက်ခွဲရေး လုပ်ငန်းများ ဦးဆောင် လုပ်ကိုင်လျက်ရှိသော အိုဝမ်း (ခ) မျိုးဇာနည်အောင် နှင့် လှိုင်သာယာမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် သုံးဦးကို လုပ်ကြံသတ် ဖြတ်ခဲ့သည့် ကျော်သီဟ၊ သန်းဝင်း နှင့် အောင်ဇေယျ (ခ) အာကြီးတို့ အပါအဝင် ဆက်စပ်တရားခံ ၁၉ ဦးတို့ကို ပစ္စတို တစ်လက်၊ လက်ပစ်ဗုံး တစ်လုံးတို့ဖြင့် ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ခင်ကျော်ထံ ဖောက်ခွဲ ရေးသင်တန်း တက်ရောက်ရန် လာရောက်သည့် နိုင်လင်းထွန်းပါ အဖွဲ့ဝင် ၁၀ ဦးကို ဘီးလင်းမြို့၌ လည်းကောင်း၊ နိုင်နိုင်အောင်ပါ နှစ်ဦးကို သထုံမြို့၌လည်းကောင်း၊ ဥက္ကာစိုးကို ပဲခူးမြို့၌လည်း ကောင်း၊ ကျော်ငြိမ်းပိုင်ကို ဘီးလင်းမြို့၌ လည်းကောင်း၊ တောင်ဒဂုံ PDF အဖွဲ့ခေါင်းဆောင် ဆောင်းမွန်ပါ ၁၂ ဦးကို လှိုင်မြို့ နယ်၌ M-22 တစ်လက်၊ ကျည် ၇၀ တောင့်၊ ကျည်အိမ် နှစ်ခုဖြင့် လည်းကောင်း၊ UNRA အဖွဲ့ဝင် ထွန်းအောင်ကျော်ပါ ခုနစ်ဦးကို ဘီးလင်းမြို့၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ PDF အဖွဲ့များ ကို ထောက်ပံ့နိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသူ ကိုကို နိုင် (ခ) ဒေါန (အမေရိကန်နိုင်ငံ သား၊ Social Visa ဖြင့် နေထိုင်သူ) ကို ဖမ်းဆီးရရှိရေးဆောင်ရွက်ခဲ့ရာ ဇွန် ၂၄ ရက်တွင် မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိ တရားခံများ ဖော်ထုတ်ချက်အရ ဇွန် ၂၁ ရက်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ရပ်များ ကျူးလွန် နေသူ တရားခံ သုံးဦးကိုလည်း ကောင်း၊ ဇွန် ၂၂ ရက်တွင် တရားခံ ရှစ်ဦးကို လက်လုပ်သေနတ် ခြောက်လက်၊ လက်လုပ်မိုင်း ၅၉ လုံးတို့နှင့် လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် တရားခံ ခုနစ်ဦးကို လက်နက်မျိုးစုံ ၁၁၄ လက်၊
လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံး၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ဖော်ထုတ်ချက်အရ ရန်လင်း အောင် (ခ) မိုးတိမ် အပါအဝင် PDF အဖွဲ့ဝင် ၂၈ ဦးသည် NLD ပါတီမှ ကချင်ပြည်နယ် ဖားကန့် မြို့ (၂၀၁၅) ခုနှစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးခင်မောင်မြင့် (ခ) ဦးချို၊ ချမ်းမြသာစည်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကျော်စိုး လင်းနှင့် ကောလင်းမြို့နယ် (၂၀၁၅) ခုနှစ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း မျိုးဇော် အောင်တို့၏ ချိတ်ဆက်ပေး မှုဖြင့် KIA ဌာနချုပ်၊ လိုင်ဇာ၌ စစ်သင်တန်း တက်ရောက်ခဲ့ ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များတွင် ခင်ကျော် (UNRA) နှင့် ကိုကိုနိုင်(ခ)ဒေါန အပါအဝင် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင် ပတ်သက်သူ တရားခံ ၁၇၃ ဦး ကို လက်နက်မျိုးစုံ ၁၃၁ လက်၊ လက်လုပ် သေနတ် ၃၇ လက်၊ လက်ပစ်ဗုံး ၅၅၉ လုံး၊ လက်လုပ်ဗုံး ၂၂၅၁ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံး၊ RPG ဒုံးသီး ၁၄ လုံး၊ ရှေ့ထွက် မိုင်း တစ်လုံး၊ ကျည်အိမ် ၂၆၉ ခု၊ ကျည် မျိုးစုံ ၁၀၅၁၅ တောင့်နှင့် ဆက်စပ်ပစ္စည်း များ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ခင်ကျော်နှင့် ကိုကိုနိုင် (ခ)ဒေါနတို့၏ ဖော်ထုတ်ချက်များအရ စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းဖွင့်လှစ်ခြင်း၊ လက်နက်၊ ခဲယမ်း ဝယ်ယူခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရေးအတွက် တရားမဝင်ဖွဲ့စည်းထား သော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် CRPH နှင့် NUG အဖွဲ့ဝင် ရည်မွန်၏ စေခိုင်းမှုများကြောင့် ဂျပန်နိုင်ငံတွင် နေထိုင်သူ ထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း)၊ အမေရိကန်နိုင်ငံတွင် နေထိုင်သူ အေးမင်းတို့မှ နိုင်ငံတကာနှင့် ပြည်တွင်းရှိ NLD ပါတီဝင်များ၊ ၎င်းပါတီ အား ထောက်ခံသူများထံမှ ငွေကြေး ထောက်ပံ့မှုများရယူ၍ အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
တရားခံ ခင်ကျော်သည် ၁၉၈၈ ခုနှစ် တွင် ABSDF သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ABSDF မှ ခွဲထွက်၍ အဖွဲ့ဝင် ခုနစ်ဦးဖြင့် UNRA ကို ဖာပွန်မြို့နယ် လဲဝါကျေးရွာ၌ ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ ဖောက်ခွဲရေး သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး တရားမဝင် အဖွဲ့အစည်းဖြစ်သည့် NUG မှ ခေါင်းဆောင်များနှင့် ချိတ်ဆက်ဆောင် ရွက်လျက်ရှိသူဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင် (ခ) ဒေါန (NDF အဖွဲ့၏ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ) သည် PDF သင်တန်းအတွက် လိုအပ်သော စစ်အသုံးအဆောင် ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့နိုင်ရေးအတွက် တရားမဝင်ဖွဲ့စည်းထားသော အကြမ်း ဖက် အဖွဲ့အစည်းဖြစ်သည့် NUG မှ ရည်မွန်၊ ဂျပန်နိုင်ငံ မှ ထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း)၊ ပြည်ပရောက် NLD ပါတီဝင်များ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌ ဟောင်း) သည် NDF (National Defence Force) အားဖွဲ့စည်း၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ပရောက် NLD အဖွဲ့ဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်း များထံမှ အကူအညီများရရှိရေးနှင့် NUG အဖွဲ့ဝင်များဖြင့် ချိတ်ဆက်ကာ ပြည်တွင်း ၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ် လာစေရန် စီစဉ်ဆောင်ရွက်နေသူဖြစ် ကြောင်း သိရသည်။
တရားမဝင် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အနေဖြင့် နိုင်ငံတော်အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အဆင့် ၃ ဆင့် ဖြင့် လုပ်ဆောင်နေပြီး ပထမအဆင့် အနေဖြင့် သင်တန်းဆင်းအဖွဲ့များမှ နေရပ်သို့ပြန်လည်ရောက်ရှိပါက စက်ရုံ/ အလုပ်ရုံများအား မီးရှို့/ဖောက်ခွဲ ဖျက်ဆီးခြင်းများအပြင် အုပ်ချုပ်ရေးမှူး များကို အဓိကပစ်မှတ်ထား၍ သတ်ဖြတ် ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဒေသ အလိုက် PDF အဖွဲ့များသည် EAOs အဖွဲ့များနှင့် ပူးပေါင်း၍ တပ်ဌာနချုပ် များကို စီးနင်းတိုက်ခိုက်ခြင်း၊ တတိယ အဆင့်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း များထံမှ ငွေကြေးနှင့် လက်နက်များ လက်ခံရယူ၍ အင်အားပိုမို ကြီးမားအောင် လုပ်ဆောင်ရန်တို့ဖြစ်ကြောင်း သိရသည်။
တရားမဝင် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အဖွဲ့ဝင် ရည်မွန်၏ အကြမ်းဖက်လုပ်ရပ် များကြောင့် ယနေ့အထိ နိုင်ငံအတွင်း အပြစ်မဲ့ပြည်သူ ၁၈၉ ဦး သေဆုံးကာ မီးလောင်၊ မီးရှို့ခံရသော စာသင်ကျောင်း ၆၀ ၊ အုပ်ချုပ်ရေးမှူးရုံး ၇၄ ရုံး၊ ရဲကင်း/ရဲစခန်း ၃၅ ခုတို့ ရှိပြီး စာသင်ကျောင်းများ တွင် ဗုံးပေါက်ကွဲမှု ၂၃၂ ကြိမ်၊ အုပ်ချုပ် ရေးမှူးရုံးများတွင် ဗုံးပေါက်ကွဲမှု ၁၈၂ ကြိမ်၊ ရဲကင်း/ရဲစခန်းများတွင် ဗုံး ပေါက်ကွဲမှု ၆၆ ကြိမ်၊ စုစုပေါင်း ဗုံး ပေါက်ကွဲမှု ၄၈၀ ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ဖော်ထုတ် ချက်များအရ အကြမ်းဖက်လုပ်ငန်းများ အား တရားမဝင် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် CRPH နှင့် NUG အဖွဲ့ဝင် ရည်မွန်မှ ဦးဆောင် ၍ ပြည်တွင်းရှိ NLD ပါတီဝင် သိန်းနိုင်၊ ညီညီ၊ မျိုးဇော်အောင်၊ ကျော်စိုးလင်း၊ ခင်မောင်မြင့်၊ မောင်ဒီ၊ ခင်စိုး၊ ရဲရင့်အောင်၊ ဒေါ်နှင်းကြည်တို့နှင့် ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အစိုးရ၏အုပ်ချုပ်မှု ယန္တရားများ ပျက်ပြားစေရန် နည်းမျိုးစုံ ဖြင့် ဆောင်ရွက်လျက်ရှိပြီး အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူအများစု အပေါ် အကြမ်းဖက်လုပ်ရပ်များ ဆောင် ရွက်လျက်ရှိသဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံတကာသို့ အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် သတင်းထုတ်ပြန် ကြေညာထားသော PDF ၊ CRPH နှင့် NUG အဖွဲ့တို့နှင့် တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဆက်သွယ်အားပေး ထောက်ခံခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းများသည် ရာဇသတ်ကြီး ပုဒ်မ ၁၂၃ နှင့် ငြိစွန်း၍ ပြစ်မှုမြောက်သဖြင့် ထောင်ဒဏ် (၂၀) နှစ် အထိ ပြစ်ဒဏ်ကျခံ ရနိုင်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းမှ ရည်မွန် အပါအဝင် ၎င်းတို့၏ အဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများအား ဆက်လက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။
သတင်းစဉ်