ဂျပန်နိုင်ငံ ဖူဂျီတောင်တက်ရာသီ စတင်

တိုကျို   ဇူလိုင်   ၁၀
ဂျပန်နိုင်ငံ ဖူဂျီတောင်တက်ရာသီ စတင်လိုက်ပြီဖြစ်သည်။    ရှီဆူ အိုကာခရိုင်ဘက်ခြမ်းရှိ    လမ်း ကြောင်းသုံးခုကို  ဇူလိုင် ၁၀ ရက် က  ဖွင့်လှစ်ခဲ့ပြီး    အဓိပ္ပာယ်မှာ တောင်ထိပ်သို့     ဦးတည်သော လမ်းအားလုံးကို ယခုအသုံးပြုနိုင် ပြီဖြစ်သည်။
သို့သော်လည်း  ဖွင့်ပွဲနေ့တွင် တောင်ထိပ်အနီး၌   သတိလစ် မေ့မြောနေသော    အမျိုးသား တစ်ဦးကို      တွေ့ရှိပြီးနောက် တောင်တက်သမားများကို  သတိ ထားရန်     တာဝန်ရှိသူများက တိုက်တွန်းပြောကြားထားသည်။
ဇူလိုင် ၁၀ ရက် အစောပိုင်းတွင် တောင်ခြေ၌ အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး   တောင်တက်ရာသီ ဘေးကင်းပါစေဟု    ဆုတောင်း ပေးခဲ့ကြသည်။
လွန်ခဲ့သောနှစ်က ရှီဆူအိုကာခရိုင်လမ်းကြောင်းမှတစ်ဆင့် ဖူဂျီ တောင်ပေါ်သို့   တောက်တက် သမား ၈၄၀၀၀ ခန့် တက်ရောက် ခဲ့ကြသည်။
ယခုနှစ်  တောင်တက်ရာသီ စတင်လိုက်ချိန်တွင် တောင်တက် သမားများသည်   အွန်လိုင်းတွင် ကြိုတင်စာရင်း  ပေးသွင်းရမည် ဖြစ်သကဲ့သို့   တောင်တက်ခရီးစဉ် အတွင်း စီစဉ်ထားရှိသည့်တဲများ တွင် ညအိပ်ရန် အစီအစဉ်ရှိ၊ မရှိ ကိုလည်း      ကြိုတင်စာရင်းသွင်း ထားရမည်ဖြစ်သည်။
ဖူဂျီတောင်သည် ခရိုင်နှစ်ခုကို ခွလျက်   တည်ရှိသည်။    အခြား တောင်တက်လမ်းကြောင်း  တစ်ခု ဖြစ်သော ယာမာနာရှီခရိုင်ရှိ လမ်း ကြောင်းကို ယခုလ   အစောပိုင်း ကတည်းက ဖွင့်ပေးခဲ့သည်။
တောင်တက်ရာသီစတင်ချိန် ဇူလိုင် ၁၀ ရက်တွင်  တောင်ထိပ် အနီး၌   လူတစ်ဦး    သတိလစ် မေ့မြောနေသည်ကို    တွေ့ရှိခဲ့ ကြောင်း  ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။ အဆိုပါ‌တောင်တက်သမား သည် တောင်ပေါ်သို့   တစ်ကိုယ် တော်  တက်ရောက်ခဲ့သူဖြစ်မည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းတောင် တက်နေသည့်အချိန်တွင် မိုးများ ရွာသွန်းပြီး  လေပြင်းများလည်း တိုက်ခတ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
တောင်ပေါ်ရှိ ရာသီဥတုသည် ရုတ်တရက်   ပြောင်းလဲနိုင်သော ကြောင့်  တောင်တက်သမားများ ကို   သတိထားရန်    ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ