
ကန်ဒါဟာ ဇူလိုင် ၁၀
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ ပိုလီယို ရောဂါဖြစ်ပွားသူ သုံးဦး ထပ်မံ တွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်း ပိုလီယို ရောဂါဖြစ်ပွားသူဦးရေ ကိုးဦးအထိ ရှိလာပြီဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မော်လဝီ မာမွတ်အီဇမ်က ဇူလိုင် ၉ ရက်တွင် ပြောသည်။
၂၀၂၄ ခုနှစ်အတွင်း ကန်ဒါဟာ ပြည်နယ်မြို့တော် ကာနာဒါဟာ၊ ဆာ့ရှ်ဝါလီကော့ နှင့် အာဂစ်စတန် ခရိုင်တို့တွင် ပိုလီယိုရောဂါဖြစ်ပွား သူ သုံးဦးတွေ့ရှိခဲ့သည်ဟု တာဝန် ရှိသူက ပြောသည်။ ကူနာပြည်နယ် အရှေ့ပိုင်းနှင့် နူရစ်စတန်ပြည်နယ် တို့အပါအဝင် အခြားသောနေရာ များတွင်လည်း ပိုလီယိုရောဂါ ဖြစ်ပွားသူ ခြောက်ဦးရှိကြောင်း အာဏာပိုင်များက ပြောသည်။
အာဖဂန် အိမ်စောင့်အစိုးရ သည် ဇူလိုင် ၈ ရက်မှစတင်ကာ အာဖဂန်နစ္စတန်၏ ပြည်နယ် ၃၄ ခုအနက် ၂၃ ခုတွင် လေးရက် ကြာ အိမ်တိုင်ရာရောက် ပိုလီယို ကာကွယ်ဆေးပေးသည့် အစီအစဉ် ပြုလုပ်ခဲ့သည်။ အသက် ငါးနှစ် အောက်ကလေး ရှစ်သန်းမှာ ပိုလီယိုကာကွယ်ဆေးရရှိမည်ဖြစ် သည်။
စစ်ပွဲဒဏ်ခံ အာဖဂန်နစ္စတန် နိုင်ငံတွင် ဇွန် ၃ ရက်ကလည်း ပိုလီယိုရောဂါ အမြစ်ပြတ်ရေး ကာကွယ်ဆေး တိုက်ကျွေးပေး သည့် အစီအစဉ်ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း အာဖဂန် နစ္စတန်နိုင်ငံ၌ ပိုလီယိုရောဂါ ဖြစ်ပွားသူ ခြောက်ဦးသာ တွေ့ရှိ ခဲ့သည်။ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ကမ္ဘာ ပေါ်တွင် ပိုလီယိုဗိုင်းရပ်စ်ကူးစက် ခံရသောနိုင်ငံဖြစ်ကြောင်း သိရ သည်။ ဆင်ဟွာ