ဂါဇာဒေသ၌ ငြိမ်းချမ်းရေးရရှိပါက ဟစ်ဇ်ဘိုလာအဖွဲ့မှ အပစ်အခတ်ရပ်စဲမည်

ဘေရွတ်   ဇူလိုင်   ၁၁
ဂါဇာဒေသတွင်  အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပါက  အစ္စရေးကို  တိုက်ခိုက်နေမှုများအား ရပ်တန့်သွားမည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်  ဟတ်ဆန်နာစရယ်လာ က    ဇူလိုင် ၁၀ ရက်တွင် ပြောသည်။
လွန်ခဲ့သည့်သီတင်းပတ်အတွင်း   လက်ဘနွန် နိုင်ငံတောင်ပိုင်းတွင်  အစ္စရေးတို့၏သတ်ဖြတ်ခြင်း ခံခဲ့ရသော       ပါတီခေါင်းဆောင်တစ်ဦးဖြစ်သည့် မိုဟာမက် နီမက် နက်ဆာကို  ဂုဏ်ပြုသည့်အနေဖြင့် ပြောကြားသည့်ရုပ်မြင်သံကြားမိန့်ခွန်းတွင်  ယခုလို မှတ်ချက်ချ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂါဇာစစ်ပွဲပြီးဆုံးသွားခဲ့လျှင်လည်း လက်ဘနွန် ၌   ပဋိပက္ခများ   ဆက်လက်ဖြစ်သွားဖွယ်ရှိသည် ဟူသော  အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်၏    ပြောကြားချက်ကိုလည်း      ဟစ်ဇ်ဘိုလာ ခေါင်းဆောင်က ပြန်လည်တုံ့ပြန်ခဲ့သည်။
လက်ဘနွန်တောင်ပိုင်းနှင့်        ပြည်သူများကို ကာကွယ်ရန် အရေးကြီးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ထို့ပြင်  အစ္စရေးနှင့် စေ့စပ်ညှိနှိုင်းမှုတွင် ဟားမားစ် အဖွဲ့က  မည်သည့်ဆုံးဖြတ်ချက်မျိုးမဆို   ပြုလုပ် ပါစေ  ထောက်ခံသွားမည်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟတ်ဆန်နာစရယ်လာက ပြောသည်။
ဟားမားစ်အဖွဲ့မှ     ညီအစ်ကိုများ  အသိဆုံး ဖြစ်သည်ဟု  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဟားမားစ်သည်    တော်လှန်ရေးအဖွဲ့များအားလုံး ကိုယ်စား  စေ့စပ်ညှိနှိုင်းနေပြီး ဆုံးဖြတ်ချက်အားလုံး ကို ဟစ်ဇ်ဘိုလာက   ထောက်ခံမည်ဟု    ၎င်းက ပြောသည်။ အီဂျစ်၊  အမေရိကန်နှင့် ကာတာနိုင်ငံမှ ကိုယ်စားလှယ်များ    ဒိုဟာမြို့၌  အစ္စရေးကိုယ်စား လှယ်များနှင့်   တွေ့ဆုံပြီး ဂါဇာ အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲများ   ပြန်လည်စတင်ရန်  ဆွေးနွေး နေစဉ်   နာစရယ်လာ၏   ယခုလို   ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆင်ဟွာ