
ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှ နယ်သာလန်နှင့် အင်္ဂလန်အသင်းပွဲစဉ်ကို ဇူလိုင် ၁၁ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့ရှိ ဒေါ့မွန်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ပြီး ပရိသတ် ၆၀၀၀၀ ကျော် လာရောက်ကြည့်ရှုသည်။ ပွဲချိန် ၇ မိနစ်တွင် ဇာဗီဆိုင်မွန်က နယ်သာလန်အတွက် ဦးဆောင်ဂိုးသွင်းယူပြီး ပွဲချိန် ၁၈ မိနစ်တွင် ရရှိသောပယ်နယ်တီကို အသင်းခေါင်းဆောင် ဟာရီကိန်းက အင်္ဂလန်အတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။ အင်္ဂလန် အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို အသင်းခေါင်းဆောင် ဟာရီကိန်း၏နေရာကို အစားထိုးဝင်ရောက်လာသည့် တိုက်စစ်ကစား သမား ဝက်ကင်စ်က သွင်းယူပေးနိုင်ခဲ့သည်။
အင်္ဂလန်အသင်းသည် ဇူလိုင် ၁၅ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ အောင်ဇော်