
မေလပြည့်
“မျှော်မှန်းထားတာကတော့ လောပန်အိပ်မက်ပေါ့။ လစာရတယ်ဆိုပေမယ့် တကယ်သွားကြည့်၊ လုပ်ကြည့်တော့ အဆင်မပြေတာတွေ အများကြီးပါ။ ဒါကြောင့် ကိုယ့်နိုင်ငံကို ပြန်လာပြီး မိသားစုနဲ့အတူ လုပ်ကိုင်စားဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ကိုဖိုးချစ်က ပြောပြသည်။
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် ရန် ကိုဖိုးချစ်သည် ၂၀၂၃ ခုနှစ်အတွင်းက သွားရောက်ခဲ့သော်လည်း အလုပ်အကိုင် အဆင် မပြေသဖြင့် ယခုအခါ မြန်မာနိုင်ငံရှိ ဇာတိမကွေး မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“သူသူငါငါ ပြည်ပမှာ အလုပ်သွားလုပ်ကြတာ အများသိတယ်။ ဒါပေမယ့် အဆင်မပြေလို့ ပြန်လာ တဲ့လူတွေလည်း အများကြီးရှိပါတယ်။ အလုပ်၊ နေထိုင်စားသောက်မှု၊ ဘာသာစကား၊ ပတ်ဝန်းကျင် စတာတွေ ဟန်ချက်ညီပြီး အဆင်ပြေတဲ့သူလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အဆင်မပြေလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာတာပါ။ ကျွန်တော့် လို ပြည်ပမှာ သွားရောက်အလုပ်လုပ်တယ်၊ သွားလုပ်တဲ့ နိုင်ငံကလည်း ကိုယ့်နိုင်ငံနဲ့ အဝေးကြီး၊ လူမှုဘဝရှင်သန်မှုကလည်း ကွာခြားလို့ အကြောင်း အမျိုးမျိုးကြောင့်၊ ကိုယ့်အတွက် အခက်အခဲရှိတဲ့၊ အဆင်မပြေတဲ့ နိုင်ငံသားတွေကို နိုင်ငံတော်အစိုးရ အနေနဲ့ သက်ဆိုင်ရာသံရုံးတွေနဲ့ ချိတ်ဆက်ပြီး ပြန်လာလို့ရအောင် စီစဉ်ပေးတယ်သိရတော့ အင်မတန်ဝမ်းသာမိပါတယ်”ဟု ကိုဖိုးချစ်က ပြောပြသည်။
ပြည်ပတွင်ရောက်ရှိနေသည့်
အမိနိုင်ငံသားများ အခက်အခဲ
ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသား များ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများ အပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည့်တိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးများ ချိတ်ဆက်၍ အမိနိုင်ငံ သားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံ စွာ ပြန်လည်ရောက်ရှိနိုင်ရေးကို နိုင်ငံတော်အစိုးရ အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိသည်။
“ဒူဘိုင်းကို ၂၀၂၃ ခုနှစ် ဇွန်လမှာ သွားရောက် ခဲ့ပါတယ်။ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ်ရင်း ဝင်ငွေအဆင်မပြေတာနဲ့ သူငယ် ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ ဒူဘိုင်းမြို့ကို သွားပြီး အလုပ်လုပ်ခဲ့ပါတယ်။ အိမ်ရှင်နဲ့ အဆင်ပြေ ပေမယ့် အိပ်ချိန်မလုံလောက်ပါဘူး။ ည ၂ နာရီ ခွဲမှာအိပ်ရပြီး မနက် ၅ နာရီထရပါတယ်။ လုပ်ခ လစာရပေမယ့် အိပ်ရေးမဝတဲ့ဒဏ်ကြောင့် အလုပ် လုပ်ရတာ အဆင်မပြေကြောင်းနဲ့ နှစ်ပတ်မှာ တစ်ကြိမ် ဖုန်းသုံးခွင့်ရချိန်မှာ အိမ်ကိုလှမ်းပြီး ပြောတော့ လူကုန်တားအဖွဲ့ကို အိမ်ကမိဘတွေက အကူအညီတောင်းခံခဲ့ပါတယ်။ ဒူဘိုင်းမြို့က မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးက အကူအညီပေးခဲ့တဲ့အတွက် မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့တာပါ။ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ စားသောက်မှုပုံစံမတူတဲ့အတွက် လည်း အခက်အခဲများစွာရှိခဲ့ပါတယ်” ဟု ဆော်ဒီ အာရေဗျနိုင်ငံ အဘူဒါဘီမြို့တွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ပြန်လာခဲ့သူ မသက်သက် လင်းက နိုင်ငံပိုင်သတင်းစာများကို အင်တာဗျူး ဖြေကြားထားသည်။
မြန်မာနိုင်ငံသားများ ပြည်ပသို့ အလုပ်လုပ်ကိုင် ရန် သွားရောက်ကြရာတွင် လိုအပ်သည့် အလုပ် သမားရေးရာ သတင်းအချက်အလက်များ သိရှိနိုင် ရန်အတွက် Safe Migration Facebook Page မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနက သတင်း အချက်အလက်များကို ဖြန့်ဝေပေးလျက်ရှိသည်။
Safe Migration Facebook Page မှတစ်ဆင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်း စဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ် သမားသက်သေခံကတ်ပြား (Overseas Worker Identification Card - OWIC) ပြုလုပ်ခွင့်ပြုသည့် စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန် သင်တန်းတက်ရောက်ခွင့်ပြုသည့် စာရင်းများကို စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိသည်။
အစိုးရချင်းချိတ်ဆက်
ဖြေရှင်းပေးရတာမျိုးတွေရှိ
“ဝင်ငွေရလမ်းကြောင်းတစ်ခုတည်းကို မစဉ်း စားဘဲ ကျန်တဲ့ဘာသာစကား၊ ပတ်ဝန်းကျင်အခြေ အနေအပါအဝင် အခြေအနေမျိုးစုံကို သေချာ စဉ်းစား၊ စနစ်တကျစီစဉ်ပြီးမှ ပြည်ပကို အလုပ် လုပ်ဖို့ သွားရောက်စေချင်ပါတယ်။ အလုပ်ကို ဗန်းပြ ပြီး လူကုန်ကူးခံရမှုလိုမျိုး ပြဿနာတွေအပါအဝင် မတရားခံရနိုင်တဲ့အခြေအနေတွေ အများကြီး ရှိနေပါတယ်။ ပြီးတော့ ဒီလိုကိစ္စတွေဟာ အင်မတန် ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံ တည်းနဲ့ ဖြေရှင်းလို့မရတာတွေလည်း ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက် ပြီးမှ ဖြေရှင်းပေးရတာမျိုးတွေရှိတယ်။ ဒါကြောင့်မို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချိတ်ဆက်ဆောင်ရွက်မှု တစ်ခု ဖြစ်တဲ့ အမေရိကန်အစိုးရရဲ့ ၂၀၂၃ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာပါ အကြံပြုချက်တွေကို နှစ်တိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါမှလည်း ပြည်ပမှာရောက်ရှိနေတဲ့ ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်မှာ ပါ”ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံသား များ အများဆုံး သွားရောက်အလုပ်လုပ်ကိုင်ကြ သည့် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် နိုင်ငံသားအလုပ်သမားများကို တရားဝင်ပြန်လည်လွှဲပြောင်း လက်ခံနိုင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းပေးသည့် နိုင်ငံသားအလုပ်သမားများကို သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများ ဖွဲ့စည်း၍ ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်း ကျား ၁၇၃၈ ဦး၊ မ ၆၀၆ ဦး စုစုပေါင်း ၂၃၄၄ ဦး ရှိခဲ့သည်။
ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင်များ
စီမံဆောင်ရွက်ပေးလျက်ရှိ
ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ သည့် နိုင်ငံသားအလုပ်သမားများကို အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှုအလိုက် အလုပ် အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ ရေးရုံး ၈၉ ရုံး၊ အထူးစီးပွားရေးဇုန် ရုံးသုံးရုံး ဖွင့်လှစ်၍ ၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှု ကန့်သတ် ရေးအက်ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအောက်ရှိ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် အလုပ်ရရှိနိုင်ရန်အတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများ အနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်သည်။ ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင်ထားသူများ ကို အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
အကယ်၍ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်သမား ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဆက်သွယ် ဆောင်ရွက်နိုင်မည့် Complaint Mechanism Center များထားရှိကာ ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိသည်။
တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးလျက်ရှိ
မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ ရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီ ပေးရေးဗဟိုဌာနများ၊ အလုပ်သမားသံအရာရှိရုံးများ နှင့် ဝန်ကြီးဌာနသို့ သတင်းပေးတိုင်ကြားလာသည့် အလုပ်သမားရေးရာတိုင်ကြားမှုများကို အလုပ် သမား ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လက်ခံ ဖြေရှင်းပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မေလအတွင်း စုစုပေါင်း တရားစွဲဆိုမှု လေးမှုရှိကြောင်း သိရသည်။
ထို့အတူ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်သမား ရေးရာကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ စီမံဆောင်ရွက်ပေး လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် နိုင်ငံခြားသား အကြီးတန်းစီမံခန့်ခွဲသူများနှင့် ကျွမ်းကျင်ပညာရှင် များ၏ အလုပ်လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် (Myanmar investment Com-mission-MIC) က ခွင့်ပြုပေးလျက်ရှိသည်။ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဌာနဆိုင်ရာ ပူးပေါင်း လုပ်ငန်းအဖွဲ့တွင် အလုပ်သမားညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူများသည် အဖွဲ့ဝင်အဖြစ်ပါဝင်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၅၁ (က) အရ နိုင်ငံခြားသား အလုပ်သမားမှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်း တိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်၍ ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များ တွင် လာရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား သားအလုပ်သမားများအား ၂၀၁၄ ခုနှစ် မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေ ပုဒ်မ ၇၇ အရ နိုင်ငံခြားသားအလုပ်သမားမှတ်ပုံတင်ခြင်း၊ သက်သေခံ ကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံအတွက် တောင်သူလယ်သမားနှင့် အလုပ်သမားတို့၏ လုပ်အားကို နိုင်ငံတော်အစိုးရအနေဖြင့် တန်ဖိုး ထားသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ မူဝါဒ နှင့်အညီ အလုပ်သမားဝန်ကြီးဌာနသည် အလုပ် သမားများ၏ လူမှုစီးပွားဘဝများအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ လုပ်ငန်းခွင် စည်းကမ်းထိန်းသိမ်းရေး၊ အလုပ်လုပ်သလောက် အကျိုးခံစားခွင့်ရရှိရေးတို့ကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် နိုင်ငံသားအလုပ်သမားများ၏ အရေးကိစ္စများကို မေ့မထားဘဲ ပြည်ပတွင် အလုပ်လုပ်ကိုင်ပါက အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်ပသို့ ရောက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် အခက် အခဲကြုံတွေ့နေရပါက နိုင်ငံသားများ အမိမြန်မာ နိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာပြန်လည် ရောက်ရှိနိုင်ရေးကို နိုင်ငံတော်အစိုးရအနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိသည်ကို တင်ပြလိုက်ရ ပါသည်။ ။
- Log in to post comments