
ရန်ကုန် ဇူလိုင် ၁၂
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသိအမှတ်ပြု မြန်မာ့လက်ရွေး စင် အမျိုးသမီးအသင်းနှင့် အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း တို့၏ ခြေစမ်းပွဲ ဒုတိယပွဲစဉ်ကို ဇူလိုင် ၁၂ ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ကျင်းပရာ တစ်ဂိုးစီ သရေကျခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် ပထမခြေစမ်း ပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့သော်လည်း ယခုပွဲတွင် သရေကျခဲ့သည်။ ပထမပိုင်းတွင် ဂိုးမသွင်းနိုင် သော်လည်း ဒုတိယပိုင်းသွင်းဂိုး များဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ၄၇ မိနစ် တွင် ပီယာရီဆာဆာက အိန္ဒိယ အသင်းအတွက် ဦးဆောင်ဂိုးသွင်း ယူခဲ့သည်။ သို့သော် နှစ်မိနစ် အကြာမှာပင် မြန်မာအသင်း ချေပဂိုးပြန်ရခဲ့ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်း စလုံးဂိုးထပ်ရနိုင်သည့် အခွင့်အရေး များရခဲ့သော်လည်း အသုံးမချနိုင် သဖြင့် တစ်ဂိုးစီသရေရလဒ် အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်