ကြိုတင်ပြင်ဆင်မှုဖြင့်ကာကွယ် ရေဘေးအန္တရာယ်

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေကြီးမှုအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနက စဉ်ဆက်မပြတ်ထုတ်ပြန်ပေးလျက်ရှိ သည်။ မြစ်များအနီးတွင်တည်ရှိနေသည့် မြို့များအလိုက် စိုးရိမ် ရေမှတ်တည်ရှိမှုအခြေအနေနှင့် နောက်ရက်များအတွက် ခန့်မှန်း ချက်များ၊ သတိပြုနေထိုင်ရန် အကြံပြုချက်များကို ထုတ်ပြန်ပေး နေခြင်းဖြစ်ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အထူးသတိပြုကြရန်လိုသည်။
ယခုလဆန်းပိုင်းက ကချင်ပြည်နယ်အတွင်း မိုးသည်းထန် စွာ   ရွာသွန်းမှုကြောင့်   ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ရာ   ဇူလိုင်  ၁ ရက်တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်မှုဖြစ်ပွားခဲ့သည်။ မြစ်ရေကြီးမှုမှာ နှစ်ပေါင်းများစွာအတွင်း မကြုံစဖူးအခြေအနေ မျိုးဖြင့် တစ်ရှိန်ထိုးမြင့်တက်လာခြင်းဖြစ်ကြောင်းနှင့်  ဒေသခံ ပြည်သူအမြောက်အမြား ပိတ်မိနေခဲ့ကြောင်း၊ လျင်မြန်စွာ ဖြစ်ပေါ် လာသည့် ရေကြီးမှုတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုများ မှာလည်း အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသ  သတင်း များတွင်   တွေ့ရှိခဲ့ရသည်။   မြစ်ရေကျဆင်းသွားပြီးချိန်တွင် သေဆုံးသူအချို့ကို   ရှာဖွေတွေ့ရှိခဲ့ကြောင်း  နောက်ဆက်တွဲ သတင်းများအရ သိရသည်။
ရေဘေးအန္တရာယ်များကို ကြုံတွေ့ရပါက ကြိုတင်ပြင်ဆင် ထားရှိမှုနှင့် အချိန်မီဘေးလွတ်ရာသို့  ရှောင်တိမ်းနိုင်မှုတို့က လွန်စွာအရေးကြီးသည်။ မိမိတို့နေအိမ်တွင် ဆက်လက်နေထိုင် ရင်း  တရိပ်ရိပ်မြင့်တက်လာပြီး  အရှိန်နှင့်စီးဆင်းနေသည့်ရေ များကြောင့်  တိမ်းရှောင်၍မရတော့သည့်  အခြေအနေတွင် ကူကယ်ရာမဲ့သည့် အဖြစ်မျိုးနှင့်ရင်ဆိုင်ရနိုင်သည်။ ကြံ့ခိုင်မှု အားနည်းသည့်အိမ်များမှာ ရေစီးအရှိန်တွင် ပြိုကျခြင်း၊ မျောပါ ခြင်း၊ ညအချိန်တွင် ရေတက်လာပါက မသိလိုက်ကြဘဲ ရှောင် တိမ်းရန်ခက်ခဲခြင်း စသည်ဖြင့်လည်း ကြုံတွေ့ရနိုင်သည်။ သို့ဖြစ် ရာ မိမိတို့နေထိုင်သည့်နေရာသည် မြစ်နား၊ ချောင်းနားနှင့် မြေ နိမ့်ပိုင်းတွင် ရှိနေပါက နှစ်စဉ်မြစ်ရေကြီးမှုဖြစ်လာနိုင်သည်ကို မှန်းဆထားရမည်ဖြစ်သကဲ့သို့ ကြိုတင်ပြင်ဆင်မှုများကိုလည်း အဆိုးဆုံးအခြေအနေထိ မျှော်မှန်း၍ပြင်ဆင်ထားရန် လိုအပ် သည်။
ရာသီချိန်ခါအလိုက်  ဖြစ်ပေါ်လာနိုင်သည့်  သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရန် ပြည်သူသို့ အသိပေးနှိုးဆော်ချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးလျက်ရှိရာ အလေးအနက်ထား၍ မှတ်သားလိုက်နာ ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်တို့နှင့် ရင်ဆိုင်ရ သည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင် ကာကွယ်တိမ်းရှောင်နိုင်သည်။       ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စေ့စပ်သည်နှင့်အမျှ သဘာဝဘေးကြောင့် ဖြစ်လာ နိုင်သည့်ဒုက္ခများ လျော့ပါးသက်သာမည်သာဖြစ်သည်။
ယခုအခါ     မြစ်ရေကြီးမှုများမှာ     တစ်ရက်ပြီးတစ်ရက်  မြစ်အောက်ပိုင်းဒေသများဆီသို့     ရောက်ရှိလာမည်ဖြစ်ရာ မြစ်ကမ်းအနီး မြို့များ၊ ရွာများအလိုက် အနိမ့်ပိုင်းနေရာများတွင် နေထိုင်နေကြသည့် ဒေသခံပြည်သူများကို ရေဘေးလွတ်ရာများ သို့ ပြောင်းရွှေ့နေထိုင်ကြရန် ကူညီရွှေ့ပြောင်းပေးမှုများ၊ နှိုးဆော် တိုက်တွန်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက် ပေးလျက်ရှိသည်။ သက်ဆိုင်ရာမြို့နယ်များအလိုက် မြစ်ကမ်း အနီးနှင့်  မြေနိမ့်ပိုင်းနေထိုင်သူများ  အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏  အကြုံပြုချက်၊   ရေဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏  ပြည်သူသို့ အသိပေးနှိုးဆော်ချက်တို့ကို   အလေးဂရုပြုကာ   မိမိတို့ထံ ကျရောက်လာနိုင်သည့် ရေဘေးအန္တရာယ်မှ ကာကွယ်လွတ်ကင်း နိုင်ကြပါစေကြောင်း။        ။