နားထောင်ခြင်းအနုပညာ

Type
1

 

သဲဟန် (ဘန်ကောက်)

“Everybody talks, nobody listens”
ဒီအင်္ဂလိပ်စာစုလေးဟာ စာရေးသူတို့ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်တစ်စုအတွက်    မရိုးနိုင်သော ပျက်လုံးတစ်ခုလို့ ဆိုရမှာပါ။ တချို့သော အစည်း အဝေးများမှာ        နားထောင်ခြင်းအနုပညာကို ဘယ်လိုများစိမ့်ဝင်အောင် လုပ်ရပါ့မလဲလို့လည်း တစ်ခါတလေ တွေးမိပါရဲ့။
“လူတိုင်းစကားတွေ        ပြောနေကြတယ်၊ ဘယ်သူမှ         တစ်ယောက်စကားတစ်ယောက် နားမထောင်ကြပါလား” လို့ အစည်းအဝေးတက်ရမှာ တစ်ခါတလေ တုံ့ဆိုင်းနေမိတယ်။ အစည်းအဝေး က အကြာကြီး၊   လိုရင်းမရောက်ဘူး။ တစ်ယောက် တစ်ပေါက်၊   ပြီးတော့လည်း  အစည်းအဝေးခေါင်းစဉ် စီမံချက်အတွက် ဘာရလဒ်ကောင်းမှ  မည်မည်ရရ ထွက်မလာဘူး။ ပါဝါကြီးတဲ့ လူကြီးတစ်ယောက် ယောက်  သဘာပတိမလုပ်တဲ့ အစည်းအဝေးဆိုရင် တက်ကို၊ မတက်ချင်တော့တာပါ။
ဒါဟာ  နားထောင်ခြင်းဓလေ့၊ နားထောင်ခြင်း အနုပညာ မရှိကြလို့ပါ။   နားထောင်ခြင်းဆိုရာမှာ လည်းပဲ      လေးလေးနက်နက်    နားထောင်တာနဲ့ ကြားနေသားပဲဆိုတာက တော်တော်လေး  မတူညီ၊  ကွဲပြားခြားနားမှုတွေရှိနေပါတယ်။ လူတစ်ဦးချင်း စီရဲ့ နားထောင်နိုင်မှုစွမ်းရည်ကလည်း  မတူညီနိုင် ပါဘူး။
နားထောင်နိုင်မှု စွမ်းရည်ဆိုရာဝယ်
သာမန်အားဖြင့်   လူတွေထင်တတ်ကြတာက သူပြောနေတဲ့အချိန်မှာ    စကားဖြတ်မပြောဘဲ ငြိမ်နေလိုက်တာ၊  နားထောင်နေရင်း  မျက်နှာအမူ အရာနဲ့ ခေါင်းလေးညိတ်လိုက်၊ ဪဟုတ်လား။ သူပြောနေတဲ့       စကားလုံးတချို့ကို    အမေးပုံစံ မျက်နှာပေးမျိုးနဲ့         သံယောင်လိုက်ပြောလိုက်နဲ့ ဒါတွေဟာ    နားထောင်နေတာပဲလို့    ထင်ကောင်း ထင်ကြပါလိမ့်မယ်။  ‌‌‌ဪ… မင်းပြောတာ ဒီလိုဆို လိုချင်တာလို့ ငါနားလည်မိတယ် စသည် … စသည် အားဖြင့်          စကားထောက်မေးတာမျိုးတွေကို ကောင်းကောင်း         နားထောင်ပေးနေတယ်လို့ ထင်တတ်ကြတယ်။
ဒါပေမယ့်လည်း  သိပ်မကြာသေးမီက   သုတေ သန   စာတမ်းတစ်ခုမှာတော့   ဒါတွေဟာ   အလေး အနက်ထား နားထောင်နိုင်စွမ်းရည် မဟုတ်ပါဘူးလို့ ဖော်ပြထားပါတယ်။
မန်နေဂျာတွေကို ဘောလုံးနည်းပြ၊ အားကစား နည်းပြလိုမျိုး  Team  Coach တွေ ဖြစ်လာအောင် လေ့ကျင့်ပေးရေး ဒီဇိုင်းဖော်ထားတဲ့ ဖွံ့ဖြိုးတိုးတက် ရေး  အစီအစဉ်တစ်ခုမှာ ပါဝင်သူပေါင်း ၃၄၉၂ ဦးရဲ့ အမူအကျင့်တွေကို   သုတေသနပြုလုပ်ထားတာ အတော်လေးစိတ်ဝင်စားစရာပါ။
ဒီအစီအစဉ်မှာ    ပါဝင်ကြသူတွေရဲ့    လေ့ကျင့် ပေးနိုင်စွမ်းရည်ကို  ၃၆၀  ဒီဂရီ   လှည့်ပြီး  သုံးသပ် ကြည့်ခဲ့ရာမှာတော့   အထိရောက်ဆုံး    နားထောင် နိုင်စွမ်းရှိသူ    ငါးရာခိုင်နှုန်းသာ   တွေ့ရပါတယ်တဲ့။ ယေဘုယျ    သာမန်နားထောင်နိုင်စွမ်းရှိသူတွေနဲ့ ယှဉ်ကြည့်ရာမှာတော့  အံ့ဩစရာကောင်းလောက် အောင် ထူးခြားတဲ့လက္ခဏာရပ်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ထူးခြားတဲ့လက္ခဏာရပ် အုပ်စုလေးစု
ဒီထူးခြားတဲ့  လက္ခဏာရပ်တွေကို အုပ်စုလေးစု ခွဲပြီး စူးစမ်းလေ့လာထားပါတယ်။
အုပ်စုတစ်-  သူများစကားတွေ      ပြောနေ ကြတဲ့အချိန်မှာ    အလေးအနက်ထား    နားထောင် ခြင်းဟာ          တိတ်ဆိတ်ငြိမ်သက်နေခြင်းထက် ပိုကောင်းတာတွေ့ရပါတယ်။ ငြိမ်နေပြီး ခေါင်းညိတ် နေတာထက်စာရင်    အခါအားလျော်စွာ    မေးခွန်း ကောင်းလေးတွေ ပြန်မေးနိုင်တဲ့သူဟာ ကြားသားပဲ ဆိုတဲ့      သူမျိုးမဟုတ်ဘဲ       သူပြောတာတွေကို နားလည်တယ်၊ နောက်ထပ်သိချင်တာတွေ  ရှိသေး တယ်လို့ဆိုနေသလို    နှစ်လမ်းသွားအပြန်အလှန် တူညီသောနားလည်မှုကို ဆောင်ပါတယ်။ အကောင်း ဆုံး   နားထောင်ပေးခြင်းဟာ    သွက်လက်နိုးကြား ထိရောက်မှုရှိတာ တွေ့ရပါတယ်။
အုပ်စုနှစ်- ကောင်းကောင်းနားထောင်ပေးနိုင် စွမ်းဟာ   ပြောနေသူနဲ့      နားထောင်နေသူနှစ်ဦး နှစ်ဖက်အပြန်အလှန်      အကျိုးပြုလေးစားမှုကို တည်ဆောက်နိုင်တာတွေ့ရပါတယ်။       ကောင်း ကောင်းနားထောင်ပေးရင်း  တစ်ဖက်က  ပြောနေ သူကို အားပေးပံ့ပိုးရာလည်းရောက်ပြီး ပြောနေသူ လည်း ကိုယ်တိုင်ယုံကြည် စိတ်ချမှုရှိလာပါတယ်။ အပြုသဘော အတွေ့အကြုံတွေကို တစ်ဖက်ပါတီနဲ့ မျှဝေပြီး  ဘေးကင်းလုံခြုံမှုရှိတဲ့ စကားဝိုင်းတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု      ဖန်တီးပေးနိုင်တာကြောင့် ခံယူချက်ချင်းမတူတဲ့ အကြောင်းအရာတွေကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်လာကြပါတယ်။ ဆန့်ကျင်ဘက် ဝိရောဓိကိစ္စတွေ ဆွေးနွေးညှိနှိုင်းဖို့ အတွက် ဒီလိုလုံခြုံစိတ်ချရလောက်တဲ့ ပတ်ဝန်းကျင် တစ်ခု     ဖန်တီးပေးနိုင်ဖို့       အလွန်အရေးကြီးပါ တယ်။
အုပ်စုသုံး-     ကောင်းကောင်းနားထောင်နိုင် စွမ်းရည်ဟာ ပူးပေါင်းဆောင်ရွက်လိုတဲ့ စကားဝိုင်း တစ်ခုဖြစ်လာနိုင်တာ      မြင်သာပါတယ်။     အပြန် အလှန်တုံ့ပြန်မှုတွေကို   သုံးသပ်ရာမှာ   ဝေဖန်မှုတွေ ကို နှစ်ဖက်စလုံးက  လက်ခံကြပြီး   ကြည်ကြည် သာသာ ချောချောမွေ့မွေ့နဲ့ပဲ        နှုတ်ခွန်းလှန်ထိုးနှက် တိုက်ခိုက်မှုမျိုးကို ဘယ်ဘက်ကမှ လုပ်တာမတွေ့ ရဘူးလို့ ဆိုပါတယ်။
နားထောင်နိုင်စွမ်းရည် နည်းပါးသူတွေကတော့ ပြိုင်ဆိုင်ထိုးနှက်လိုစိတ်တွေနဲ့    တစ်ဖက်သူရဲ့ အားနည်းချက်ကို    ထိုးနှက်စရာကိုပဲ   တမင်ရွေး နားထောင်လေ့ရှိပါတယ်။ သူတို့ဟာ  စကားအချေ အတင် ထိုးနှက်ပွဲတွေမှာ ဆုတောင်ရနိုင်ပေမယ့် ဆွေးနွေးညှိနှိုင်းမှုအောင်မြင်ဖို့၊ ရှေ့တိုးနောက်ဆုတ် ကွေးသာဆန့်သာ      သဘောတူညီမှုရရေးအတွက် အလုပ်မဖြစ်နိုင်ပါဘူး။ မိမိဘက်အနိုင်ရရုံသက်သက်၊ အမြတ်ထုတ်ရရုံသက်သက် နားထောင်ကြသူတွေ ဖြစ်ပါတယ်။
အုပ်စုလေး-  ကောင်းကောင်း နားထောင်နိုင်စွမ်း ရှိသူတွေဟာ    အကြံဉာဏ်ကောင်းတွေ    ပေးနိုင်၊ အကြံပေးတွေဖြစ်ဖို့     အလားအလာကောင်းတွေ ရှိတာတွေ့ရပါတယ်။ တစ်ဖက်က  မိမိကို  ထိုးနှက် နေတဲ့ကြားကပဲ    တခြားရွေးချယ်စရာ    နည်းလမ်း ရှာကြည့်ဖို့၊ စဉ်းစားဖို့၊   တစ်ဖက်က   တိုက်ခိုက်တဲ့ သူကိုလည်း လမ်းဖွင့်ပေးလေ့ရှိပါတယ်။ Bargai-ning  Power  အလွန်ကောင်းတဲ့ နားထောင်သူတွေ ဖြစ်လာနိုင်ပါတယ်။    ကိုယ့်ကိုယ်မကျေမနပ်  တိုင် တာ၊    ဝေဖန်တာတွေကို    ဒူပေနာပေခံနိုင်ကြတာ ကြောင့် ဆန့်ကျင်ဘက်ဝိရောဓိတွေနဲ့ ရင်ကြားစေ့ ဆွေးနွေးဖို့     သင့်တော်တဲ့သူတွေ      ဖြစ်ပါတယ်။ ဒါစွမ်းရည် တစ်မျိုးပါ။ တချို့ကတော့ မဟုတ်ဘူး။ ငြိမ်နေပြီးမှ ပြောချင်တာကို  ဇွတ်ပြောအပြစ်တင် ရန်လိုစကား ဝင်ပြောကြသူတွေလည်း ရှိပါတယ်။ ဒီလိုလူတွေဟာ      နားထောင်ပေးနိုင်စွမ်းမရှိသလို ယုံကြည်စိတ်ချအားကိုးလောက်သူတွေလည်း မဖြစ် နိုင်ဘူးလို့    သုတေသနစာတမ်းမှာ   သုံးသပ်ထားပါ တယ်။
ကောင်းကောင်းနားထောင်နိုင်စွမ်း ဆိုရာဝယ်
တချို့ကထင်တယ်။ ကောင်းကောင်း နားထောင် နိုင်စွမ်းဆိုတာ ရေမြှုပ်လို  ရေ၊  ဆပ်ပြာကို   စုပ်ယူ နိုင်သကဲ့သို့ ပြောတဲ့လူကို ဘာမှစောဒကမတက်၊ မတုန်မလှုပ် လက်ခံနိုင်တာလို့ ယူဆကြတယ်။ ဒီလို မဟုတ်ပါဘူး။       ကောင်းကောင်းနားထောင်နိုင် စွမ်းရည်ကို ဆပ်ကပ်ကျွမ်းဘားသမားများ အမြင့် က  လိမ့်ကျရင်  ခံသာအောင်အောက်မှာ   ခံထားတဲ့ စပရိန်ကို ဖုံးထားတဲ့ ပတ္တူဖျင်စ လို တင်စားထားတာ တွေ့ရပါတယ်။ စပရိန်လိုပဲ ပြန်ကန်ထွက်နိုင်တယ်။ ပြောသူရဲ့   Message   ကို     ကျယ်ကျယ်ပြန့်ပြန့် ချဲ့တွေးပေးနိုင်စွမ်း၊ အကြံဉာဏ်ကောင်း ပေးနိုင်စွမ်း၊ ထောက်ကူဖေးမ  နိုင်စွမ်းရှိတဲ့ အရည်အချင်းကို ဆိုလိုရင်းဖြစ်ပါတယ်။   ဒါမှလည်း   အစည်းအဝေး ဆွေးနွေးမှုဟာ   တက်ကြွအပြုသဘောဆောင်တဲ့ စီမံကိန်းသစ်တွေ စိန်ခေါ်နိုင်တဲ့ ရလဒ်ကောင်းတွေ အစည်းအဝေးမှတ်တမ်းကောင်းရလဒ်တွေ ထွက်နိုင် မှာ ဖြစ်ပါတယ်။
သဘောတူညီမှု ဆွေးနွေးပွဲ ဒါမှမဟုတ် နှစ်ဦး နှစ်ဖက်/       သုံးဦးသုံးဖလှယ်     စေ့စပ်ဆွေးနွေးပွဲ ဘယ်လိုဆွေးနွေးပွဲမှာမဆို ပါဝင်ဆွေးနွေးကြသူတွေ အထဲမှာ နားထောင်နိုင်စွမ်း   အမြင့်ဆုံး၊  အလယ် အလတ်၊ အနိမ့်ဆုံးရယ်လို့ ရှိနိုင်ပါတယ်။ သုတေသန စာတမ်းတွေ့ရှိချက်မှာတော့     အဆင့်ခြောက်ဆင့် ဆွေးနွေးထားပါတယ်။
နားထောင်နိုင်စွမ်း အဆင့်များ
၁။    နားထောင်တဲ့သူဟာ   ခက်ခဲသော၊  ရှုပ်ထွေး သော၊ နက်နဲသော စိတ်ခံစားမှု ထိလွယ်ရှလွယ်သော မည်သည့်ကိစ္စရပ်များကိုမဆို  ဆွေးနွေးနိုင်တဲ့ လုံခြုံ စိတ်ချမှုရှိစေမယ့်      ပတ်ဝန်းကျင်တစ်ခု      ဖန်တီး နိုင်စွမ်းရှိသူတွေလို့ ဆိုပါတယ်။
၂။    နားထောင်တဲ့သူဟာ  ဆူညံမှုတွေ၊ ဖုန်းခေါ်သံ တွေ၊ တဒင်ဒင် တဒေါင်ဒေါင် ဖုန်းမက်ချ်ဆေ့သံတွေ အာရုံနောက်စရာတွေ၊ အာရုံပြောင်းအောင်  အနှောင့် အယှက်ဖြစ်စရာအားလုံး     ကြိုတင်ရှောင်ထားနိုင် ရမှာဖြစ်ပြီး    စကားပြောသူနဲ့  နားထောင်သူကြားမှာ       မျက်လုံးချင်းထိတွေ့ဆက်ဆံမှုရှိရပါမယ်။  သူပြော နေတုန်း မျက်နှာထားတင်းတင်းနဲ့ မျက်လုံးလွဲထား တာမျိုး မရှိစေရပါဘူး။ ဒါဟာနားထောင်သူရဲ့ အမူ အကျင့်၊ သူ့အတွင်းစိတ်ခံစားမှုကို ရောင်ပြန်ဟပ်တဲ့ စိတ်   ပြတင်းပေါက်ပါ။  Professionalism  အနေနဲ့ လေ့ကျင့်ထားတဲ့ နားထောင်နိုင်မှု   စွမ်းရည်တစ်ခု ပါပဲ။
၃။    နားထောင်သူဟာ     တစ်ဖက်လူပြောနေတာ သူပေးချင်တဲ့ အဆိုအာဘော်ကို သေချာနားလည် အောင် ရှာဖွေလိုက်ဖမ်းနိုင်သူ အမီလိုက်နိုင်သူ ဖြစ်ရ ပါမယ်။ ပေးချင်တဲ့ Message  က ဘာလဲ   ဖမ်းနိုင်မှ သာ   အမှန်အကန်နားလည်မှုရှိတဲ့   ဆွေးနွေးချက် တွေအပေါ် သဘောတူ၊ မတူ အတည်ပြုနိုင်မှာဖြစ်ပါ တယ်။
၄။    နားထောင်သူဟာ  သူ့နှုတ်က  ဖွင့်မပြောတဲ့၊ အရိပ်နိမိတ်    အချိတ်အဆက်မိအောင်၊    ဥပမာ- မျက်နှာအနေအထား၊  စိတ်ဆိုးနေလား၊  မျက်နှာနီ မြန်းနေလား၊   အသက်ရှူနှုန်း  အလွန်မြန်နေလား၊ဇောချွေးပြန်နေလားဆိုတာတွေ     လိမ္မာပါးနပ်စွာ အကဲဖမ်းနိုင်ရပါမယ်။
၅။    နားထောင်သူဟာ၊   တစ်ဖက်လူ    ဆွေးနွေးတဲ့ အကြောင်းအရာပေါ်မှာ သူ့စိတ်ခံစားမှု မထိန်းချုပ် နိုင်ပါလားဆိုတာ သိနေရင်တောင်မှ သူ့စိတ်ခံစားမှု ကို ကူညီဖေးမပြီး သူ့ကိုအကောင်းအဆိုး မဝေဖန်၊ မတုံ့ပြန်ဘဲ   Non- Judgemental Way နဲ့၊ ကျိုး ကြောင်း ညီညွတ်အောင်၊ ကွေးသာ ဆန့်သာ အနေ အထားမျိုးနဲ့ ကိုင်တွယ်သွားနိုင်တာဟာ နားထောင် နိုင်စွမ်း အရည်အသွေးတစ်ခုဖြစ်ပါတယ်။
၆။    နားထောင်တတ်သူဟာ တစ်ဖက်လူပြောတဲ့ သူ့ယူဆချက်ကို   ရှင်းလင်းအောင်  ပြန်မေးတတ် ရပါမယ်။ ဆွေးနွေးချက်ပေါ်မှာ အတွေးအခေါ်သစ်၊ အယူအဆသစ်တွေ ထပ်လောင်းပေးနိုင်စွမ်း ရှိရပါ တယ်။ ဒါမှသာ  ပါဝင်သူအားလုံးအတွက် အသုံးကျ ပြီး အကျိုးရှိနိုင်မှာပါ။   ဒါပေမယ့်လည်း   တစ်ချိန်လုံး ငြိမ်နေပြီးကာမှ စကားဝိုင်းအနုကြမ်းစီးသလိုမျိုး ဝင်လုပြော   ဖြတ်ပြော၊  ကိုယ်လိုရာဆွဲ၊  တဇွတ်ထိုး ဝင်စွက်ဖက်တာမျိုး မလုပ်ရပါဘူး။ ဒါဟာအလွန်နိမ့်ကျ တဲ့ နားထောင်နိုင်စွမ်းအဆင့်ရှိသူ ဖြစ်ပါလိမ့်မယ်။
တချို့အခြေအနေမျိုးတွေမှာ  စကားတွေရှည်၊ လိုရင်းမရောက်ဆိုတဲ့အခါမျိုးမှာ စကားရှည်နေသူ ကို စိတ်မရှည်၊ နားမထောင်နိုင်ဘဲ၊ တိုတိုဖြတ်ပစ်တာ မျိုးလည်း  ရှိဖူးပါတယ်။  ဒါမျိုးဟာ အရည်အသွေး ကောင်း၊ ရလဒ်ကောင်းမထွက်နိုင်တဲ့ ဆွေးနွေးပွဲပါ။
နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ရလဒ်မျိုးထွက်ဖို့ ဆိုရာဝယ်
အစည်းအဝေး     ဒါမှမဟုတ်    ညှိနှိုင်းပြောဆို ရင်ကြားစေ့မှု၊     ဘယ်လိုကိစ္စပဲဖြစ်ဖြစ်   ဆွေးနွေး တင်ပြသူနဲ့   နားထောင်သူတွေဟာ   နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ရလဒ်မျိုးထွက်ဖို့ လိုအပ် ပါတယ်။ ကိတ်မုန့်တစ်လုံးလုံး ကိုယ်တစ်ယောက် တည်း ယူချင်လို့မရပါဘူး။ သင့်တော်သလို သူ့ဘက် ကိုယ့်ဘက်ဖြစ်နိုင်တာ ဝေမျှရမှာပါ။
အနုတ်လက္ခဏာ အပျက်သဘောဆောင် “ဘူးခံ”  ဝါဒဟာ လမ်းဟောင်းမှာဘဲ ဒုံရင်းဒုံရင်း ကျန်နေခဲ့မှာပါ။
ရှေ့ကို    တက်လှမ်းမယ့်   ဖွံ့ဖြိုးတိုးတက်လိုတဲ့ လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ ကုမ္ပဏီမှန်သမျှ စိတ်ခံစားမှု ဉာဏ်စွမ်းဉာဏ်စရဲ့    ဆားတစ်ပွင့်ဖြစ်တဲ့   မတူညီ ကွဲပြားသော   ဝိဝါဒမျိုးစုံကို  နားထောင်ပေးတတ်သော           နားထောင်ခြင်းအနုပညာမှတစ်ဆင့် ကောင်းကျိုးများ တဲ့ လမ်းသစ်ဆီသို့ ရွေ့နိုင်မယ်လို့ စာရေးသူကတော့ ယုံကြည်ပါတယ်။ ဒါကြောင့် နားထောင်ခြင်း  အနု ပညာဆိုတဲ့ စိတ်ခံစားမှု ဉာဏ်စွမ်းဉာဏ်စကို Self– culture ကိုယ့်ရင်ထဲက အနုပညာ၊ ကိုယ့်ပတ်ဝန်း ကျင်၊    ကိုယ့်အသိုက်အမြုံ၊   ကိုယ့်နိုင်ငံအတွက် ရှင်သန်အောင် ကြိုးစားလေ့ကျင့်ကြပါစို့ …။      ။