စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မုံရွာ   ဇူလိုင်   ၁၆
၂၀၂၄ ခုနှစ်  စစ်ကိုင်းတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်ဖလား  မြို့နယ် ပေါင်းစုံ  အသက်(၁၈)နှစ် အောက်  အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၆ ရက် နံနက်က မုံရွာမြို့   ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များက  အမျိုးသား/ အမျိုးသမီး ဗိုလ်လုပွဲများအဖြစ်  မီတာ ၄၀၀၊ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေး ပြိုင်ပွဲ၊  မီတာ ၂၀၀ အပြေးပြိုင်ပွဲ များနှင့်  တန်းမြင့်ခုန်ပြိုင်ပွဲ၊ လှံတံ ပစ်ပြိုင်ပွဲ    ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက်      ဆုချီးမြှင့်ပွဲ အခမ်းအနားကို        ကျင်းပရာ တိုင်းဒေသကြီး     ဥပဒေချုပ်က အမျိုးသမီး  မီတာ ၂၀၀ အပြေး ပြိုင်ပွဲတွင်     ပထမ၊   ဒုတိယ၊ တတိယဆုရရှိကြသော အားကစား သမားများအား   လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ၏ဇနီးက အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစား သမားများအား    လည်းကောင်း၊ တိုင်းဒေသကြီး      လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏    ဇနီးက အမျိုးသမီး  လှံတံပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သော  အားကစားသမားများအား လည်းကောင်း၊  တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က အမျိုးသားလှံတံပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သော အားကစားသမားများအား လည်းကောင်း၊  တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သော  အားကစားသမားများအား လည်းကောင်း        တစ်ဦးချင်း ဆုတံဆိပ်များ     ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာ       ဝန်ကြီးက အမျိုးသမီး မီတာ ၁၀၀ လက်ဆင့် ကမ်းအပြေးပြိုင်ပွဲတွင်     ပထမ၊ ဒုတိယ၊   တတိယဆုရရှိကြသော အားကစားသမားများအား  လည်း ကောင်း၊  တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီးက     အမျိုးသား မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အားကစားသမား များအား   လည်းကောင်း၊    တိုင်း ဒေသကြီး   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက       အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ လက်ဆင့် ကမ်းအပြေးပြိုင်ပွဲတွင်      ပထမ၊ ဒုတိယ၊    တတိယဆုရရှိကြသော အားကစားသမားများအား  လည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက  အမျိုးသမီး တံခွန်စိုက်ဆု   ပထမ၊    ဒုတိယ၊ တတိယဆုရရှိကြသော   အသင်း များအား လည်းကောင်း၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်က အမျိုးသား တံခွန်စိုက်ဆု     ပထမ၊   ဒုတိယ၊  တတိယဆုရရှိကြသော     အသင်း များနှင့်  စုပေါင်းတံခွန်စိုက်ဆုရရှိ သော   အင်းတော်မြို့နယ်အသင်း အားလည်းကောင်း  ငွေသားဆုနှင့် တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့် ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)