ကျေးလက်လမ်းများ ရာသီမရွေးကောင်းမွန်ရေးမှသည် စီးပွားရေးဖွံ့ဖြိုးရေးဆီသို့

Type
8

 

ခန့်ဇော်(ကျေးလက်)

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည်  ၂၀၁၇  ခုနှစ်တွင်  ကျေးလက် လမ်းမဟာဗျူဟာနှင့်အတူ မွေးဖွားလာပြီး မဟာဗျူဟာကို အကောင် အထည်ဖော်ဆောင်ရွက်နေသည့်ဦးစီးဌာန ဖြစ်ပါသည်။ ကျေးလက်လမ်း ဖွံ့ဖြိုးရေးမဟာဗျူဟာ ၂၀၁၇-၂၀၃၀ ကို ၂၀၁၇ ခုနှစ်တွင်  Asia Development Bank (ADB)၏ အကူအညီနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ  ပူးပေါင်းရေးဆွဲခဲ့ ကြပါသည်။
မဟာဗျူဟာ၏  ရည်မှန်းချက်မှာ  ၂၀၃၀  ပြည့်နှစ်တွင်  မှတ်ပုံ တင်ထားသော ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် ရာသီမရွေးသွားလာ အသုံးပြုနိုင်သောလမ်းများဆောင်ရွက်ရန်   ဖြစ်ပါသည်။ လူဦးရေ ၁၀၀၀ အထက်ရှိသော ကျေးရွာအားလုံး ၂၀၂၀ ပြည့်နှစ်တွင် ၎င်းလူဦး ရေ ၅၀၀ နှင့်အထက် မှတ်ပုံတင်ထားသော  ကျေးရွာများ၏  ၉၅ ရာခိုင်နှုန်းအား ၂၀၂၅ ခုနှစ်တွင် ရာသီမရွေးသွားလာနိုင်သောလမ်းများ ဖြစ်ရန် လျာထားဆောင်ရွက်ခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လအထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ပူးပေါင်းစီမံခန့်ခွဲ လျက်ရှိသော မှတ်ပုံတင်ပြီးဖြစ်သည့်    ကျေးလက်လမ်းမိုင်ပေါင်း ၆၀၀၀၀ ရှိပါသည်။     ကျေးရွာချင်းဆက်လမ်း၏ ၆ ရာခိုင်နှုန်းသာ ရေပိတ်လွှာမျက်နှာပြင်ဖြစ်သည့် ကွန်ကရစ် သို့မဟုတ်   ကတ္တရာ မျက်နှာပြင်များဖြစ်ပြီး ၂၈ ရာခိုင်နှုန်းသော လမ်းများသည် အမာခံ လမ်း (ကျောက်အရောမျက်နှာပြင်   သို့မဟုတ် ကျောက်စရစ်မျက်နှာပြင် သို့မဟုတ် မြေနီ) မျက်နှာပြင်များ ဖြစ်ပါသည်။ ယင်းသည် ကျေးလက် လမ်းများ၏ သုံးပုံတစ်ပုံခန့်သည် လတ်တလော  အဆင့်မြှင့်ထား သော မျက်နှာပြင်များရှိနေပြီး   အများစုမှာ တစ်နှစ်ပတ်လုံး သွားလာ နိုင်မည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။ ကျန်ရှိသော ကျေးလက်လမ်း များ၏ သုံးပုံနှစ်ပုံသည်     မြေသားလမ်းများပါဝင်ပြီး ယင်းလမ်းများကို ခြောက်သွေ့ရာသီများတွင်သာ အသုံးပြုသွားလာနိုင်ပါသည်။  မိုင် ၆၀၀၀၀  အရှည်ရှိသော မှတ်ပုံတင်ပြီးသည့် ကျေးလက်လမ်းများ အပြင် မိုင် ၆၀၀၀ ခန့်အရှည်ရှိသော ဂျစ်ကားနှင့် ဆိုင်ကယ်များအတွက် လမ်းများ၊ လှည်းလမ်းများနှင့် လူသွားလမ်းများလည်း ရှိပါသေးသည်။ ၎င်းလမ်းအများစုသည်  ချင်းပြည်နယ်တွင်ရှိပါသည်။ မဟာဗျူဟာ ရေးဆွဲခဲ့သည့် ၂၀၁၇ ခုနှစ် ကာလ၌ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် လမ်းမျက်နှာပြင် အမျိုးအစားအလိုက် ကျေးလက်လမ်း(မိုင်) အခြေ ပြုပုံကို ဖော်ပြထားပါသည်-
 ဖော်ပြပါပုံအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   တာဝန်ယူဆောင်ရွက်သော ကွန်ကရစ်/ ကတ္တရာ၊ ကျောက်/ ဂဝံနှင့် မြေသားလမ်း မိုင်အနေဖြင့် ၄၇၁၅၃ မိုင်နှင့်   ရာခိုင်နှုန်းအနေဖြင့် ၈၀ ရာခိုင်နှုန်းရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် သော ကွန်ကရစ်/ ကတ္တရာ၊ ကျောက်/ဂဝံနှင့်     မြေသားလမ်းမိုင်အနေဖြင့် ၁၂၃၀၈ မိုင်နှင့် ရာခိုင်နှုန်းအနေဖြင့် ၂၀ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း လမ်းမိုင် ၅၉၄၆၁ မိုင်နှင့် ၁၀၀ ရာခိုင်နှုန်းအသီးသီး ဖြစ်ပါသည်။
မဟာဗျူဟာအကောင်အထည်ဖော်မှု
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  မဟာဗျူဟာအကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုအနေဖြင့် ခုနစ်နှစ်တာကာလအတွင်း (၂၀၁၇-၂၀၁၈ မှ ၂၀၂၃-၂၀၂၄ အထိ) ၁၉၄၂၈ မိုင်ကျော် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။
    လမ်းအမျိုးအစား        မိုင် / ဖာလုံ    တံတားအမျိုးအစား    အရေအတွက်    ပေ
    ကွန်ကရစ်လမ်း    -    ၂၅၂၅ / ၄.၂၇    ကွန်ကရစ်    -    ၃၄၅၁ စင်း    ၂၂၆၁၈၇ ပေ
    ကတ္တရာလမ်း    -    ၁၇၇၇ / ၀.၁    သစ်သား    -    ၈၄   စင်း    ၃၆၀၀    ပေ
    ကျောက်ချောလမ်း    -    ၃၁၇၃ / ၁.၆    ကြိုး/ ဘေလီ    -    ၂၅၁  စင်း    ၃၉၈၃၂   ပေ
    ဂဝံ/ ဂျင်းကျောက်    -    ၆၀၉၁ / ၂.၁၃    ရေကျော်    -    ၆၄၇ စင်း    ၄၈၆၈၁  ပေ
    မြေသားလမ်း    -    ၅၈၆၁ / ၁.၈၅    Box/ Pipe Culvert    -    ၉၆၀၄ စင်း    ၄၃၆၁၀  ပေ
    စုစုပေါင်း    -    ၁၉၄၂၈မိုင်/၁.၉၅ဖာလုံ     စုစုပေါင်း    -    ၁၄၀၃၇ စင်း     ၃၆၁၉၁၀ ပေ
ကျေးလက်လမ်း/ တံတားများ အကောင်အထည်ဖော်ဆောင်ရွက် ရန် ရန်ပုံငွေ(ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်) ရရှိမှုအနေဖြင့် အနည်းဆုံးခုနှစ်မှာ ၂၀၁၇ ဘဏ္ဍာနှစ်ဖြစ်ပြီး ၁၄၀ ဘီလီယံရရှိခဲ့၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အများဆုံး ၅၆၅ ဘီလီယံ ရရှိခဲ့သည်ကို  တွေ့ရပါသည်။
မြေသားလမ်းများသည် ခြောက်သွေ့ရာသီတွင်သာ သွားလာနိုင်ပြီး ဂဝံနှင့်ဂျင်းကျောက်များသည် မိုးနည်းဒေသများတွင်  ရာသီမရွေး သွားလာအသုံးပြုနိုင်ပါသည်။ ရာသီမရွေးသွားလာနိုင်သော လမ်းများ ဆောင်ရွက်နိုင်ခဲ့မှုသည် ၁၃၅၆၇ မိုင်/ ၀ ဒသမ ၁ ဖာလုံနှင့် မြေသား လမ်း ၅၈၆၁ မိုင်/ ၁ ဒသမ ၈၅ ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အစိုးရလက်ထက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့ သွတ်သွင်းဖွဲ့စည်းခဲ့ပြီး သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ ပေါင်းစပ်ညှိနှိုင်းပြီး ဌာနအလိုက် ဆောင်ရွက်သင့်သည့်လမ်းများ ကို အမျိုးအစားအလိုက် ခွဲဝေသတ်မှတ် ဆောင်ရွက်ခဲ့ကြပါသည်။
ဝန်ကြီးဌာနသုံးခုမှ ပိုပြီးဆောင်ရွက်နိုင်မည့်  အနေအထားဖြစ် ကြောင်း သုံးသပ်မိပါသည်။ သို့သော် ထိရောက်သည့် ပူးပေါင်းဆောင်ရွက် မှုရှိရန် လိုအပ်ခြင်းဖြစ်သည့်အတိုင်း ပုံမှန်ဆက်သွယ်ညှိနှိုင်းမှုအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်  တစ်နှစ် လျှင် နှစ်ကြိမ် ကျင်းပသည့် အစည်းအဝေးများတွင်လည်း ညှိနှိုင်း ဆောင်ရွက်သည့်စနစ် ချမှတ်ဆောင်ရွက်နေပါသည်။ ညှိနှိုင်းဆောင်ရွက် သည့်နေရာတွင် ကုန်ထုတ်လမ်းများနှင့် ကျေးလက်လမ်းကွန်ရက်များ ချိတ်ဆက်မှု၊ ရွာတွင်းလမ်းများနှင့်   ကျေးလက်လမ်းကွန်ရက်များ ချိတ်ဆက်မှု၊   ကျေးလက်လမ်းများနှင့်    မြို့ချင်းဆက်လမ်းများ ချိတ်ဆက်မှုများ စနစ်တကျရှိရေး၊   စီမံကိန်းများမထပ်စေရေးနှင့် ဦးစားပေးရွေးချယ်မှုများ ထိရောက်စေရေးတို့ကို မြို့နယ်အဆင့်မှသည် ပြည်ထောင်စုအဆင့်အထိ ညှိနှိုင်းတိုင်ပင် ပေါင်းစပ်ဆောင်ရွက် နေကြပါသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ        စီမံခန့်ခွဲခွင့်ရှိသော မှတ်ပုံတင်ထားသည့်လမ်းစာရင်းနှင့် မှတ်ပုံမတင်ရသေးသော်လည်း ဆောင်ရွက်ပေးထားမှု စာရင်းများအရ ၂၀၂၃-၂၀၂၄ နှစ်ကုန်တွင် လမ်းမိုင်ပေါင်း ၄၃၉၇၇ မိုင် ၄ ဖာလုံ ရှိပါသည်။
    (က)    ကွန်ကရစ်လမ်း    ၂၆၂၃ မိုင်    ၂.၈၃ ဖာလုံ
    ( ခ )    ကတ္တရာလမ်း    ၂၁၅၉ မိုင်    ၂.၄၆ ဖာလုံ
    ( ဂ )    ကျောက်လမ်း    ၅၁၈၂ မိုင်    ၅.၄၃ ဖာလုံ
    (ဃ)    ဂဝံ/မြေနီ/    ၄၁၅၅ မိုင်    ၄.၄၆ ဖာလုံ
        ကျောက်စရစ်
        (ရာသီမရွေး)
    ( င )    မြေသားလမ်း    ၂၅၉၁၃ မိုင်    ၁.၇၅ ဖာလုံ
        (ခြောက်သွေ့
        ရာသီ)
    ( စ )    ဆိုင်ကယ်လမ်း    ၃၉၄၃ မိုင်    ၃.၁၁ ဖာလုံ                    စုစုပေါင်း    ၄၃၉၇၇ မိုင်    ၄.၀၄ ဖာလုံ
ရာသီမရွေးသွားလာနိုင်သောလမ်းမှာ ၃၂ ဒသမ ၁၁ ရာခိုင်နှုန်းသာ ရှိပြီး ခြောက်သွေ့ရာသီမှ သွားလာနိုင်သော မြေသားလမ်းနှင့် အဆင့် မြှင့်ရန်လိုအပ်သည့် ဆိုင်ကယ်လမ်းများက ၆၇ ဒသမ ၈၉ ရာခိုင်နှုန်း ရှိခြင်းကြောင့် ၂၀၃၀ ပြည့်နှစ်အထိ ယခု ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်မှစ၍ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ခြောက်နှစ်အတွင်း မူလရည်မှန်းထား သည့် ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင်ရန်မှာ စိန်ခေါ်မှုများစွာ ရှိနေသည်ကို သုံးသပ်တွေ့ရှိရပါသည်။
စိန်ခေါ်မှုများ
အဓိကစိန်ခေါ်မှုများမှာ       ဒေသတည်ငြိမ်အေးချမ်းမှုမရှိ၍ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် လိုအပ်ချက်များပြီး ဒေသ တွင်းအခြေအနေများအရ ဖွံ့ဖြိုးရေးလုပ်ငန်းများ မလုပ်နိုင်သည်ကို တွေ့ရပါသည်။ ဒါ့အပြင်အခြေအနေအရ ၎င်းဒေသများတွင်  ပုံမှန် ဈေးနှုန်းထက် နှစ်ဆ/သုံးဆ များနေသည့်အတွက် စီးပွားရေးတွက်ခြေ ကိုက်မှုမရှိတာကို  တွေ့ရပါသည်။    ယင်းအခြေအနေများကြောင့် ဘဏ္ဍာငွေရရှိမှုသည်လည်း အကန့်အသတ်ရှိလာပါသည်။
ရာသီမရွေးသွားလာနိုင်မှု
ရာသီမရွေး သွားလာနိုင်သော ကျေးရွာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်တွင် ၁၈၈၈၃ ရွာရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်တွင် ၂၀၇၀၄ ရွာအထိ ရှိလာမည်ဖြစ်ပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ရမည့် ကျေးရွာပေါင်းမှာ စာရင်းများအရ ၄၁၆၂၀ ရွာရှိပြီး ၂၀၂၃ ခုနှစ် GAD စာရင်းအရ တစ်နိုင်ငံလုံးရှိ ကျေးရွာ ပေါင်း ၆၃၂၁၇ ရွာဖြစ်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံ ခန့်ခွဲသော ကျေးလက်လမ်းများကို အသုံးပြုမည့် ကျေးရွာများမှာ ၆၅ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ကြောင်းတွေ့ရှိရပါသည်။ မှတ်ပုံမတင် ရသေးသော ကျေးရွာများအတွက်ပါ  ဆောင်ရွက်နေရခြင်းကြောင့် ကျေးရွာ ၇၀ ရာခိုင်နှုန်းခန့်ကို    ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ကျန်ကျေးရွာများမှာ   ဆောက်လုပ်ရေးဝန်ကြီးဌာန၊    လမ်းဦးစီး ဌာနမှ ဆောင်ရွက်နေသော အမြန်လမ်းများ၊ မြို့ချင်းဆက်လမ်းများ ပေါ်တွင် ၁၅  ရာခိုင်နှုန်းမှ   ၂၀  ရာခိုင်နှုန်းအထိခန့်တည်ရှိပြီး မြို့ချင်း ဆက်လမ်းများပေါ်တွင်တည်ရှိ၍ ရာသီမရွေးသွားနိုင်သည့်  အနေ အထားဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော နယ်စပ်ဒေသလမ်းများ ပေါ်တွင် ၁၅ ရာခိုင်နှုန်း ခန့် ရှိနိုင်ကြောင်း သုံးသပ်ရရှိပါသည်။  ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့်  ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ မျှော်မှန်းချက်ထားပြီး မဟာဗျူဟာကို ဆောင်ရွက်လျက်ရှိပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် ရာသီမရွေးသွားလာနိုင်သော ကျေးရွာ ပေါင်း ၃၅၇၅၀ ခန့်ဖြစ်အောင် လျာထားဆောင်ရွက်မည်ဖြစ်၍ ၈၅ ရာခိုင်နှုန်းခန့် ရာသီမရွေးသွားလာနိုင်ရန်   မျှော်မှန်းထားပါသည်။
၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ လျာထားချက်နှင့် ရန်ပုံငွေ လိုအပ်မှု
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁   ဘဏ္ဍာနှစ်အထိ ခုနစ်နှစ်ကာလအတွင်း    ကျေးလက်လမ်းမိုင်ပေါင်း  ၂၄၇၀၇  မိုင်/ ၃ ဒသမ၂၅ ဖာလုံကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် လျာထားပြီး ရန်ပုံငွေလိုအပ်ချက် စုစုပေါင်း ၇၆၃၈ ဘီလီယံနှင့် တစ်နှစ်လျှင် ဘီလီယံ ၁၁၀၀ ခန့် လိုအပ်မည် ဖြစ်ပါသည်။ လျာထားချက်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းများအား အသုံးပြုသည့် ကျေးရွာအားလုံး၏ ၈၀  ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်ရန် ဖြစ်ပါသည်။
ပြည်နယ်/ တိုင်းဒေသကြီးဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလိုအပ်ချက်နှင့် လုပ်ငန်းစီမံချက်လျာထားမှု
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ  (၂၀၃၀-၂၀၃၁)   ဘဏ္ဍာနှစ်အထိ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးလက် လမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံ ငွေ လိုအပ်ချက်အနေဖြင့် စုစုပေါင်း ကျပ်သန်း ၇၆၃၈  ဘီလီယံရှိပြီး ဘဏ္ဍာရေးတစ်နှစ်အတွက် ပျမ်းမျှရန်ပုံငွေလိုအပ်မှုအနေဖြင့် ဘီလီယံ ၁၁၀၀ ခန့် လိုအပ်မည်ဖြစ်ပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ  ၂၀၃၀-၂၀၃၁  ဘဏ္ဍာနှစ်အထိ ခုနစ်နှစ် တာကာလအတွင်း  မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ    ကျေးလက်လမ်း လုပ်ငန်းများကို စီမံဆောင်ရွက်မည့်အခြေအနေမှာ-
    ကွန်ကရစ်/ကတ္တရာ/    -    ၅၇၇၀ မိုင်/၇.၇၄ဖာလုံ
    ကတ္တရာထပ်ပိုးလွှာ
    ကျောက်/ ဂဝံ/ မြေနီ    -    ၁၇၀၃၃ မိုင် / ၀.၆၈ ဖာလုံ
    မြေသား    -    ၁၉၀၃ မိုင် / ၂.၈၃    ဖာလုံ
    စုစုပေါင်း    -    ၂၄၇၀၇ မိုင်/ ၃.၂၅   ဖာလုံ
ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁  ဘဏ္ဍာနှစ်အထိ ခုနစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးလက် တံတားလုပ်ငန်းများကို စီမံဆောင်ရွက်သွားမည့် အခြေအနေမှာ-
တံတားအမျိုးအစား    အရေအတွက်    ပေ    
ကွန်ကရစ်    ၈၄၈     စင်း    ၅၈၃၉၁ ပေ
Submersible Bridge    ၁         စင်း    ၂၀၀       ပေ
ရေကျော်    ၄၃       စင်း    ၃၄၂၀    ပေ    
Box Culvert    ၄၃၃၂   စင်း    ၁၉၄၂၃  ပေ
အခြား    ၂၀၆     စင်း    ၄၂၆၄၉  ပေ
စုစုပေါင်း    ၅၄၃၀  စင်း    ၁၂၄၀၈၃ ပေ  တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကျေးလက်လမ်းကွန်ရက်များနှင့် စီးပွားရေးဖွံ့ဖြိုးမှု
ကျေးလက်လမ်းများဆောင်ရွက်မှုသည် ကျေးလက်စီးပွားမြင့်မား ရေးအတွက် များစွာအထောက်အကူဖြစ်၍ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။
ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး။    ။  ကုန်ထုတ်လမ်းများ၊ ကျေးလက်လမ်းများ ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များကို ဈေးကွက်များသို့  အလွယ်တကူ  ချောချော မွေ့မွေ့ ပို့ဆောင်နိုင်စေပြီး ထုတ်လုပ်မှုစွမ်းအားကို မြင့်တက်စေပါ သည်။ သစ်သီးဝလံများ၊ သားငါးများကို ဈေးကွက်သို့ အချိန်မီရောက်ရှိ စေခြင်းဖြင့် လတ်ဆတ်သော ထုတ်ကုန်များကို ဖြန့်ဖြူးစေနိုင်ပါသည်။
ကုန်ကျစရိတ်လျှော့ချနိုင်မှု။          ။ ကျေးလက်လမ်းများ ကောင်းမွန်ခြင်းကြောင့်  အချိန်ကိုသက်သာစေခြင်းနှင့်   သယ်ယူ ပို့ဆောင်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုစရိတ်ကိုလျှော့ချနိုင်ပြီး   စီးပွားရေးလုပ်ငန်းများ ပိုမိုထိရောက် အကျိုးများစေပါသည်။
အလုပ်အကိုင်ဖန်တီးမှု။     ။ လမ်းများကောင်းမွန်လာခြင်းနှင့် အတူ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု စသည့်အခြေအနေ များကြောင့် ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ပြီး အလုပ်လက်မဲ့ဦးရေကို လျှော့ချနိုင်ခြင်းအပြင် မိသားစုဝင်ငွေကိုလည်း တိုးပွားလာစေနိုင်ပါသည်။
အရင်းအနှီးရယူမှု။    ။ ကျေးလက်ဒေသလမ်းကွန်ရက် များ ကောင်းမွန်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍  ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု အခြေအနေများ တိုးပွားလာစေနိုင်ပါသည်။
ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ။    ။ ကျေးလက် ဒေသလမ်းကွန်ရက်များ ကောင်းမွန်လာမှုကြောင့် ကျေးလက်ဒေသ တွင် နေထိုင်သူ ကျေးလက်ပြည်သူများအတွက် ပညာရေးနှင့် ကျန်းမာ ရေးဆိုင်ရာ ဝန်ဆောင်မှုများကို လွယ်ကူစွာရရှိနိုင်ရန်  အထောက် အကူဖြစ်စေပါသည်။
သုံးသပ်တွေ့ရှိချက်များ
ကျေးလက်လမ်းမဟာဗျူဟာ အကောင်အထည်ဖော်နိုင်မှုကို ပြန်လည်သုံးသပ်ချက်၊ တွေ့ရှိချက်များမှာ-
    (က)    မြေပြင်အခြေအနေအမှန် လမ်းစာရင်းများ၊ လမ်းအမျိုး အစားများ၊ အသုံးပြုမှုများနှင့်  ဖွံ့ဖြိုးရေးအလားအလာ စာရင်းအချက်အလက်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် MIS စနစ်ထားရှိရန် လိုအပ်ပါသည်။
    ( ခ )    စီမံကိန်းလျာထားရာတွင်   မဟာဗျူဟာရည်မှန်းချက်ပါ ဦးစားပေးအစီအစဉ် ရွေးချယ်ရာတွင်   ကျေးရွာတစ်ရွာ အတွက် Core   Rural Road Network (CRRN) လမ်း ကွန်ရက်တစ်ခုရှိရေးကို ဦးစားပေးရန်။
    ( ဂ )    လူမှုရေးနှင့် စီးပွားရေးကို အကျိုးပြုမှုအများဆုံးကို ဦးစား ပေးလျာထားရန်။
    (ဃ)    Paved Road  ကွန်ကရစ်/ကတ္တရာလမ်းများ  အချိုးနှင့် မြေသားလမ်းများမှ ရာသီမရွေးသွားနိုင်မည့် ကျောက်ချော လမ်း/ဂဝံ/ ရိစာလမ်းများ လျာထားမှုကို အချိုးအစား မျှတ စွာ လျာထားရန်နှင့် စီမံချက်အတိုင်း လျာထားရန်။
    ( င )    ဝန်ထမ်းများ   စွမ်းဆောင်ရည်မြှင့်တင်ရေးကို   ဘက်စုံ ဆောင်ရွက်ရန်။
    ( စ )    အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အလေး ထားဆောင်ရွက်ရန်။
    (ဆ)    စီးပွားရေးတွက်ခြေကိုက်ပြီး အရည်အသွေးပြည့်မီသည့် လမ်းဒီဇိုင်းဖြစ်ရေး၊ ဒေသအလိုက်ထွက်ရှိသည့် ပစ္စည်း များကို စနစ်တကျဓာတ်ခွဲစမ်းသပ်ပြီး လမ်းဒီဇိုင်း ပြုလုပ် ရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်။
    ( ဇ )    ဌာနဆိုင်ရာများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက် ရန်။
    ( ဈ )    နှစ်စဉ်လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေသည် ကန့်သတ်ချက်ရှိ၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၊   ကျေးလက်ပြည်သူနှင့် ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများ၊ နည်းလမ်းများလည်း စဉ်းစားဆောင်ရွက်သင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ကျေးလက်လမ်းများသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် အလွန်အရေးကြီးပြီး    လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက်လည်း အလွန်ပင် အရေးပါပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါ၍ ကျေးလက် လမ်းမဟာဗျူဟာ ရည်မှန်းချက်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း အသုံးပြုသူ ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း ကြရန် တိုက်တွန်းရင်း ၂၀-၇-၂၀၂၄  ရက်နေ့တွင် ကျရောက်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြု ရေးသားလိုက်ရပါသည်။         ။