
စစ်တွေ ဇူလိုင် ၂၃
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က စစ်တွေမြို့ ဦးဥတ္တမခန်းမ အား အဆင့်မြှင့်တင်မှုလုပ်ငန်း များ ဆောင်ရွက်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် စစ်တွေမြို့ ဦးဥတ္တမခန်းမ အား အဆင့်မြှင့်တင်ဆောင်ရွက် ပြီးစီးမှုကို ဆောက်လုပ်ရေး လုပ်ငန်းတာဝန်ခံက လုပ်ငန်းစတင် ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက် ပြီးစီးနေမှတို့ကို ရှင်းလင်းတင်ပြ ရာ ပြည်နယ်ဝန်ကြီးချုပ်က ခန်းမ သန့်ရှင်းသာယာရေးနှင့် ခန်းမ အတွင်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး၊ ခန်းမအတွင်း LED ဘုတ်အား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး နှင့် နားနေခန်းအတွင်း လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးဥတ္တမပန်းခြံ အတွင်း ယာဉ်ရပ်နားရန်နေရာ၊ ပန်းခြံနှင့် အားကစားကွင်းများ ဆောင်ရွက်ပြီးစီးမှု လှည့်လည် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူ များက လိုက်လံရှင်းလင်းတင်ပြ သည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဦးဥတ္တမပန်းခြံအတွင်း မြေယာ ရှုခင်းများ ပြင်ဆင်ထားရှိမှု၊ ရေပန်းများ၊ လမ်းများအဆင့်မြှင့် တင်ဆောင်ရွက်ထားရှိမှု၊ ဆရာ တော် ဦးဥတ္တမရုပ်တု ရင်ပြင် သန့်ရှင်းသာယာရေးဆောင်ရွက် ထားရှိမှု၊ ပန်းခြံအတွင်း အားကစား ကွင်းများ ဆောင်ရွက်ထားရှိမှုတို့ ကို လှည့်လည်ကြည့်ရှု စစ်ဆေး ကြပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများအား မှာကြား ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)