MNL-2 ပြိုင်ပွဲ စတင်ကျင်းပပြီး Chinland အသင်း အနိုင်ရ

 

ရန်ကုန်   ဇူလိုင်   ၂၃
၂၀၂၄ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ပထမ နေ့ကို  ဇူလိုင် ၂၃ ရက်က စတင် ကျင်းပရာ   Chinland   အသင်း အနိုင်ရရှိသည်။
တက္ကသိုလ်ကွင်း၌   ကျင်းပ သည့်ပွဲတွင် Chinland အသင်းက ဧရာဝတီ        ရိန်းဂျားအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၂၀၂၃ ရာသီအပြီးတွင်  MNL မှ တန်းဆင်းလာရသည့်  Chinland အသင်း(ယခင် GFA အသင်း) သည်
ပထမဆုံးပွဲမှာပင်  နိုင်ပွဲရယူနိုင်ခဲ့ သည်။ ခြေစစ်ပွဲအောင်ပြီး MNL -2 တွင် ယှဉ်ပြိုင်ခွင့်ရသည့် ဧရာဝတီ  ရိန်းဂျားအသင်းသည်  အဖွင့်ပွဲမှာ ပင်    ရှုံးပွဲနှင့်    ရင်ဆိုင်ခဲ့ရသည်။ Chinland    အသင်းအတွက် ဂိုးများကို   ၁၂၊   ၄၈   မိနစ်တွင် ဟိန်းသက်ဖြိုး၊    ၇၂   မိနစ်တွင် လှဘုန်းဦးတို့က     သွင်းယူပြီး ဧရာဝတီရိန်းဂျားအသင်းအတွက် ချေပဂိုးတစ်ဂိုးကို  ၆၂ မိနစ်တွင် ထိုက်သူဟန်က  သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို Chinland အသင်းမှ လှဘုန်းဦးက ရရှိသည်။
ပဒုမ္မာကွင်း၌    ကျင်းပသည့် ပွဲတွင် ကချင်ယူနိုက်တက်အသင်း နှင့်   ရာမညယူနိုက်တက်အသင်း တစ်ဂိုးစီသရေကျခဲ့သည်။ အသင်း သစ် ရာမညယူနိုက်တက်အသင်း သည်  ၃၂ မိနစ်တွင် ဆန်းမြင့်နိုင် သွင်းယူသည့်ဂိုးဖြင့်   မိနစ် ၉၀ အထိ   ဦးဆောင်နိုင်သော်လည်း ကချင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို    ၉၀+၁ မိနစ်တွင် ဂျာနော်က သွင်းယူခဲ့သည်။ ယခုပွဲ အတွက်     အကောင်းဆုံးဆုကို ရာမည       ယူနိုက်တက်အသင်း ခေါင်းဆောင်    ဆန်းမြင့်နိုင်က ရရှိသည်။
ပွဲစဉ်  (၁)   ဒုတိယနေ့အဖြစ် ဇူလိုင် ၂၄ ရက်    (ယနေ့)    တွင် တက္ကသိုလ်ကွင်း၌    တက္ကသိုလ် အသင်းနှင့်  ငွေကြယ်ပွင့်အသင်း၊ စလင်းကွင်း၌ Glory Goal အသင်း နှင့်    ရွှေပြည်သာယူနိုက်တက် အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ-MNL