
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့်
သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ရန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ဇူလိုင် ၂၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက် နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော် ဈာပနအခမ်းအနားသို့ တက် ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ စစ်သံမှူး နှင့် သံရုံးမှတာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။
ကျင်းပပြုလုပ်သွားမည်
ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက် ၏ နိုင်ငံတော်ဈာပနအခမ်းအနား ကို ဟနွိုင်းမြို့ရှိ အမျိုးသားဈာပန ခန်းမ၌ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်