
နေပြည်တော် ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မြသိန်းတန် ဘုရားအနီးရှိ ရှားရောင်းကျေးရွာ၊ မင်းကွန်း (မြောက်)ရွာနှင့် မင်းကွန်း(တောင်)ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးမှု ကြောင့် ဈေးဆိုင်ခန်းများနှင့် နေအိမ်အများ အပြား မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ခြောက်ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွား သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ် မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၃ ရက် နံနက်ပိုင်း က မင်းကွန်းကျေးရွာအနီးသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံ ပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့နောက် လုံခြုံ ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကြောင့် PDF အမည်ခံအကြမ်းဖက် သမားများ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသည့် PDF အမည်ခံအကြမ်းဖက်သမားများက ဆုတ်ခွာ ထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ လျှပ်စစ် မီးကြိုးများကို ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် အချို့တွင် ဝိုင်ယာရှော့ဖြစ်ပြီး မီးလောင်ခဲ့ ရာ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သော် လည်း အဆိုပါမီးလောင်မှုကြောင့် ကျေးရွာ အတွင်း ရေပေးဝေသည့် ရေပိုက်လိုင်းများ မီးလောင်ပျက်စီးခဲ့ကြောင်း၊ နေအိမ် ခြောက်လုံးမှာလည်း မီးလောင်ပျက်စီးသွားခဲ့ ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမား များသည် ဘုရားစေတီပုထိုးများကို ဖူးမြော် ကြည်ညိုရန် လာရောက်သည့် ပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ် မှုများဖြင့် စည်ကားလျက်ရှိသည့် စစ်ကိုင်း မြို့နယ် မင်းကွန်းကျေးရွာကို တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်အတွက် အကြမ်းဖက် လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ် ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မဟုတ်မမှန် စွပ်စွဲရေးသားပြီး ပြည်သူများ အထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်