အမေရိကန်သမ္မတဟောင်းထရမ့်နှင့် နေတန်ယာဟုတို့ ယခုသီတင်းပတ်အတွင်း တွေ့ဆုံမည်

 

ဝါရှင်တန် ဇူလိုင် ၂၄


အမေရိကန် သမ္မတဟောင်းဒေါ်နယ်ထရမ့်က လာမည့် ဇူလိုင် ၂၆ ရက်တွင်  အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံမည် ဟု ပြောကြားခဲ့သည်။ ထရမ့်က ဖလော်ရီဒါရှိ ၎င်း၏ Mar-a-lago အိမ်ရာတွင်  နေတန်ယာဟု အား ကြိုဆိုရန်မျှော်လင့်ထားကြောင်း  လူမှု ကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။


နေတန်ယာဟုသည် ယခုအခါ အမေရိကန် တွင်   လာရောက်လည်ပတ်နေပြီဖြစ်သည်။ ထရမ့်က     ၎င်းအမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က အရှေ့အလယ် ပိုင်းဒေသမှာ   ငြိမ်းချမ်းပြီး    တည်ငြိမ်မှုရှိ ကြောင်း လူမှုကွန်ရက်မီဒီယာတွင် ပြောကြား ခဲ့သည်။   အစ္စရေးနှင့်    ဟားမားစ်တို့ကြား အပစ်အခတ်ရပ်စဲရေး          အောင်မြင်ရန် မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။  


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သမ္မတ ရွေးကောက်ပွဲမှ     နုတ်ထွက်လိုကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်သည် ယခု အခါ  ဒီမိုကရက်တစ်ပါတီ၏  သမ္မတလောင်း ဖြစ်လာဖွယ်ရှိသည်။
ထရမ့်သည်   ၎င်း၏    ခေါင်းဆောင်မှု စွမ်းရည်ကိုပြသရန် ကြိုးပမ်းမှုအဖြစ် ကမ္ဘာ့ ခေါင်းဆောင်များနှင့်  မကြာသေးမီက စကား ပြောဆိုခဲ့သည်။              

အင်န်အိတ်ချ်ကေ