ပါရီအားကစားပြိုင်ပွဲတွင် အစ္စရေးကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုရေး အိုင်အိုစီသို့ ပါလက်စတိုင်းအိုလံပစ်ကော်မတီ တောင်းဆို

 

ဂျေရုဆလင်   ဇူလိုင်   ၂၄


ပါလက်စတိုင်း အိုလံပစ်ကော်မတီ သည်       လာမည့်ပါရီအိုလံပစ် အားကစားပြိုင်ပွဲတွင်     အစ္စရေးကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုရေး      နိုင်ငံ တကာ         အိုလံပစ်ကော်မတီ (အိုင်အိုစီ)   သို့   တောင်းဆိုလိုက် ကြောင်း သိရသည်။


တနင်္လာနေ့တွင်     အိုင်အိုစီ ဥက္ကဋ္ဌ  သောမတ်စ်ဘတ်ချ်ထံသို့ တရားဝင်       စာတစ်စောင်ပေးပို့ခဲ့ ကြောင်း   ပါလက်စတိုင်းအိုလံပစ် ကော်မတီက ပြောသည်။ အစ္စရေး သည် လွန်ခဲ့သည့် နိုဝင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ က  အတည်ပြုခဲ့သော ဆုံးဖြတ် ချက်တစ်ရပ်ကို      ချိုးဖောက် ကြောင်း  ယင်းစာထဲတွင်   အခိုင် အမာ ဖော်ပြထားသည်။


ကုလသမဂ္ဂ         အထွေထွေ ညီလာခံက    အတည်ပြုခဲ့သော ဆုံးဖြတ်ချက်တွင် အိုလံပစ်ပြိုင်ပွဲ မဖွင့်မီ   ခုနစ်ရက်မှ     မသန်စွမ်း အားကစားပြိုင်ပွဲ ပိတ်ပွဲပြီးနောက် ခုနစ်ရက်အထိ   ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခအားလုံးကို      အိုလံပစ် အပစ်အခတ်        ရပ်စဲရေးအတွက် တောင်းဆိုထားကြောင်း       ဖော်ပြ ထားသည်။


ထို့အပြင်    ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ကလည်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်     (ဖီဖာ) သို့  စာတစ်စောင်ပေးပို့ခဲ့ပြီး  အိုလံပစ် ပြိုင်ပွဲတွင်      အစ္စရေးအသင်းကို ပါဝင်ယှဉ်ပြိုင်ခွင့်           မပြုရန် တောင်းဆိုထားသည်။   အစ္စရေး အသင်းသည်         ဗုဒ္ဓဟူးနေ့တွင် ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ်       မာလီ အသင်းနှင့်    ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။


ယင်းစာထဲတွင် ယခုလိုအခြေ အနေတွင်   အစ္စရေးအသင်းကို ပြိုင်ပွဲများ၌    ဝင်ရောက်ယှဉ်ပြိုင် ကစားခွင့်ပြုမည်ဆိုပါက  ဖီဖာ၏ အခြေခံ            ရည်မှန်းချက်များ၊ လူ့အခွင့်အရေးအပေါ်   လေးစား လိုက်နာမှုနှင့်   ခွဲခြားဆက်ဆံမှု မရှိစေရေးမူများကို     ထိခိုက်ရာ ရောက်ကြောင်း            ဖော်ပြထား သည်။            

အင်န်အိတ်ချ်ကေ