မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ အိုလံပစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်- ၅ ယာမာဂူချီနှင့် စတင်ယှဉ်ပြိုင်ရမည်

 

ရန်ကုန်  ဇူလိုင်  ၂၅


ပြင်သစ်နိုင်ငံ၌    ကျင်းပလျက်ရှိ သည့်  ၂၀၂၄   ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက် တွင်    စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာ ကြက်တောင်အားကစား မယ် သက်ထားသူဇာသည် ကမ္ဘာ့ အဆင့်- ၅ ရှိ ဂျပန်နိုင်ငံသူနှင့် အုပ်စု အဖွင့်ပွဲ   ကစားရမည်ဖြစ်သည်။


ကြက်တောင်ပြိုင်ပွဲ      အုပ်စု ပွဲစဉ်များကို ဇူလိုင်  ၂၇   ရက်တွင် စတင်မည်ဖြစ်ပြီး   မြန်မာကြက်တောင်အားကစားမယ်   သက်ထား သူဇာသည် အုပ်စု (C)၌   ဂျပန်နိုင်ငံသူ    ယာမာဂူချီ၊ ကနေဒါနိုင်ငံသူ မီချယ်လီတို့နှင့်   ကျရောက်နေသည်။    အုပ်စုပွဲစဉ်     ရေးဆွဲထားမှု အရ သက်ထားသူဇာသည် အုပ်စုအဖွင့်ပွဲအဖြစ် ဇူလိုင် ၂၇ ရက်တွင် ကမ္ဘာ့အဆင့်  ၅ ရှိ   ဂျပန်နိုင်ငံသူ   ယာမာဂူချီနှင့်   ကစားရမည်ဖြစ် သည်။


သက်ထားသူဇာသည်   အိုလံပစ်ပြိုင်ပွဲတွင်   နှစ်ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။


ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-BWF