အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေး

 

ဝါရှင်တန်   ဇူလိုင်   ၂၆


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီး ချုပ်   ဘင်ဂျမင်နေတန်ယာဟုတို့သည်   ဇူလိုင်  ၂၅ ရက်က အိမ်ဖြူတော်တွင်  တွေ့ဆုံခဲ့ပြီး    ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး     သဘောတူညီမှုရရှိရန် ကြိုးပမ်းနေမှုများနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ  ပဋိပက္ခများဖြေရှင်းနိုင်ရေး  ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


အောက်တိုဘာလအတွင်း အမေရိကန် သမ္မတ ဘိုင်ဒင် အစ္စရေးသို့  သွားရောက်ခဲ့ပြီးနောက်  ပထမဆုံး အကြိမ်အဖြစ်   ခေါင်းဆောင်နှစ်ဦး  လူချင်းတွေ့ဆုံ ကြခြင်းဖြစ်သည်။      အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ အစ္စရေးနှင့်ဟားမားစ်တို့ကြား  ကွာဟ ချက်များရှိနေသော်လည်း သဘောတူညီချက်တစ်ခု ရရှိရန်  ယခင်ကထက်  ပို၍နီးကပ်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်  အမျိုးသားလုံခြုံရေး   ဆက်သွယ်ရေး အကြံပေး    ဂျွန်ကာဘီက   ဆက်လက်ပြောကြား ခဲ့သည်။  


ခေါင်းဆောင်များသည်  ဟားမားစ်တို့ဖမ်းဆီးထားသည့်အမေရိကန် ဓားစာခံများ၏ မိသားစုဝင်များ နှင့်လည်း  တွေ့ဆုံခဲ့သည်။ ထို့နောက်  နေတန်ယာဟု သည်   ဒုတိယသမ္မတ   ကာမလာဟားရစ်နှင့်လည်း တွေ့ဆုံခဲ့သည်။ ဘိုင်ဒင်နှင့် ဟားရစ်တို့ကြား အပြည့် အဝ ညီညွတ်မှုကို အစ္စရေးအနေဖြင့် တွေ့မြင်ရမည် ဖြစ်ကြောင်း    အမေရိကန်အဆင့်မြင့်  အရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။  နေတန်ယာဟုသည် အမေရိကန်သမ္မတဟောင်း   ဒေါ်နယ်ထရမ့်နှင့် လည်း ဇူလိုင် ၂၆  ရက်တွင် တွေ့ဆုံရန် ဖလော်ရီဒါသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။  


အင်န်အိတ်ချ်ကေ