
ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှ ပြင်သစ်နှင့် ကိုလံဘီယာအသင်း ပွဲစဉ်ကို ဇူလိုင် ၂၆ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ် အသင်းက အကြိတ်အနယ်ကစား ပြီး သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
ပြင်သစ်အသင်းသည် ပထမ ပိုင်းပွဲချိန်တွင် ပြိုင်ဘက်ကို သုံးဂိုး ပြတ် ဦးဆောင်ထားနိုင်သော် လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးနှစ်ဂိုး ပြန်လည်ခွင့်ပြုပေး ခဲ့ရသည့်အတွက် နိုင်ပွဲရရှိရေး ရုန်းကန်ခဲ့ရသည်။
ကိုလံဘီယာ အသင်းသည် တိုက်စစ် စွမ်းဆောင်ရည်ပိုင်း သာလွန်မှုရှိသော်လည်း အဆုံး သတ်ပိုင်း လိုအပ်ချက်ရှိခဲ့သည်။ ပွဲကစားချိန် ၈၂ မိနစ်တွင် ကိုလံ ဘီယာအသင်းမှ တောင်ပံတိုက်စစ် ကစားသမား ရာမီးရက်ဇ် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။
လာမည့်ပွဲစဉ်(၂)တွင် ပြင်သစ် အသင်းက ကနေဒါအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ကိုလံဘီယာအသင်းက နယူး ဇီလန်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။
ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှ အခြားသော ပွဲစဉ်ရလဒ်များတွင် စပိန်က ဂျပန် ကို နှစ်ဂိုး - တစ်ဂိုး၊ ကနေဒါက နယူးဇီလန်ကို နှစ်ဂိုး - တစ်ဂိုး၊ ဂျာမနီက ဩစတြေးလျကို သုံးဂိုး-ဂိုးမရှိ၊ ဘရာဇီးက နိုင်ဂျီးရီးယား ကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲများရရှိ ခဲ့ပြီး အမေရိကန်နှင့် ဇမ်ဘီယာ အသင်းပွဲစဉ်တွင်လည်း အမေရိကန် အသင်းက တစ်ယောက်လျော့ ဇမ်ဘီယာအသင်းကို သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။
အောင်ဇော်