အိုးမကွာ အိမ်မကွာ မိသားစုဝင်ငွေတိုးရေး

 

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသ များတွင် နေထိုင်ကြခြင်းဖြစ်ရာ ကျေးလက်ဒေသများကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်းက        နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင်   အရေးပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ    ဆောင်ရွက်ရာတွင်     ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် မိသားစုဝင်ငွေတိုးပွားရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ ပါဝင်လျက်ရှိသည်။


ကျေးလက်နေပြည်သူများ၏   မိသားစုဝင်ငွေတိုးပွားရေး အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက် ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစကာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းမှ “ဝင်ငွေတိုးစီမံကိန်း” ကို အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ကျေးလက်ပြည်သူများ ဝင်ငွေတိုးပွား စေရေးအတွက် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်စေရန် အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိသကဲ့သို့ လုပ်ငန်းသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။
ဝင်ငွေတိုးစီမံကိန်းအရ ကျေးရွာများကို ရွေးချယ်ရာတွင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် အလားအလာရှိခြင်း၊ ထုတ်ကုန်များကို ဈေးကွက် သို့ ပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့ပြီး ဒေသ ဖွံ့ဖြိုးရေးအတွက် အချက်အချာကျခြင်း၊ ကျေးရွာသူ ကျေးရွာသား များသည် အသေးစားကုန်ထုတ်လုပ်ငန်းများအပေါ် စိတ်ဝင်စားမှု ရှိပြီး လုပ်ငန်းထူထောင်ရန်  စိတ်အားထက်သန်ခြင်း၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများ   ပေါများစွာထွက်ရှိခြင်း၊   လူငယ်လူရွယ် များ    အလုပ်အကိုင်အခွင့်အလမ်းရှားပြီး     အလုပ်လက်မဲ့ဦးရေ များခြင်း စသည့်အချက်များအပေါ်   အခြေခံ၍ ရွေးချယ်ခြင်းဖြစ် သည်ဟု သိရသည်။


ဝင်ငွေတိုးစီမံကိန်းအရ   နည်းပညာဆိုင်ရာသင်တန်းများ ကို  သင်ကြားပေးလျက်ရှိရာတွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း၊  လက်မှုထည်ထုတ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊       သံဂဟေဆက်နည်းပညာသင်တန်း၊ တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်မှုနည်းပညာသင်တန်း၊ မော်တော် ဆိုင်ကယ်ပြုပြင်ခြင်းနည်းပညာသင်တန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း များ ပြုပြင်ခြင်းနည်းပညာသင်တန်း၊ လက်ရက်ကန်း၊ စက်ရက်ကန်း နှင့် ရိုးရာဂျပ်ခုတ်ဆိုင်ရာနည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာ သင်တန်း   စသည်တို့အပါအဝင်     နည်းပညာသင်တန်းများကို လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်စေရန် သင်ကြားပေးခြင်းဖြစ်ပြီး  သင်တန်းတွင် ထူးချွန်သူ၊ လုပ်ငန်း ထူထောင်ရန်ဆန္ဒရှိသူ၊     အမြော်အမြင်   ဗဟုသုတရှိသူတို့မှာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  ကူညီပံ့ပိုးပေးမှု ဖြင့် လုပ်ငန်းများထူထောင်လာနိုင်သည်။


ကျေးလက်နေပြည်သူများ၏ အဓိကစီးပွားရေးမှာ လယ်ယာ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းသဘာဝအရ ရာသီအချိန်အလိုက်သာ ဆောင်ရွက်ရခြင်း၊ မိသားစုအတွင်း အလုပ်လုပ်ကိုင်နိုင်သူဦးရေများရှိနေခြင်း စသည် တို့ကြောင့် အချိန်နှင့်လုပ်အား  ပိုလျှံမှုများရှိနေလေ့ရှိသည်။ ၎င်း မိသားစုများ အပိုဝင်ငွေရရှိနိုင်ရေးအတွက် အစိုးရက ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖော်ဆောင်ပေးကာ လုပ်အားခပေးချေခြင်းဖြင့် ဝင်ငွေရရှိစေသော်လည်း ယင်းနည်းလမ်းသည် အစဉ်အမြဲ ဝင်ငွေ ရရှိစေနိုင်သည့်      နည်းလမ်းမဟုတ်ခြင်းကြောင့်     နည်းပညာ သင်တန်းများပေးခြင်း၊  ငွေကြေးအရင်းအနှီးနှင့်   လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးပြီး အိုးမကွာ အိမ်မကွာ လုပ်ငန်းများ ထူထောင်စေခြင်းက သားစဉ်မြေးဆက်အထိ ရေရှည်အကျိုး ဖြစ်ထွန်းစေနိုင်သည်။


ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေး၊ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေး အတွက် နိုင်ငံတော်က စီမံကိန်းများချ၍ ဖော်ဆောင်ပေးလျက်ရှိ ရာတွင် ကျေးလက်နေပြည်သူများ၏ စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်မှုလိုအပ်သည်။ မိမိတို့နေထိုင်ရာ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုမှ မိမိတို့ကိုယ်တိုင် ရုန်းထွက်နိုင် ရေးအတွက် အခွင့်သာသည့်အခိုက်တွင် အားစိုက်ခွန်စိုက် လုံ့လ ဝီရိယစိုက်၍ ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။         ။