အိမ်နီးချင်းတပ်မတော်၏ တည်ဆောက်ထုဆစ် (၉၇) နှစ်

Type
7

 

အမောင်

 

နိုင်ငံတော်ဟုသတ်မှတ်ရာတွင် လူဦးရေ၊ နယ်မြေ၊ အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာ   အသိအမှတ်ပြုမှုစသည့် အင်္ဂါရပ် ငါး  ရပ်ပါဝင်မှ  ပြည့်စုံမည်ဖြစ် သည်။ ထိုအင်္ဂါ ၅ ရပ်နှင့် ပြည့်စုံသော နိုင်ငံတော်ကို ယနေ့ကမ္ဘာ့နိုင်ငံအများစုကြုံတွေ့နေရသော ဘက်စုံစစ်ပွဲအသွင်က ကာကွယ်နိုင်ရန်အတွက်     နိုင်ငံတိုင်း တွင်       ခေတ်မီစွမ်းအားပြည့်ဝသော တပ်မတော်တစ်ရပ် ဖွဲ့စည်းတည်ဆောက် ကြရပါသည်။  နိုင်ငံတိုင်းအတွက်  အလို အပ်ဆုံးသော၊  အရေးပါဆုံးသော   မရှိ မဖြစ် အဖွဲ့အစည်းမှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေသည့်  တပ်မတော် ပင်ဖြစ်ပါသည်။
ကြံ့ခိုင်သော တရုတ်ပြည်သူ့
လွတ်မြောက်ရေးတပ်မတော်
၁၉၂၇ ခုနှစ်၊  ဩဂုတ်လ ၁ ရက်တွင် တရုတ်ပြည်သူ့           လွတ်မြောက်ရေး တပ်မတော်ကို      စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအချိန်သည်  တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကြီးအဖြစ်ကြေညာခြင်း မပြုရ သေးပေ။  တရုတ်ပြည်သူ့  လွတ်မြောက် ရေးတပ်မတော်၏ သမိုင်းဖြစ်စဉ်သမိုင်း သည်   ၁၉၃၃   ခုနှစ်တွင်    စတင်၍ အတည်ပြုခဲ့သည်။  တရုတ်ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှုဖြင့် တပ်နီတော်အား အလုပ်သမား၊  တောင်သူလယ်သမားတို့ ကို အခြေခံဖွဲ့စည်းခဲ့ကြသည်။ အင်အား ၈၀၀၀၀ ကျော်ဖြင့်   ခရီးရှည်ချီတက်ပွဲ ဆင်နွှဲခဲ့ကြရာ  ခေါင်းဆောင်ကြီး  မော်စီ တုံးက ဦးဆောင်ခဲ့သည်။ တပ်နီတော်၏ ခရီးစဉ်သည်    တောင်တန်းကြီး   ၁၈ တောင်၊ မြစ်ပေါင်း ၂၄ မြစ်ကို ဖြတ်ကျော် ခဲ့ပြီး  သဲကန္တာရ၊   နွံအိုင်များကိုလည်း ဖြတ်ကျော်ခဲ့ကြရသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး      တပ်မတော်သည် ချန်ကေရှိတ်၏  ကူမင်တန်တပ်များနှင့် စစ်ပွဲပေါင်းများစွာ        ဆင်နွှဲခဲ့ရပြီး ပြည်တွင်းစစ်၊ ပြည်ပစစ်ကိုလည်း ပါဝင် ခဲ့ကြရသည်။
မည်သည့်နိုင်ငံမဆို    အချုပ်အခြာ အာဏာမတည်မြဲလျှင်၊ သို့မဟုတ် အချုပ် အခြာအာဏာကို  မကာကွယ်နိုင်လျှင် လွတ်လပ်ရေးဆုံးရှုံးခြင်းပင်  ဖြစ်သည်။ မျက်မှောက်ခေတ်တွင်  နိုင်ငံတိုင်းသည် ကာကွယ်ရေးစွမ်းအား       မြင့်မားသည့် တပ်မတော်တစ်ရပ်ကို   ထူထောင်ရန် လိုအပ်ပေသည်။ ကမ္ဘာ့သမိုင်းစာမျက်နှာ များကို သင်ခန်းစာယူလျှင် ကာကွယ်ရေး စွမ်းအားလျော့နည်းချိန်တွင်   နယ်ချဲ့ ကျူးကျော်မှုကို ခံရတတ်သည်။ တရုတ် နိုင်ငံသည် ၁၈၉၄-၁၈၉၅ ခုနှစ်တွင် တစ် ကြိမ်၊ ၁၉၃၇-၁၉၄၅ ခုနှစ်တွင် တစ်ကြိမ် ဂျပန်တို့၏ ကျူးကျော်ခြင်းခံခဲ့ကြရသည်။ အချုပ်ပြောရလျှင်     တရုတ်နိုင်ငံသည် ဗြိတိသျှ၊ ဂျပန်တို့၏  ကျူးကျော်ခြင်းကို ခံခဲ့ရပြီး   ကိုလိုနီကျွန်ဘဝရောက်ခဲ့ရ သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အတိတ်တွင်ကြုံတွေ့ခဲ့ ရသော   နိုင်ငံ၏  ခါးသီးခြင်းဝေဒနာကို သင်ခန်းစာယူ၍ ခေတ်မီတိုးတက်သည့် တပ်မတော်တစ်ရပ်ကို   ထူထောင်ခဲ့ကြ သည်။ သမ္မတ ကျန်ဇီမင်း၏ ခေတ်သစ် စစ်ရေးမူဝါဒ          ထုတ်ပြန်ချက်တွင် “အနာဂတ်တွင်ဖြစ်ပွားမည့်   စစ်ပွဲများ တွင်  နည်းပညာမြင့်မားသော   စစ်ပွဲ၊ ဘက်စုံစစ်ပွဲ၊ အီလက်ထရွန်နစ်စစ်ပွဲနှင့် ဒုံးလက်နက်စစ်ပွဲတို့ ပါဝင်ကြမည်ဖြစ်ပြီး တရုတ်ပြည်သူ့        လွတ်မြောက်ရေး တပ်မတော်အနေဖြင့်  လက်တွေ့ကျကျ တိုက်ပွဲဝင်အသင့်ဖြစ်စေရမည်”ဆိုသည် မှာ တရုတ်နိုင်ငံ၏ အနာဂတ်တပ်မတော် လက္ခဏာအသစ်ပင်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အချုပ်အခြာအာဏာ  လုံခြုံ ရေး၊    နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာကွယ်ခြင်း၊   အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး    အကျိုးစီးပွားနှင့် တရုတ်ပြည်သူတို့၏   အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို လည်း အခြေခံ၍   တရုတ်နိုင်ငံ၏  နိုင်ငံတော် ကာကွယ်ရေးမူဝါဒကို   ချမှတ်ခဲ့ခြင်းပင် ဖြစ်သည်။
တရုတ်ပြည်သူ့   လွတ်မြောက်ရေး တပ်မတော်(PLA)တွင် ကြည်းတပ်ကဏ္ဍ ၌     ခေတ်မီစစ်လက်နက်   ပစ္စည်းများ၊ စွမ်းအားပြည့်ဝသော       စစ်သည်များ ပိုင်ဆိုင်ခြင်း၊    ရေတပ်ကဏ္ဍ၌လည်း မဟာဗျူဟာမြောက်   စစ်ဆင်ရေးများကို    အခိုင်အမာ            တည်ဆောက်နိုင်ရန် အတွက် တတိယမြောက် လေယာဉ်တင် သင်္ဘောအထိ   လက်ဝယ်ရှိပြီးဖြစ်သည့် အပြင် လေတပ်ကဏ္ဍ၌လည်း တိုက်လေ ယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ရှေ့ပြေး သတိပေးလေယာဉ်များ၊ ကင်းထောက် လေယာဉ်နှင့်       ရဟတ်ယာဉ်စသည့် နည်းပညာမြင့်  မျိုးဆက်သစ်လေယာဉ် များစွာကို      ပိုင်ဆိုင်နေပြီဖြစ်သည်။ ထို့အပြင် လေကြောင်းရန်ကာကွယ်ရေး စနစ်၊  ဒုံးစနစ်၊ AI နည်းပညာ၊ Drone စနစ်များတွင် အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ခေတ်သစ်တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်သည် ကမ္ဘာ့စစ်အင်အား ကြီးနိုင်ငံများထဲတွင်        ပါဝင်လျက်ရှိပါ သည်။
မြန်မာ၏
ထာဝရအိမ်နီးချင်းကောင်း
အနောက်တိုင်း      စကားပုံတစ်ခုက “You can change friends, but not neighours” ဖြစ်သည်။ အဓိပ္ပာယ်က       “မိတ်ဆွေများကိုပြောင်းချင်သလောက် ပြောင်းနိုင်သည်။     သို့သော်     သင် မပြောင်းနိုင်တာက   အိမ်နီးနားချင်းပါ” ဟူ၍ဖြစ်သည်။ ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင်   မြန်မာနှင့်တရုတ်နိုင်ငံတို့၏  ငြိမ်းချမ်းစွာ      အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် (The Five Principles of Peaceful Coexistence) ကို  ကမ္ဘာသို့ ပူးတွဲကြေညာခဲ့ကြသည်။    ထိုစဉ်က မြန်မာနိုင်ငံသို့       ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း   ဦးစီး၍  တရုတ်-မြန်မာ နှစ်နိုင်ငံတို့၏          သမိုင်းစာမျက်နှာ အသစ်ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)  ရပ်ကို    စတင်ကြေညာသည့် ၁၉၅၄ ခုနှစ်မှစ၍  နောင်နှစ်ပေါင်းများစွာ အထိ တစ်နိုင်ငံနှင့်  တစ်နိုင်ငံ   ကြီးနိုင် ငယ်ညှဉ်းကင်းကင်း   တန်းတူရည်တူ  အပြန်အလှန်     လေးစားဆက်ဆံခဲ့ကြ သည်မှာ ယနေ့တိုင်ဖြစ်သည်။
ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီး သည် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်း ရေးရရှိရေး၊     ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်   အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။  တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်စိတ်ချရမှုများ       ရရှိစေရန် ကြိုးစား      ဆောင်ရွက်လျက်ရှိကြ၏။ မြန်မာနိုင်ငံသည်လည်း   ကမ္ဘာ့အခြေ အနေအရပ်ရပ်နှင့်   လိုက်လျောညီထွေ ဖြစ်စေမည့် ကာကွယ်ရေး၊ နိုင်ငံခြားရေး နှင့်   စီးပွားရေးမူဝါဒများကို   ချမှတ် အကောင်အထည်ဖော်    လျက်ရှိသည်။ မြန်မာ့အရေးနှင့်   ပတ်သက်လာတိုင်း ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်း ဟူသော ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်း ဟူသောခံယူချက်ဖြင့် တရုတ်နိုင်ငံသည် သမိုင်းစဉ်ဆက်    သက်သေထူလျက်ရှိ သည်။ တစ်ချိန်တစ်ခါက တရုတ်-မြန်မာ တို့ ချုပ်ဆိုခဲ့သည့်  နယ်နိမိတ်စာချုပ်သည် နှစ်နိုင်ငံခေါင်းဆောင်များနှင့်ပြည်သူများ ကြားထားရှိသည့်     ဆွေမျိုးပေါက်ဖော် စိတ်ဓာတ်များကို    ဖော်ထုတ်ပြသခဲ့ခြင်း ပင်ဖြစ်သည်။    ထိုစဉ်က    တရုတ်နှင့် မြန်မာတို့သည်    ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး   (၅)ရပ်ပါ    အတိုင်း တစ်ဖက်နှင့်တစ်ဖက်   နားလည်မှုရှိစွာ ဆောင်ရွက်ခဲ့သောကြောင့် အခြားသောကမ္ဘာ့အဖွဲ့အစည်းများကပင်   စံနမူနာ အတုယူခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။
ခေတ်အဆက်ဆက်   မြန်မာဘုရင် မင်းများနှင့် တရုတ်ဧကရာဇ်မင်းများ၏ နှစ်နိုင်ငံဆက်ဆံရေးအပြင်    တပ်မတော် နှစ်ရပ်ဆက်ဆံရေးသည်    ရွှေလမ်း ငွေလမ်း        ဖောက်လုပ်ခဲ့ပြီးဖြစ်သည်။ ယနေ့    အချိန်ထိ   တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နယ်စပ် ဒေသ         တည်ငြိမ်အေးချမ်းရေးနှင့် တပ်မတော်    နှစ်ရပ်ကြား   နည်းပညာ ဖလှယ်ခြင်းတို့ဖြင့် ပိုမိုရင်းနှီး ခိုင်မာသော ဆက်ဆံရေးကို   တည်ဆောက်လျက်ရှိ လေသည်။
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု
နှစ်နိုင်ငံကြား   အစိုးရအချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုများ ရှိသကဲ့သို့ ပင် နှစ်နိုင်ငံ  တပ်မတော်နှစ်ရပ်အကြား  ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် မှုများကိုလည်း အလျဉ်းသင့်၍ တင်ပြ လိုပါသေးသည်။   အရပ်ဘက်သံတမန် ဆက်ဆံရေးသည်  ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်တွင် (၇၄) နှစ် ပြည့်မြောက်ပြီဖြစ်ပြီး စစ်ဘက်သံတမန်ဆက်ဆံရေးအနေဖြင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးအား ၁၉၅၄   ခုနှစ်၊   ဇူလိုင်လ  ၁   ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌  ဖွင့်လှစ်ခဲ့ သလို တရုတ်စစ်သံရုံးကိုလည်း ၁၉၅၀ ပြည့်နှစ်     ဩဂုတ်လတွင်    မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖွင့်လှစ်နိုင်ခဲ့သည်။
တပ်မတော်နှစ်ရပ်ကြား   ချစ်ကြည် ရေးခရီး   သွားရောက်ခဲ့မှုများအနေဖြင့် တပ်မတော်ကာကွယ်ရေး   ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး           မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်  နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ    တရုတ်နိုင်ငံ   ကွေ့လင်မြို့၌ ကျင်းပပြုလုပ်ခဲ့သော     အကြမ်းဖက် နှိမ်နင်းရေး      လက်တွေ့လေ့ကျင့်ခန်း ADMM - Plus  (VIP  Program) သို့ ပါဝင်တက်ရောက်ခဲ့သည်။
ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ်             ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း ဦးဆောင်သော    ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အထိကျင်းပပြုလုပ်ခဲ့သည့်  တတိယ အကြိမ်မြောက် တရုတ် - မြန်မာ  မဟာ ဗျူဟာလုံခြုံရေးဆိုင်ရာ    ဆွေးနွေးပွဲ   (3rd  China-Myanmar    Strategic Security    Consultation)     သို့ တက်ရောက်ခဲ့သည်။
စစ်ရေးပူးပေါင်းလေ့ကျင့်ရေးများ ပူးပေါင်းဆောင်ရွက်
နှစ်နိုင်ငံ    တပ်မတော်    နှစ်ရပ်ကြား နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်များ က      သင်တန်းသားအရာရှိကြီးများ လေ့လာရေးခရီး             အပြန်အလှန် သွားရောက်ခြင်း၊    သက်ဆိုင်ရာကဏ္ဍ အလိုက်၊   နယ်ပယ်အလိုက်  တပ်မတော် သား  အဆင့်မြင့်အရာရှိကြီးများ အပြန် အလှန်      ချစ်ကြည်ရေးခရီး   သွားရောက် ခြင်းနှင့်    စစ်ဘက်ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊      တရုတ်နိုင်ငံ ပေကျင်းမြို့တွင်     ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ     အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး  စာတမ်းဖတ်ပွဲ   (Great Wall-2022 International Counter-terrorism Symposium) သို့ Video Conference    စနစ်ဖြင့်       မြန်မာ့ တပ်မတော်မှ      ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း၊ မြန်မာ့တပ်မတော် ဘက်မှ သင်တန်းသားများ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ သင်တန်းကျောင်းများတွင် တက်ရောက်သင်ကြားနေခြင်း၊   စစ်ဘက် ဆိုင်ရာဖိုရမ်များနှင့်  အစည်းအဝေးများ အပြန်အလှန် တက်ရောက်ခြင်း၊ လေ့လာ ရေးခရီးစဉ်များ အပြန်အလှန်သွားရောက် ခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ရေး ပူးပေါင်းလေ့ကျင့်ရေးများကို  ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်း   ဆောင် ရွက်နိုင်လျက်ရှိသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ခိုင်မြဲ
နေသည့် ဆက်ဆံရေးဆက်လက်တည်ရှိ
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၇) နှစ်မြောက် နှစ်ပတ် လည်နေ့ဖြစ်ပေသည်။   တရုတ်ပြည်သူ့ လွတ်မြောက်ရေး      တပ်မတော်သည် အခက်အခဲပေါင်း       မြောက်မြားစွာ၊ ရဲဘော်များ၏ အသက်သွေးချွေးပေါင်း များစွာကို  အရင်းတည်၍    ဖြတ်သန်း တည်ဆောက်ခဲ့ကြရခြင်းလည်း     ဖြစ် သည်။
တရုတ်ပြည်သူ့   လွတ်မြောက်ရေးတပ်မတော်ကြီးအနေဖြင့် ရန်လိုမှုကင်း သော နိုင်ငံချစ်စိတ်တို့ဖြင့် အမိတိုင်းပြည် တရုတ်နိုင်ငံတော်ကြီးကို     ကာကွယ် စောင့်ရှောက်လျက်ရှိပေသည်။ (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တစ်ခုလုံးဟာ တရုတ် ပြည်ရဲ့    နိုင်ငံတော်လုံခြုံရေးနဲ့     မဟာ ဗျူဟာ     ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း နယ်ပယ်တစ်ခုလုံးမှာ အရေးပါတဲ့အခန်း ကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ ပြည့်စုံ နက်ရှိုင်းစွာ သဘောပေါက်ထားရမယ်။ တပ်မတော်ဟာ    ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာပိုင်မှုနဲ့ လုံခြုံရေးကို အခြားအရာတွေထက် ဦးစားပေးရမယ်။ စစ်ရေးအသင့်ဖြစ်မှုဟာ  တပ်မတော်ရဲ့ အဓိကလုပ်ငန်းတာဝန်        ဖြစ်တယ်။ သတင်းနည်းပညာခေတ်ကြီးမှာ  မိမိရဲ့ ခံစစ်နဲ့တိုက်စစ် တိုက်ပွဲဝင်စွမ်းရည်တွေ ကို ကျယ်ကျယ်ပြန့်ပြန့်  တိုးမြှင့်ကြရ မယ်။   တပ်မတော်ကြီး  တစ်ခုလုံးဟာ စစ်ရေးလေ့ကျင့်မှုကို         မဟာဗျူဟာ အရေးပါမှုအဖြစ် ထည့်သွင်းထားရမယ်။ “လက်တွေ့တိုက်ပွဲ  စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ထားရမယ်”ဟု သမ္မတ  ရှီကျင့်ဖျင်က   ၂၀၁၂   ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင်ကျင်းပသည့် ဗဟိုစစ်ကော်မရှင်တိုးချဲ့အစည်းအဝေးတွင်      တပ်မတော်၏   အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။   တရုတ် ပြည်သူ့လွတ်မြောက်ရေး  တပ်မတော် သည်   သမိုင်းပေးတာဝန်အရ  တိုင်းပြည် အပေါ်    သစ္စာရှိခြင်း၊     ပြည်သူကိုချစ် မြတ်နိုးခြင်းတို့ဖြင့်       ရပ်တည်လျက်ရှိ သည်မှာ (၉၇) နှစ်ပြည့်  တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ တိုင်ခဲ့ ပြီဖြစ်သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏      နှစ်နိုင်ငံအစိုးရ၊ တပ်မတော်  နှစ်ရပ်နှင့် နှစ်နိုင်ငံပြည်သူ တို့အကြား ချစ်ခင်ရင်းနှီးစွာ အိမ်နီးချင်း ကောင်းများအဖြစ်   တည်ရှိပြီးဖြစ်သည့် ခိုင်မြဲသည့်ဆက်ဆံရေးကို    နှစ်နိုင်ငံ တည်တံ့နေသမျှ   ဆက်လက်ခိုင်မြဲနေ အောင်           ထိန်းသိမ်းသွားမည်ဖြစ် ပါကြောင်း     ဂုဏ်ပြု    ရေးသားအပ်ပါ သည်။      ။