အိန္ဒိယ၌ မုတ်သုံမိုးကြောင့် ရေကြီးမြေပြိုဖြစ်ပွားပြီး ၄၅ ဦးထက်မနည်းသေဆုံး

နယူးဒေလီ ဇူလိုင် ၃၀ အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူ ၄၅ ဦးထက်မနည်း သေဆုံး ခဲ့သည်။ တောင်ကုန်း ထူထပ်သော ဒေသများ၌ မြေပြိုမှုများ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းအထိဖြစ်ပွားခဲ့ ကြောင်း ကီရာလာပြည်နယ်  အာဏာပိုင်များက ပြောကြား ခဲ့သည်။ ရွှံ့ရေများ လမ်းမများပေါ် အရှိန်ဖြင့် ဖြတ်သန်းစီးဆင်းနေခြင်း နှင့် အလုပ်သမားများက သစ်သား အပိုင်းအစများနှင့် အပျက်အစီး များ ရှင်းလင်းနေသည်ကို ရုပ်သံဖိုင် များတွင် တွေ့မြင်နိုင်သည်။ ပြိုကျပျက်စီးနေသော အိမ် များတွင် လူများ ပိတ်မိနေကြောင်း နှင့် တချို့ရွာများသည် ရေလွှမ်းမိုး မှုကြောင့် တသီးတခြား ဖြစ်နေ ကြောင်း ဒေသတွင်းမီဒီယာများ တွင် သတင်းဖော်ပြထားသည်။ အရေးပေါ် အလုပ်သမားများ နှင့် ရဲအရာရှိများသည် ကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ မုတ်သုံရာသီ တွင် မိုးသည်းထန်စွာရွာသွန်းခြင်း ကြောင့် လူသေဆုံးခြင်းနှင့် ပျက်စီး ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ တောင်ကုန်း ထူထပ်သော မြောက်ပိုင်းပြည်နယ် ဟီမာချယ် ပရာဒက်ရှ်၌ လွန်ခဲ့သောနှစ်က မြေပြိုခြင်းနှင့် ရေကြီးခြင်းတို့ ကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့သည်။ အင်န်အိတ်ချ်ကေ