ဝါအခြေခံစက်မှုလုပ်ငန်းများဖြင့် တစ်ခေတ်ပြောင်းနိုင်ရန်ကြိုးပမ်း

 

မြန်မာတို့ ဝါစိုက်ပျိုးခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှု နှင့် ချည်ထည်ရက်လုပ်မှုတို့က တစ်ခန်းတစ်ကဏ္ဍပါဝင်လျက်ရှိ သည်။ ဝါကို ပြည်တွင်း၌ သုံးစွဲရုံမျှမက  ပြည်ပသို့  တင်ပို့ရောင်းချ နိုင်ခဲ့ရာ ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်းလက်ထက်တွင် ဝါသည် တော်ဝင်သီးနှံဖြစ်ခဲ့ပြီး ပြည်ပတင်ပို့မှုကို တစ်ဦးတည်း ချုပ်ကိုင်သည့်စနစ် ကျင့်သုံးခဲ့သည်။


သမိုင်းနှင့်ချီ၍ ဝါစိုက်ပျိုးထုတ်လုပ်ခဲ့သည့် နိုင်ငံတစ်ခုဖြစ် သည့် မိမိတို့နိုင်ငံမှာ မျက်မှောက်ကာလတွင်မူ ဝတ်ရေးအတွက် ဖူလုံသင့်သလောက်   မဖူလုံ။    ချည်မျှင်နှင့်   အထည်အလိပ်တို့ကို ပြည်ပမှဝယ်ယူတင်သွင်းနေရသည်။   မြန်မာနိုင်ငံတွင်   လက်ရှိ ဝါစိုက်ဧက ငါးသိန်း၌ တစ်ဧကလျှင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိ
မည်ဆိုပါက လူဦးရေ သန်း ၅၀ တွင်  တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်သည်။  သို့ရာတွင် အများအားဖြင့် စိုက်ပျိုးကြသည့် ချည်မျှင်ရှည်ဝါအထွက်နှုန်းမှာ ဒေသအလိုက် ကွာခြားမှုများရှိပြီး ပျမ်းမျှ တစ်ဧကလျှင်  ပိဿာ ၄၀၀ ကျော်မှ ၅၆၀   ကျော်ခန့်သာ    ထွက်ရှိနေခြင်းဖြစ်သည်ဟု   သိရသည်။ ဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများမှတစ်ဆင့်  နိုင်ငံ့စီးပွားရေး ကောင်းမွန်တိုးတက်လာစေရန်     အထောက်အကူပြုနိုင်ရေး အတွက် နိုင်ငံတော်က မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ဝါစိုက် ဧက တိုးချဲ့ရေးနှင့် ပန်းတိုင်ရည်မှန်းချက်နှင့်အညီ ထွက်ရှိရေး ကြိုးပမ်းသွားကြရမည်ဖြစ်သည်။


“ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲ ဆောင်ရွက်ခြင်းဖြင့် တစ်ခေတ်ပြောင်းရန်လိုကြောင်း၊   ထိုသို့ ဆောင်ရွက်ခြင်းဖြင့်   အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်ပြီး ဝင်ငွေများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကာ ဝါစိုက်တောင်သူများနှင့် ဝါနှင့်ပတ်သက်သည့်လုပ်ငန်း များ  ဆောင်ရွက်နေသူများ၏ဘဝများ   တိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့်  ဝါစိုက်ပျိုးမှုများကို ယခင်က စိုက်ပျိုးခဲ့ သည့် ဧက ခုနစ်သိန်းခန့် ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း”  သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်း တိုးတက်ရေးနှင့်   မွေးမြူရေးလုပ်ငန်းများ  တိုးတက်ရေး ညှိနှိုင်း ဆွေးနွေးပွဲတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က ဆွေးနွေး ပြောကြားခဲ့သည်။


ဝါစိုက်ပျိုးမှုမှ ဝါများထွက်ရှိပြီး ဝါမှ ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို) နှင့် ဝါစေ့များ ထွက်လာမည်။ ဝါစေ့မှ ဝါစေ့ဆီနှင့် ဘေးထွက်ပစ္စည်း ဆီကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် ထုတ်လုပ် နိုင်သည်။ ဝါဂွမ်းမှ ချည်နှင့် ချည်ပိတ်များ ထုတ်လုပ်နိုင်သည်။ ထုတ်လုပ်သည့် ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရန် အားစိုက်ကြိုးပမ်းကြခြင်းဖြင့် ဈေးကွက်တွင် နေရာရကာ ဝင်ငွေ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ စက်မှုကုန်ကြမ်းသီးနှံ ဖြစ်သည့် ဝါကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်း၏နောက်တွင် အလုပ်အကိုင်အခွင့်အလမ်းများက  တသီတတန်းကြီးရှိနေသည်။  ဝါစိုက်ဧက   ခုနစ်သိန်းဆိုသည်မှာ    ယခင်က   စိုက်ပျိုးခဲ့သည့် ဧကပင်ဖြစ်ပြီး  တစ်ဧကအထွက်နှုန်း  ပိဿာ ၇၀၀ ဆိုသည်မှာ လည်း  နမူနာယူစရာအဖြစ်   ပိဿာ ၁၀၀၀ ကျော်   ထွက်သည့်    နိုင်ငံများရှိနေရာ   တကယ်လုပ်လျှင်   တကယ်ဖြစ်လာမည့်   ရည်မှန်းချက်များပင် ဖြစ်သည်။


စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရန် လိုအပ်မည့် ငွေကြေးအတွက် နိုင်ငံတော်က ရန်ပုံငွေများ ထုတ်ပေးသွားမည် ဖြစ်ရာ ဝါအခြေခံစက်မှုလုပ်ငန်းဖြင့် တစ်ခေတ်ပြောင်းနိုင်ရေး အခွင့်အခါသာသည့်အခိုက်  အားသွန်ခွန်စိုက်  ဆောင်ရွက်ကြရ ပါမည့်အကြောင်း။        ။