မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

 

နေပြည်တော်   ဩဂုတ်  ၇


မြန်မာနိုင်ငံ  အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်း၏ (၁၁)  နှစ်မြောက် နှစ်ပတ်လည်နေ့   အခမ်းအနား ကို  ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်    Horizon Lake View   ဟိုတယ်၌   ကျင်းပရာ အခမ်းအနားသို့    မြန်မာနိုင်ငံ အမျိုးသမီးများနှင့်  ကလေးသူငယ် များဘဝ   မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများ ဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့ တက်ရောက် ချီးမြှင့်ကြသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင်  မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝ        မြှင့်တင်ရေးအသင်း -  MWCDF    အနေဖြင့် မြန်မာနိုင်ငံရှိ  အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝ    ဖွံ့ဖြိုး တိုးတက်ရေး၊    ဘဝမြင့်မားရေး တို့ကို  အလေးပေးဆောင်ရွက်နေ သည်မှာ (၁၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ MWCDF ၊ အိန္ဒိယ နိုင်ငံ   Barefoot College    နှင့် မြန်မာနိုင်ငံ       အိန္ဒိယသံရုံးတို့ ပူးပေါင်းပြီး  နားလည်မှုစာချွန်လွှာ (MoU)    လက်မှတ်ရေးထိုးကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆိုလာနည်းဖြင့်   မီးရရှိစေရေးစီမံ ကိန်းကို စတင်အကောင်အထည် ဖော်     ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးသူငယ်များ အခွင့်အရေး များ    ရရှိစေရေးအတွက်     မိဘ၊ အုပ်ထိန်းသူများအနေဖြင့်   ပြုစု လေ့ကျင့်ပေးနိုင်ရေးကို   အဓိက ထားကာ  ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသည့် ကောင်းမွန် စွာဆက်ဆံခြင်းစီမံကိန်း  (Good Treatment Project)   ကိုလည်း အသင်းတည်ထောင်သည့် ကာလ အတွင်း     ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း။


တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း


အမျိုးသမီး    ကော်မတီများ ဖွဲ့စည်းထားရှိရာတွင် ပြည်ထောင်စု အဆင့်မှာသာမက  ပြည်ထောင်စု နယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်  ၁၄  ခု နှင့် ခရိုင် ၁၃ ခုတို့တွင်  မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းအနေ ဖြင့်   အဖွဲ့ဝင်အဖြစ်   ပါဝင်နေပါ ကြောင်း၊   အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ  နိုင်ငံတော် အဆင့်   မဟာဗျူဟာစီမံကိန်း - NSPAW  (၂၀၂၃-၂၀၃၂)   ကို ဦးဆောင်ကော်မတီ  (၁)  ရပ်နှင့် လုပ်ငန်းကော်မတီ   (၁၂)  ရပ်တို့ ဖွဲ့စည်းကာ   စီမံကိန်းကို   ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အသင်းအနေ ဖြင့်     အမျိုးသမီးများအတွက်  အသက်မွေးဝမ်းကျောင်းသင်တန်း များ၊ ကလေးသူငယ်များ၏ ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၊   ယဉ်ကျေးလိမ္မာသင်တန်း များ၊  တိုက်ပွဲရှောင်နှင့်   သဘာဝ ဘေးသင့်     ပြည်သူများအတွက် လှူဒါန်းမှုများ၊ ကိုဗစ်-၁၉   ကာလ အတွင်း  ကျေးလက်နေအမျိုးသမီး ဦးဆောင်     အိမ်ထောင်စုများ အတွက်  သက်မွေးသင်တန်းများ၊  ကျန်းမာရေး  စောင့်ရှောက်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိသည် ကို အစီရင်ခံစာများအရသိရှိရပါကြောင်း၊   အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   နိုင်ငံတော် အဆင့်    မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)၏ လုပ်ငန်းနယ်ပယ် (၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ ၏ ဦးဆောင်မှု၊  ဒေသအဆင့်ဆင့် တွင်ရှိသည့် အမျိုးသမီးကော်မတီ များအားလုံး၏      ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ  မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝ မြှင့်တင်ရေးအသင်းအပါ အဝင် အမျိုးသမီးအဖွဲ့အစည်းများ အားလုံး၊   မိတ်ဖက်အဖွဲ့အစည်း များအားလုံးကလည်း      မဟာ ဗျူဟာစီမံကိန်း ရည်မှန်းချက်များ ပြည့်မီအောင်    ယခုထက်ပိုမိုပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် ပေးရန်      လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။  


ဆက်လက်ပြီး   မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ် များဘဝ    မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ    ဒေါက်တာဝေဝေသာက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြော ကြားပြီး မြန်မာနိုင်ငံအမျိုးသမီး များနှင့်  ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာ နန္ဒာမွှန်း က “ရှေ့သို့လှမ်းချီ အာဆီယံနိုင်ငံ များရှိ    အမျိုးသမီးများ     ဖွံ့ဖြိုး တိုးတက်ရေးဆီ”   ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။    


ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့်    ကလေးသူငယ် များ  ဘဝမြှင့်တင်ရေးအသင်း၏ ဆောင်ပုဒ်ဖြစ်သော    “လုံခြုံလှပ ဘဝများ အမျိုးသမီးနှင့်  ကလေး များရစေသား”   Documentary Movie နှင့် ကောင်းမွန်စွာဆက်ဆံ ခြင်းမှသည်    ပြောင်းလဲခြင်းဆီ သို့     ဦးတည်ဆောင်ရွက်သည့် အသင်း၏  လှုပ်ရှားမှုမှတ်တမ်းကို   ပြသသည်။


ဆုများပေးအပ်ချီးမြှင့်


ယင်းနောက်    မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ် များဘဝ   မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက  ဒေါ်ကြူ ကြူလှက     ပဲခူးတိုင်းဒေသကြီး မှ    ဆောင်းပါးဆုများရရှိသူနှင့် ရှမ်းပြည်နယ်မှ လူမှုရေးထူးချွန်ဆု ရရှိသူတို့ကို    ဆုများ    ပေးအပ် ချီးမြှင့်သည်။


ဆက်လက်၍ ဂုဏ်ထူးဆောင် နာယက    ဒေါ်ခင်သက်ဌေးက ကချင်ပြည်နယ်မှ လူမှုရေးထူးချွန် ဆုရရှိသူကို   ဆုပေးအပ်ချီးမြှင့် သည်။


ထို့နောက်    မြန်မာနိုင်ငံလုံး ဆိုင်ရာ    အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ   စိုးဝင်းက      ကချင် ပြည်နယ်မှ World Vision Inter-national Founder Award ရရှိသူ ကို ဆုချီးမြှင့်သည်။


ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့်   ကလေးသူငယ် များဘဝ   မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်     နာယကများ ဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့သည် အခမ်း အနားသို့ တက်ရောက်လာကြသူ များနှင့်အတူ  စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသ ထားသည့် ဓာတ်ပုံမှတ်တမ်းပြခန်း နှင့်     ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာ   အားပေးခဲ့ကြ သည်။


မွန်းလွဲပိုင်းတွင် ဒုတိယပိုင်း အစီအစဉ်အရ     မြန်မာနိုင်ငံ အမျိုးသမီးများနှင့်  ကလေးသူငယ် များဘဝ မြှင့်တင်ရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်