ကယားပြည်နယ် လွိုင်ကော်မြို့တွင် တည်ငြိမ်အေးချမ်းမှု တိုးတက်ရရှိလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်ကို သတင်းများတွင် တွေ့မြင်ရသည်။
လက်နက်ကိုင် သောင်းကျန်းမှုများ၊ အဖျက်အမှောင့်လုပ်ရပ်များက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ကို အဟန့်အတားဖြစ်စေသည်။ ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ၊ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်ပျက်စီး ဆုံးရှုံးစေသည်။
ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်တွင် KNPP/KNDF သောင်းကျန်း သူအဖွဲ့တို့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် တပ်မတော်အပါအဝင် လုံခြုံရေးအဖွဲ့များက စွန့်လွှတ်စွန့်စားစိတ်ဓာတ်ဖြင့် ရက်ပေါင်း ရှည်ကြာခုခံတိုက်ခိုက်ခဲ့ကြပြီး အခြေအနေအရပ်ရပ်ကို ထိန်းချုပ် နိုင်ခဲ့သည်။ လွိုင်ကော်တွင် အောင်မြင်မှုမရခဲ့သည့် KNPP/KNDF တို့မှာ ရှမ်းပြည်နယ်နှင့် အစပ်ဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဘက်သို့ လှည့်သွားခဲ့ပြီး ဆီဆိုင်ဘက်သို့ ထိုးဖောက် ခဲ့ရာတွင် ပအိုဝ်းပြည်သူ့စစ်များနှင့် ဒေသခံပြည်သူများက လုံးဝ လက်မခံဘဲ ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ခဲ့ကြသည်။ သောင်းကျန်းသူ အဖျက်သမားတို့ ဝင်ရောက်ခဲ့သည့် မြို့ရွာများမှာ ၎င်းတို့၏ အဖျက်လုပ်ရပ်များကြောင့် မြို့ပျက်ရွာပျက်များ ဖြစ်သွားကြရ သည်။ မြို့ပျက်ရွာပျက်မြင်ကွင်းများ၏နောက်တွင် ဖျက်ဆီးခံ လိုက်ရသည့် ဒေသခံပြည်သူတို့၏ နေ့စဉ်ဘဝများ၊ လူမှုစီးပွားရေး များ၊ လူငယ်လူရွယ်များ၏ အနာဂတ်မျှော်လင့်ချက်များ၊ ကလေး များ၏ ပညာသင်ကြားရေးနှင့် လူ့အခွင့်အရေးများစွာတို့မှာ မမြင်သာသော်လည်း ထုထည်ပမာဏကြီးမားလှသည့် အပျက်အစီးများပင်ဖြစ်သည်။
ဒေသတစ်ခုတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာသည့်အခါ ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုများ၊ ကူးသန်းသွားလာမှု များ ပြန်လည်ဖြစ်ပေါ်လာသည်။ လူတိုင်းစားဝတ်နေရေးအတွက် မဖြစ်မနေအသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြရာတွင် စီးပွား ရေးလုပ်ငန်းများ ပြန်လည်လှုပ်ရှားလည်ပတ်လာကြသည်။ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ အခိုင်အမာ တည်ဆောက်နိုင်သည်နှင့်အမျှ ပြန်လည်ထူထောင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးတို့ အရှိန်အဟုန်ရရှိလာမည်ဖြစ်သည့်အပြင် စီးပွားရေး လုပ်ငန်းများလည်း ပိုမို၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနိုင် မည်ဖြစ်သည်။ လက်ရှိ မိမိတို့နိုင်ငံအတွက် အလိုအပ်ဆုံးသော အရာသည် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ပြီး ယင်းသို့ တည်ငြိမ်အေးချမ်းမှုကို ရယူနိုင်ရန်အတွက် အလိုအပ် ဆုံးအရာမှာ စည်းလုံးညီညွတ်သော အင်အားပင်ဖြစ်သည်။
နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက် ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားရာတွင် “ကျွန်တော်တို့ပြည်သူတွေ သတိပြုရမှာက ဒီနေ့ ကမ္ဘာ့ရေးရာအခြေအနေတွေဟာ အင်မတန်မှ နက်နဲ ရှုပ်ထွေးလာတာကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ဖို့လိုပါတယ်။
စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အသက်သွေးချွေးများ ရင်းနှီးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော် နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေတဲ့ တရားသောစစ် အောင်မြင်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးက ယုံကြည်စွာနဲ့ ဝိုင်းဝန်းပေးကြဖို့ လိုအပ်ပါတယ်။”ဟု ထည့်သွင်းပြောကြား ခဲ့ရာ စည်းလုံးညီညွတ်မှုအားသည် နိုင်ငံအတွက် မဖြစ်မနေ တည်ဆောက်ထားရမည့် လိုအပ်ချက်ပင်ဖြစ်သည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့် ဒေသ များနှင့် ဒေသခံပြည်သူတို့ ရင်ဆိုင်တွေ့ကြုံခံစားကြရသည့် လူမှုဒုက္ခအဝဝခံစားချက်များကို လူမှုကွန်ရက်စာမျက်နှာများ ထက်တွင် မမြင်ချင်တစ်ဆုံး တွေ့မြင်နိုင်သည်။
မိမိတို့နေထိုင် ရာ မြို့ရွာဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့၏ လူမှု စီးပွားဘဝများ၊ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက်၊ နိုင်ငံတော်ကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ့ တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသည့် တရားသောစစ်အောင်မြင်ရေး ပြည်သူအားလုံး ဝိုင်းဝန်းပေးကြ ရပါမည့်အကြောင်း။ ။