ဘင်းမ်စတက်အဖွဲ့အတွင်းက မြန်မာနိုင်ငံ

Type
7

 

မင်းခန့်

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေး(4th BIMSTEC National Security Chiefs’ Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာ၊   ထိုင်းနိုင်ငံ တွေက  အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲတွေ  တက်ရောက်ခဲ့ကြပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ၊ ရေကြောင်း    လုံခြုံရေးဆိုင်ရာတွေနဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ သက်ဆိုင်ရာ   လုံခြုံရေးကဏ္ဍအလိုက် ထိရောက်သည့် သတင်းအချက်အလက် တွေ ပိုမိုပူးပေါင်းမျှဝေနိုင်ရေး၊ ဒေသတွင်း လက်ရှိဖြစ်ပေါ်နေတဲ့  လုံခြုံရေးဆိုင်ရာ အခြေအနေ၊    ကြုံတွေ့လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာ      စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေ နဲ့  အကောင်အထည်ဖော်ဆောင်ရွက် ကြရမယ့်    နည်းလမ်းတွေကို    ရင်းနှီး ပွင့်လင်းစွာ         ဆွေးနွေးတင်ပြခဲ့ကြပါ တယ်။
အစည်းအဝေး    တက်ရောက်လာကြ တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ်တွေဟာ   သက်ဆိုင်ရာနိုင်ငံတွေ အလိုက် အစိုးရအဖွဲ့တွေမှာ ဩဇာအာဏာ ရှိသူတွေဖြစ်ပြီး သူတို့နိုင်ငံတွေရဲ့ နိုင်ငံ တကာဆက်ဆံရေးနဲ့ အမျိုးသားလုံခြုံရေး ကိစ္စရပ်တွေမှာ မူဝါဒချမှတ်သူတွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် စုံစုံညီညီတက်ရောက်လာပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆို မှုတွေဟာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအတွက် များစွာအထောက် အကူဖြစ်စေပြီး ဒီလိုအဆင့်မြင့်အရာရှိကြီး တွေ    အစည်းအဝေးကို    အိမ်ရှင်အဖြစ် အောင်မြင်စွာ   ကျင်းပပြုလုပ်နိုင်ခြင်း ကြောင့်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရရဲ့       Legitimacy ကို အားကောင်းစေသလို   နိုင်ငံတော်   စီမံ အုပ်ချုပ်ရေးကောင်စီအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းတွေနဲ့ သံတမန်ရေး ဂုဏ်သိက္ခာတွေကို ရရှိခဲ့ပါတယ်။
အထူးသဖြင့် ဘင်းမ်စတက်အဖွဲ့ထဲ မှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတွေ ပါဝင်တာ ကြောင့်  နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေ တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မူးယစ် ဆေးဝါး   မှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းနှိမ်နင်းနိုင်မယ့် နည်းလမ်းတွေ ကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
BIMSTEC  အဖွဲ့ဟာ  ထိုင်းနိုင်ငံ အနေနဲ့ အိမ်နီးချင်းအနောက်နိုင်ငံတွေ နဲ့  စီးပွားရေးတိုးချဲ့ဆက်သွယ်ဆောင် ရွက်လိုတဲ့    Look West Policy ၊ အိန္ဒိယ နိုင်ငံရဲ့ အရှေ့တောင်အာရှဒေသနိုင်ငံ တွေနဲ့  စီးပွားရေးအရ  ပိုမိုနီးကပ်စွာ ဆောင်ရွက်လိုတဲ့  Look East Policy တို့ရဲ့  ပေါင်းစည်းထားတဲ့ရလဒ်ကနေ ဖြစ်ပေါ်လာတဲ့    ဒေသတွင်း        ခိုင်မာ အားကောင်းတဲ့  အဖွဲ့အစည်းဖြစ်ပါ တယ်။
အဆိုပါအဖွဲ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၆   ရက်နေ့မှာ  စတင်ဖွဲ့စည်းခဲ့ပြီး    အဲဒီ အချိန်တုန်းက   ဘင်္ဂလားဒေ့ရှ်၊   အိန္ဒိယ၊ သီရိလင်္ကာနဲ့  ထိုင်း  လေးနိုင်ငံသာ ပါဝင်ကာ        (Bangladesh-India-Srilanka-Thailand      Economic Cooperation) BISTEC ဟုခေါ်ဆိုခဲ့ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂   ရက်နေ့မှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး  (Bangladesh-India-Myanmar-Srilanka-Thailand-Economic Cooperation) BIMSTEC ဟု အမည်ပြောင်းလဲခဲ့ပါတယ်။  ၂၀၀၄ ခုနှစ်မှာ   ဘူတန်နဲ့ နီပေါနိုင်ငံတွေဟာ အဖွဲ့ဝင်နိုင်ငံသစ်တွေအဖြစ် ပါဝင်လာခဲ့ ပါတယ်။ BIMSTEC  ဒေသတစ်ခုလုံးရဲ့ လူဦးရေဟာ ၁ ဒသမ ၈ ဘီလီယံ(၂၀၂၃) ရှိပြီး  တစ်ကမ္ဘာလုံးလူဦးရေ၏ ၂၂  ရာခိုင် နှုန်း  ရှိပါတယ်။ ကုန်ထုတ်လုပ်မှုမှာလည်း စုစုပေါင်း ၃ ဒသမ ၆ ထရီလီယံ(၂၀၂၃) ရှိပါတယ်။        ဘင်းမ်စတက်အဖွဲ့ဟာ တောင်အာရှနဲ့    အရှေ့တောင်အာရှ၊ ထိုမှတစ်ဆင့်     အရှေ့အာရှဒေသသို့ ဆက်သွယ်     ပေါင်းကူးရေးအတွက် အရေးကြီးတဲ့   အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့     မူဘောင် အောက်မှာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဟာဆိုရင်  အချုပ်အခြာ အာဏာ တန်းတူရည်တူရှိရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံရေးအမှီအခိုကင်း ရေး၊   ပြည်တွင်းရေးကို   ဝင်ရောက် စွက်ဖက်ခြင်းမပြုရေး၊   ကျူးကျော်မှု မပြုရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေး၊   အပြန်အလှန်လေးစားရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေးတို့အပေါ်တွင် အခြေခံရေးနဲ့ ဆုံးဖြတ်ချက် အားလုံးကို  တူညီဆန္ဒ  (Consensus)အပေါ်တွင်သာ  အခြေခံနိုင်ရေးအတွက် ဘင်းမ်စတက်       ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာ အခြားအဖွဲ့ အစည်းတွေနဲ့မတူဘဲ  ကွဲပြားခြားနားမှု တွေက နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု  စတဲ့အချက် တွေ  ကွဲပြားကြတဲ့နိုင်ငံတွေနဲ့  ဖွဲ့စည်း တည်ထောင်ထားပြီးတော့ အဖွဲ့ဝင်နိုင်ငံ တွေအားလုံးဟာလည်း      ဒေသတွင်း အကျိုးရှိစေမယ့်  စီးပွားရေး၊   လူမှုရေး၊ သိပ္ပံနှင့်        နည်းပညာကဏ္ဍတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန်    အကူအညီပေးရေးတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာဆိုရင် ထိပ်သီး အစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီး များအစည်းအဝေး၊      ဘင်းမ်စတက် လုပ်ငန်းအဖွဲ့     အစည်းအဝေးဆိုပြီး အဓိကယန္တရား လေးရပ်ဖြင့် အဆင့်ဆင့် လည်ပတ်လျက်ရှိပါတယ်။
BIMSTEC အဖွဲ့စတင်တည်ထောင် ချိန်တုန်းက    စီးပွားရေးနှင့်   လူမှုရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဦးတည် ခဲ့သော်လည်း ပထဝီဝင်နိုင်ငံရေးအခြေ အနေ၊ နိုင်ငံဖြတ်ကျော်  အကြမ်းဖက်မှု တွေ၊   လက်နက်နှင့်  မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကြောင့်   လုံခြုံရေးကဏ္ဍကို လည်း      သမားရိုးကျလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ     (Traditional Security Threats) အပြင် သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက် မှုတွေ၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်တို့ကြောင့် ပင်လယ်ရေကြောင်း ဆိုင်ရာလုံခြုံရေး (Maritime Security) ကိစ္စရပ်တွေကိုပါ ထည့်သွင်းစဉ်းစားလာ ကြပြီဖြစ်ပါတယ်။
ဒါ့ကြောင့်    စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်    အမျိုးသားလုံခြုံရေး ဆိုင်ရာအကြီးအကဲများ အစည်းအဝေး မှာ  “အကြမ်းဖက်ဝါဒနှင့်  တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက် ခြင်း”ခေါင်းစဉ်နဲ့ ဒေသတွင်းမှာ အစွန်း ရောက်အကြမ်းဖက်မှု အတွေးအခေါ်များ မပျံ့နှံ့စေရေးနှင့်  တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုများ     ပပျောက်စေရေး တို့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အတွေ့ အကြုံတွေကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါ တယ်။ အိမ်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံအတွက် သာမက ဒေသတွင်း အကြမ်းဖက်နှိမ်နင်း ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းလမ်းတွေ၊       အခွင့်အလမ်းတွေ၊ အကြံဉာဏ်တွေရရှိခဲ့သလို သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက် မှုတွေ (Non-Traditional Security Threats) ကိုလည်း    ဝိုင်းဝန်းကာကွယ် နိုင်ဖို့အတွက်  ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းတွေကို ဖော်ထုတ်ဆွေးနွေးခဲ့ ကြပါတယ်။
မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အာဆီယံနဲ့တောင်အာရှဒေသရဲ့ အချိတ် အဆက်နိုင်ငံတစ်ခု    ဖြစ်တာကြောင့် အာဆီယံနဲ့ ဘင်းမ်စတက်အဖွဲ့အစည်း အတွင်းမှာ အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်ပါ တယ်။ ယခုလို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ တွေရဲ့   အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ      အစည်းအဝေးကို အောင်မြင်စွာ  ဦးဆောင်ကျင်းပပြုလုပ် နိုင်ခြင်းဟာ        မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ အောင်မြင်တဲ့လှုပ်ရှားမှု ဖြစ်ပြီး စီးပွားရေးအရလည်း အဖွဲ့ဝင်နိုင်ငံ တွေနဲ့ ကုန်သွယ်မှုတွေ ပိုမိုတိုးမြှင့်ဆောင် ရွက်နိုင်မယ့် အလားအလာကောင်းတွေ ကို ရရှိခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အရှေ့ဘက် မှာရှိတဲ့ တရုတ်တစ်နိုင်ငံတည်းကို မှီခို နေရတာထက်  အနောက်ဘက်မှာရှိတဲ့ လူဦးရေ ၁ ဒသမ ၄ ဘီလီယံနေထိုင်ရာ အိန္ဒိယနဲ့ပါ ရင်းနှီးပွင့်လင်းစွာ  ပူးပေါင်း ဆောင်ရွက်နိုင်မယ့်   အခွင့်အလမ်းတွေ အများအပြားရရှိခဲ့ပါတယ်။ ဘင်းမ်စတက် အဖွဲ့ဝင်တွေထဲက ဦးဆောင်နိုင်ငံဖြစ်တဲ့ အိန္ဒိယမှတစ်ဆင့် အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံတွေကိုပါ ကူးသန်းရောင်းဝယ် မှု  ချိတ်ဆက်နိုင်ရေး   ပိုမိုအားကောင်း အောင်လုပ်ဆောင်နိုင်မယ့် လမ်းကြောင်း တွေ ရှာဖွေနိုင်ခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ဝင်  နိုင်ငံတွေထဲ မှာ   အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of   Southeast  Asian Nations- ASEAN)မှာ ပါဝင်တဲ့ နိုင်ငံတွေ ပါရှိသလို   တောင်အာရှဒေသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  (South Asian Association for Regional Coopera-tion -SAARC)  တွင်လည်း ပါဝင်တဲ့နိုင်ငံ တွေဖြစ်တဲ့အတွက်ကြောင့် ဘင်းမ်စတက် အဖွဲ့ကြီးဟာ        ယင်းဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေး  အဖွဲ့အစည်း နှစ်ခုကို        ဆက်စပ်ပေါင်းကူးပေးနိုင် တဲ့     အဖွဲ့အစည်းတစ်ခုလည်း     ဖြစ်ပါ တယ်။
အာဆီယံမှာ မြန်မာ့အိမ်နီးချင်းတွေ ဖြစ်တဲ့    ထိုင်းနဲ့ လာအိုတို့ပါတယ်။ ဘင်းမ်စတက်အဖွဲ့မှာလည်း       မြန်မာ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ ပါဝင်ပါတယ်။   ဘင်းမ်စတက်အဖွဲ့ထဲက    အိမ်နီးချင်းတွေဟာ        သဘောထား မှန်ကန်ပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် မျှတတဲ့အမြင်နဲ့   ပူးပေါင်းဆောင်ရွက် ကူညီမှုတွေရှိနေပါတယ်။ သံတမန်ရေး အရ  ထိုးနှက်ပိတ်ဆို့ခံနေရတဲ့  နစက အစိုးရဟာ   ဘင်းမ်စတက်အဖွဲ့ထဲမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ဟာ  ဘင်းမ်စတက် အဖွဲ့အတွက်သာမက မြန်မာနိုင်ငံအတွက်  အလွန်အကျိုးရှိပါ တယ်။
နိုင်ငံတကာ အကြမ်းဖက်မှုနှင့် နိုင်ငံ ဖြတ်ကျော်မှုခင်းတွေဟာ ဘင်းမ်စတက် ဒေသတွင်းစီးပွားရေးနဲ့ လူမှုရေးတိုးတက် မှုကို        ခြိမ်းခြောက်နေတာကြောင့် ပူးပေါင်းတိုက်ဖျက်ဖို့နဲ့      အထူးသဖြင့် သတင်းဖလှယ်ရေးအပါအဝင် အကြမ်း ဖက်မှုနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်မယ့်အစီ အစဉ်တွေနဲ့ ဆောင်ရွက်မယ့် မူဝါဒတွေ ကို ချမှတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံဟာ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
ယနေ့အချိန်ကာလမှာ  ကမ္ဘာ့နိုင်ငံ အများစုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့    လုံခြုံရေးအခြေအနေတို့ကြောင့် မိမိနိုင်ငံတစ်နိုင်ငံတည်း ရပ်တည်နိုင်ရန် မဖြစ်နိုင်တော့တဲ့အတွက်   အခြားနိုင်ငံ တစ်နိုင်ငံနဲ့သော်လည်းကောင်း၊  အခြား နိုင်ငံ     အများစုနဲ့သော်လည်းကောင်း ပူးပေါင်းပြီးရပ်တည်နိုင်မှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့  လုံခြုံရေးကဏ္ဍ တွေမှာ   တိုးတက်ဖွံ့ဖြိုးတဲ့    အကျိုး သက်ရောက်မှုတွေရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူရရှိ နိုင်မှာ ဖြစ်လို့ နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် ဘင်းမ်စတက်၊ အာဆီယံကဲ့သို့    ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့တွေ ဖွဲ့စည်းလာခဲ့ကြ ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ပထဝီနိုင်ငံရေးအရ အရှေ့ တောင်အာရှနဲ့  တောင်အာရှနိုင်ငံတွေ အကြား ကုန်းတွင်းအချိတ်အဆက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ     ဘင်းမ်စတက်နဲ့ အာဆီယံအကြား ပေါင်းကူးပေးနိုင်သလို လုံခြုံရေးကဏ္ဍ အကြမ်းဖက်နှိမ်နင်းရေး နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သာမက       ဘင်းမ်စတက်အဖွဲ့ကြီးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့   ဒေသခွဲအတွင်း စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေမယ့် အခြေအနေနဲ့  ပတ်ဝန်းကျင်ကောင်း တွေ ဖန်တီးပေးနိုင်တဲ့အချက်အချာ နိုင်ငံ တစ်ခုဖြစ်ပါကြောင်း    ရေးသားတင်ပြ လိုက်ရပါတယ်။   ။