ထိုင်းနိုင်ငံ၌ကျင်းပသည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတစ်ခု၊ ငွေနှစ်ခု ဆွတ်ခူး

 

ရန်ကုန်    ဩဂုတ်    ၈


ထိုင်းနိုင်ငံက    အိမ်ရှင်အဖြစ် ဘန်ကောက်မြို့၌ ဇူလိုင် ၃၁ ရက် မှ ဩဂုတ် ၇ ရက်အထိ ကျင်းပခဲ့ သည့် Butterfly & SISB Thailand Table Tennis Open ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စားပွဲတင်တင်းနစ် အားကစားအဖွဲ့       ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ  ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု     ဆွတ်ခူးနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ    U  40  Open တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ကိုကြည်မြင့်က ငွေတံဆိပ်ဆု နှင့်   U 50 Open  တစ်ဦးချင်း     ပြိုင်ပွဲတွင်လည်း    ကိုကြည်မြင့် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ရာ ရွှေတံဆိပ်ဆုကို ရရှိခဲ့သည်။    လူငယ်ပြိုင်ပွဲဖြစ်သည့် U 19 Open   တစ်ဦးချင်းပြိုင်ပွဲတွင် အောင်မြင့် မြတ်က ငွေတံဆိပ်ဆု ဆွတ်ခူးပေး နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ စုစုပေါင်း ကစားသမား ၁၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အာကာစိုး