ပါရီအိုလံပစ်အမျိုးသား ယူ - ၂၃ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အိမ်ရှင်ပြင်သစ်နှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်

 

ပါရီအိုလံပစ်    ၂၀၂၄    အမျိုးသား ယူ-၂၃ ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲအဖြစ်   အိမ်ရှင်ပြင်သစ် ယူ -၂၃ နှင့် စပိန် ယူ - ၂၃ အသင်း ပွဲစဉ်ကို    ဩဂုတ်  ၉  ရက်   ည ၁၀  နာရီခွဲတွင်   ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။


ပြင်သစ်အသင်းသည်    ဆီမီး ဖိုင်နယ်တွင်       အီဂျစ်အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပြီး သုံးဂိုး-တစ်ဂိုးဖြင့်    နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့   တက်လှမ်းလာနိုင် ခဲ့သည်။ ပြိုင်ဘက် စပိန်အသင်း သည်လည်း မော်ရိုကိုအသင်းနှင့် ဆီမီးဖိုင်နယ်တွင်   တွေ့ဆုံခဲ့ကာ အကြိတ်အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲ သို့ တက်လှမ်းလာနိုင်ခဲ့သည်။


နှစ်သင်းစလုံးတွင်   ပွဲရလဒ် အဖြေကို အချိန်မရွေး ပြောင်းလဲ နိုင်စွမ်းရှိသည့် အရည်အသွေးမြင့် ထိပ်တန်းကစားသမား    အများ အပြားရှိသောကြောင့် ပြိုင်ဆိုင်မှု    ပြင်းထန်လာမည်မှာ     သေချာ သည်။ ပြိုင်ပွဲတစ်လျှောက်တွင် လည်း ပြင်သစ်အသင်းက သွင်းဂိုး  ၁၁ ဂိုး သွင်းယူထားနိုင်သလို စပိန် အသင်းကလည်း သွင်းဂိုး ၁၁ဂိုး       သွင်းယူထား နိုင်သည်။  


ပြင်သစ်အသင်းတွင်  စောင့် ကြည့်ရမည့် ကစားသမားအဖြစ် တိုက်စစ်ကစားသမား မာတီတာ နှင့်      ကွင်းလယ်တိုက်စစ်ကစား သမား မိုက်ကယ် အိုလစ်တို့ရှိပြီး  မာတီတာက ပြိုင်ပွဲတစ်လျှောက် လေးဂိုးသွင်းယူထားပြီး အိုလစ်က ပြိုင်ပွဲတစ်လျှောက်    ဂိုးဖန်တီးမှု လေးကြိမ်     ပြုလုပ်ထားသည်။ စပိန်အသင်းတွင်    စောင့်ကြည့် ရမည့်            ကစားသမားအဖြစ် ကွင်းလယ်တိုက်စစ်ကစားသမား လိုပက်ဇ်ရှိပြီး ပြိုင်ပွဲတစ်လျှောက် လေးဂိုးသွင်းယူပေးထားနိုင်သည်။


ပါရီအိုလံပစ်၂၀၂၄ အမျိုးသား   ယူ-၂၃ ဘောလုံးပြိုင်ပွဲ နောက်ဆုံး  ဗိုလ်လုပွဲတွင် ခြေရည်တူနှစ်သင်း တွေ့ဆုံမှုဖြစ်သည့်အတွက် အမှား အယွင်းနည်းပြီး      ရရှိလာမည့် အခွင့်အရေးကို အမိအရအသုံးချ ကာ ဂိုးအဖြစ် ပြောင်းလဲနိုင်သည့်      အသင်းသာ     နိုင်ပွဲ      ရရှိဖွယ် ရှိသည်။


အောင်ဇော်