
နေပြည်တော် ဩဂုတ် ၉
အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (National Road Safety Council- NRSC) ၏ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး ကောင်စီအဖွဲ့ဝင် အသင်း အဖွဲ့များမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌများဖြစ်ကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ မြို့တော်ဝန်များနှင့် တာဝန်ရှိသူ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်
ဦးစွာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့ကျင်းပသည့် အစည်း အဝေးသည် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး နောက် တတိယအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ယခင်နှစ် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံနှင့်အဝန်းဖြစ် ပေါ်ခဲ့သည့် ယာဉ်တိုက်မှုအခြေအနေများ ကို သုံးသပ်ဆွေးနွေးပြီး ယခုနှစ်စီမံ ဆောင်ရွက်သင့်သည့် အချက်များ၊ ယာဉ် တိုက်မှု လျော့နည်းကျဆင်းရေးအတွက် မြန်မာနိုင်ငံ၏ National Road Safety Action Plan(2021-2030) လုပ်ငန်းစီမံ ချက်ပါ အဓိကရည်မှန်းချက်နှင့် လုပ်ငန်း စဉ်များအတိုင်း မျက်ခြည်မပြတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ယခင်နှစ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့မှုများနှင့် ယခင်နှစ်များထက် ပိုမို တိုးတက်အောင်မြင်အောင် ကြိုးပမ်းသွား ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ် ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း။
ရေတို/ရေရှည်လုပ်ငန်းစီမံချက်များ
အထူးအလေးထားဆောင်ရွက်
မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကဏ္ဍ၌ ရေရှည် အထောက်အကူပြု လွှမ်းခြုံဆောင်ရွက် နိုင်စေရေးအတွက် မြန်မာနိုင်ငံယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၃၀) ကို ကဏ္ဍ ကြီး (၈) ရပ်၊ လုပ်ငန်းစဉ်ပေါင်း ၁၀၈ ခု တို့ဖြင့် ရေးသားပြုစု ချမှတ်ထားပြီးဖြစ်ပါ ကြောင်း၊ NRSC က ချမှတ်ထားသည့် Quick Win အစီအမံ (၅)ရပ်နှင့် လုပ်ငန်း စီမံချက်(၂၀၂၁- ၂၀၃၀) တို့သည် ကမ္ဘာလုံး ဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးမဏ္ဍိုင်ကြီး(၅) ရပ်ဖြစ်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကြီးကြပ်မှု (Road Safety Mana-gement)၊ ပိုမိုအန္တရာယ်ကင်းသော လမ်း များနှင့် ယာဉ်သွားလာမှု (Safer Road and Mobility)၊ ပိုမိုအန္တရာယ်ကင်းသော ယာဉ်များ (Safer Vehicles)၊ ပိုမိုအန္တရာယ် ကင်းသည့် လမ်းအသုံးပြုသူများ (Safer Road Users)နှင့် ယာဉ်တိုက်မှုဖြစ်ပြီး ပြီးချင်း တုံ့ပြန်ဆောင်ရွက်မှု (Post-Crash Response) တို့အပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြုစုထားသည့် Global Road Safety Plan ပါ Voluntary Targets (၁၂)ချက်ကိုပါ အခြေခံ၍ ပြုစု ရေးဆွဲ ချမှတ်ထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ဆပ်ကော်မတီများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်ကောင်စီများအနေဖြင့် လုပ်ငန်း Guidelines သဖွယ် ဖြစ်သည့် Quick Win အစီအမံများနှင့် Action Plan ပါ ရေတို/ရေရှည် လုပ်ငန်းစီမံချက်များကို အထူးအလေးထား ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားလို ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက် National Road Safety Action Plan (2021-2030) ပါ ရည်ရွယ်ချက်၊ ရည်မှန်းချက်လုပ်ငန်းစဉ် များနှင့် Quick Win အစီအမံ (၅) ရပ် အပေါ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအမံများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီအတွင်းရေးမှူး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်မင်းဦးက ၂၀၂၃ ခုနှစ် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ နှစ်ချုပ်အစီရင်ခံ စာနှင့် Global Status Report on Road Safety (2023) ပါ ကမ္ဘာလုံးဆိုင်ရာ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး နှင့် ယာဉ်မတော်တဆမှု လေ့လာတင်ပြ ချက်များကို သုံးသပ်လျက် ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုသည် ၂၀၁၈ ခုနှစ် နောက်ပိုင်း ကျဆင်းလာသကဲ့ သို့ မြန်မာနိုင်ငံ၌လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ်ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း၊ လူဦးရေတစ်သိန်း လျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ကြိတ်နှုန်းသည် တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ၂၀၂၁ ခုနှစ်တွင် ၁၅ ဦးနှုန်း အထိ ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံ၌ ၅ ဒသမ ၇၁ ဦးနှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း နှစ်ဘီး၊ သုံးဘီးတပ်ယာဉ် တိုက်မှုကြောင့် သေဆုံးမှုသည် ၂၁ ရာခိုင် နှုန်းသာရှိသော်လည်း အရှေ့တောင်အာရှ ဒေသနိုင်ငံများ၌ ၄၈ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၌ ၄၅ ရာခိုင်နှုန်းရှိနေကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးပထမ ၁၀ စုနှစ်ဖြစ်သော ၂၀၁၁ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း ရည်မှန်းချက်ဖြစ်သည့် တွက်ချက်မှု အခြေခံနှစ် ၂၀၁၀ ပြည့်နှစ်၏ ယာဉ် တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရမှုနှုန်းအား ၂၀၂၀ ပြည့်နှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေးရည်မှန်း ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံသာရှိပြီး မြန်မာနိုင်ငံအပါအဝင် ကျန်နိုင်ငံအများစု မှာ ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိ ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ Five Key Risk Factors နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာ ရေးဆပ်မကော်မတီတို့မှ အတွင်းရေးမှူး များက ဆပ်ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် NRSC ၏ ဒုတိယ အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ပြီးစီးမှုများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက NRSC ၏ ဒုတိယ အကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် Quick Win အစီအမံ (၅) ရပ်အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ဆွေးနွေးတင်ပြ
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ယာဉ်စည်း ကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှု၊ စနစ်တကျ စောင့်ကြည့်မှု၊ အရေးယူ ဆောင်ရွက်မှု၊ ပြည်သူများအား အသိ ပညာပေးမှု၊ ယာဉ်အန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ အား ပြည်သူများသိရှိနိုင်ရေး အသိပညာ ပေးဆောင်ရွက်ထားရှိမှု၊ ရှေးဦးပြုစုခြင်း သင်တန်းများ ဖွင့်လှစ်ပေးမှုနှင့် ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေး ဆောင်ရွက်မှု၊ လမ်းညွှန်း၊ လမ်း အမှတ်အသားနှင့် အချက်ပြများပြင်ဆင် ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်