ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဩဂုတ်    ၉


ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး H.E.Mr.  Abhay  Thakur အား  ယနေ့ညနေပိုင်းတွင်    နေပြည်တော်ရှိ   ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။


တွေ့ဆုံစဉ်   နှစ်နိုင်ငံမီဒီယာကဏ္ဍ   ပူးပေါင်း ဆောင်ရွက်ရေးနှင့်   နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်များ  ထုတ်လွှင့်နိုင်ရေး၊   အိန္ဒိယနိုင်ငံ အကူအညီဖြင့်    တည်ဆောက်မည့်     စာဆိုဗိမာန် အဆောက်အဦကို စက်တင်ဘာလတွင်  မင်္ဂလာ ပန္နက်တင်နိုင်ရေး၊ စီးပွားရေးကဏ္ဍ၊ ခရီးသွားမြှင့်တင် ရေးကဏ္ဍ၊  စာပေနှင့်   ယဉ်ကျေးမှုကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား  ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားနိုင်ရေး တို့နှင့်စပ်လျဉ်း၍  ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊   အမြဲတမ်း အတွင်းဝန်   ဦးဝင်းကျော်အောင်နှင့်   ဌာနဆိုင်ရာ အကြီးအကဲများ  တက်ရောက်ကြသည်။

သတင်းစဉ်