ပန်းတနော်မြို့နယ် ကျုံပတောကွန်ကရစ်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 

ပုသိမ်  ဩဂုတ်  ၉
ဧရာဝတီတိုင်းဒေသကြီးပန်းတနော် မြို့နယ် ချောင်းကလေးကျေးရွာ အုပ်စု    ကျုံပတောကျေးရွာနှင့် အိုးဘိုကျေးရွာ   ဆက်သွယ်ထား သည့် အလျား ပေ  ၁၈၀ ၊ အနံ ပေ ၂၀  ရှိ     ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ကို  တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူ များ   ယမန်နေ့   ညနေပိုင်းက  သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ  ကွန်ကရစ်တံတား အား၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်   ပန်းတနော်မြို့နယ် ကျေးလက်လမ်း    ဖွံ့ဖြိုးရေးဦးစီး ဌာနက တာဝန်ယူဆောင်ယူရွက် လျက်ရှိရာ    ယင်းတံတားသစ် အနီးရှိ အလျား ပေ ၁၈၀၊ အနံ ၁၄ ပေရှိ ကွန်ကရစ်တိုင်၊  သံယက်မ၊ သစ်သားခင်းတံတားအမျိုးအစား ချောင်းကူးတံတားဟောင်းသည် မိုးအဆက်မပြတ်     ရွာသွန်းပြီး ချောင်းရေ   တိုက်စားမှုကြောင့် ယခုလ  ၂  ရက်နေ့တွင်   ပြိုကျ ပျက်စီးခဲ့ရပြီး ကျေးရွာနေပြည်သူ များ  သွားလာမှုအဆင်ပြေစေရန် အတွက် တံတားသစ် ဆောက်လုပ် ရန်ကျန်သည့်   ပေ  ၆၀  ခန့်အား ယာယီဘေလီသံပေါင်   တံတား တည်ဆောက်ပေးနေခြင်း   ဖြစ် ကြောင်း သိရသည်။  
ထိုသို့   ကြည့်ရှုစစ်ဆေးစဉ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာန  တိုင်းဦးစီးမှူး၊ မအူပင်ခရိုင်  အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က ရေလမ်းကြောင်း ကောင်းမွန်စေ ရေး ဆောင်ရွက်နေမှု အခြေအနေ များ၊   ဗေဒါများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြရာ  တိုင်းဒေသ ကြီးဝန်ကြီးချုပ်က       ရေလမ်း ကြောင်းကောင်းမွန်စွာ စီးဆင်းစေ ရေး၊  တံတားသစ်အား ထိခိုက်မှု မရှိစေရေး ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ  ဆောင်ရွက်စေရေး၊  သွားလာမှု         အဆင်ပြေစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)