ချင်းပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

ဟားခါး   သြဂုတ်  ၉
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့်     လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ( ၃/၂၀၂၄ ) ကို သြဂုတ် ၈ ရက် နံနက် ၁၀ နာရီက  ဟားခါးမြို့   ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ  ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊   ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က   အမှာစကားပြောကြားပြီး ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုး ရေး၊  မွေးမြူရေးလုပ်ငန်းများနှင့်   ပတ်သက်၍ သက်ဆိုင်ရာ   ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူက မြေပြင်တွင်        အမှန်တကယ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို  ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တစ်ဆင့် အစိုးရအဖွဲ့သို့  တင်ပြအစီရင်ခံရန် လိုအပ် ကြောင်း  ဆွေးနွေးတင်ပြသည်။
ယင်းနောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက် များကို    ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ   ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကြည်တိုးက ဖတ်ကြားပြီး အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက် ပြီး၊  ဆောင်ရွက်ဆဲ၊   ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်     တင်ပြလိုသည့်အချက်များကို သက်ဆိုင်သည့်   ဌာနဆိုင်ရာတာဝန်ရှိသူများက  အသေးစိတ်     ရှင်းလင်းတင်ပြကြပြီးနောက် ပြည်နယ်သမဝါယမဦးစီးဌာန၊  ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်  ပြည်နယ်မွေးမြူရေးနှင့်   ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးများက ဆွေးနွေးတင်ပြ ကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံ ရေးနှင့်     နယ်စပ်ရေးရာဝန်ကြီး     ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊     သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊    လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ် ကျင်နှင့်    ပြည်နယ်အစိုးရအဖွဲ့   အတွင်းရေးမှူး ဦးအောင်ချိုတို့က   အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
   

ခရိုင် ( ပြန်/ဆက် )