
ဝါရှင်တန် ဩဂုတ် ၉
အမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်နှင့်အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ သည် လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ၎င်းတို့၏ ပထမအကြိမ် ရုပ်သံစကားစစ်ထိုး ပွဲကို စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်မည်ဟု သဘောတူခဲ့သည်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ပွဲများတွင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီ ကင် သမ္မတလောင်းများသည် ရုပ်မြင်သံကြားမှ စကားစစ်ထိုးပွဲ များပြုလုပ်လေ့ရှိသည်။
စက်တင်ဘာ ၄ ရက် ၊ ၁၀ ရက် နှင့် ၂၅ ရက်တို့တွင် ဟားရစ်နှင့် စကားစစ်ထိုးရန် တီဗွီကွန်ရက် များနှင့် သဘောတူခဲ့ကြောင်း ဩဂုတ် ၈ ရက်တွင် ထရမ့်က ပြောသည်။ အဆိုပါအချိန်ဇယား များအတိုင်း ပြုလုပ်ရန် ဟားရစ်ကို ထရမ့်က တောင်းဆိုခဲ့သည်။ ထရမ့်က စက်တင်ဘာ ၁၀ ရက် တွင် စကားစစ်ထိုးရန် ကတိကဝတ် ပြုသည့်အတွက် ဝမ်းသာကြောင်း ဟားရစ်က သတင်းထောက်များ ကိုပြောသည်။ ၎င်းပါဝင်မည်ဟု လည်းပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ