
နေပြည်တော် ဇူလိုင် ၄
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၃ ရက် တွင် မန္တလေး-မူဆယ် ပြည် ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၈၆ စီး၊ သွင်းကုန် ၂၀၁ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၅၇စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်း များက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှု များ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃ ရက်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု နှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် သန်း ၅ ဒသမ ၅၈၀ တန်ဖိုးရှိ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိ သည့် တရုတ်နိုင်ငံထုတ် Handset (Red-mi, Honor, Oppo) (95U) နှင့် တရုတ်နိုင်ငံထုတ် Handset (Used Handset with Box x Charger (Vivo Y31, Vivo Y75, Y-81, Vivo 83, Oppo F-7)) (91 U) အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်