
မောင်လူအေး(ရေစကြို)
(ယမန်နေ့မှ အဆက်)
လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လတ်တလောဆောင်ရွက်ရမည့် အစီအစဉ် များနှင့် ရေရှည်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သင့်လျော် ကောင်းမွန်သော အတွေးအမြင်၊ အယူအဆ၊ အကြံပြုချက်များရရှိနိုင်စေရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်း အမှတ်စဉ်(၁၅)သို့ တက်ရောက်ခဲ့သည့် သင်တန်း သား အရာရှိကြီး ၁၅ ဦးနှင့် အဆင့်မြင့်အရာထမ်း သင်တန်း အမှတ်စဉ် (၁၇)သို့ တက်ရောက်ခဲ့သည့် သင်တန်းသား အရာရှိကြီး ၃၄ ဦးတို့အား အုပ်စု(၄)စု ခွဲ၍ ၄၅ မိနစ်ကြာ ဆွေးနွေးစေကာ အကြံဉာဏ်များ ရယူခဲ့ပါသည်။
လတ်တလောနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
အုပ်စု(၄)ခုမှ သင်တန်းသားအရာရှိကြီးများ၏ ဆွေးနွေးအကြံပြုချက်များအပေါ် တူညီသည့် အကြောင်းအရာကဏ္ဍအလိုက် စုစည်းစေခဲ့ရာ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လတ်တလော ဆောင်ရွက်ရမည့်အစီအစဉ် များနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
လတ်တလောဆောင်ရွက်ရမည့်အစီအစဉ်များ
(၁) အခြေခံပညာကျောင်းများမှ စတင်ကာ ကျောင်းတွင်း အာဟာရကျွေးမွေးသည့် အစီအစဉ်၊
(၂) အခြေခံပညာကျောင်းများတွင် အားကစား လှုပ်ရှားမှု အစီအစဉ်များ (Physical Activities and Sports Activities)၊
(၃) စိတ်ကောင်း နှလုံးကောင်းရှိစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန် အတွက် ပြည်သူ့နီတိနှင့် စာရိတ္တဖွံ့ဖြိုးမှု ဆိုင်ရာ ဟောပြောပွဲများ၊
(၄) ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊
(၅) မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲများ၊
(၆) အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးခြင်း၊
(၇) လူငယ်များ မိမိကိုယ်တိုင်/မိမိဘာသာ ဦးဆောင်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်အတွက် လူငယ် ခေါင်းဆောင်မှုအစီအစဉ်များ၊
(၈) ဘာသာရေးသင်တန်းများ(ဥပမာ-တရား ထိုင်ခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်း)၊
(၉) Life Skills/ Soft Skills သင်တန်းများ၊
(၁၀) အသက်မွေးဝမ်းကျောင်းသင်တန်းများ၊
(၁၁) အလုပ်သင်အစီအစဉ်များ(Internship)၊
(၁၂) ကျောင်းသား အပြန်အလှန်ဖလှယ်ရေး အစီအစဉ် (Student Exchange Programs) (နိုင်ငံခြားတက္ကသိုလ်များ သာမက ပြည်တွင်းရှိ တက္ကသိုလ်များ အချင်းချင်းကြားတွင်လည်း ဆောင်ရွက် ရန်)၊
(၁၃) ကဏ္ဍစုံမှလူငယ်များပါဝင်သော လူငယ် တွေ့ဆုံပွဲများ၊
(၁၄) လူငယ်စကားဝိုင်းများ၊
ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
(၁) Sport Strategic Plan ရေးဆွဲအကောင် အထည်ဖော်ခြင်း၊
(၂) အမျိုးသားအားကစားပွဲတော်များ ကျင်းပ ခြင်း၊
(၃) ကဏ္ဍစုံပါဝင်သည့် လူငယ်ဆိုင်ရာ ပြတိုက်များ တည်ထောင်ခြင်း၊
(၄) လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက် နိုင်သည့် လူငယ်စင်တာနှင့် လူငယ် စာကြည့်တိုက်များ တည်ထောင်ခြင်း၊
(၄) မတူကွဲပြားသော ယဉ်ကျေးမှုများကို လေးစားတန်ဖိုးထားတတ်စေရန် လေ့ကျင့် ပျိုးထောင်ပေးခြင်း၊
(၅) မိမိနိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှု၊ အမျိုး သားရေးစရိုက်လက္ခဏာများကို တန်ဖိုး ထား ထိန်းသိမ်းတတ်စေရန် ဆောင်ရွက် ခြင်း၊
(၆) မိမိနိုင်ငံနှင့် မိမိလူမျိုးအကြောင်း လူငယ် များ ပိုမိုနားလည်သိရှိစေရန် အမျိုးသား နိုင်ငံရေး အသိပညာများ ဖြန့်ဝေခြင်း၊
(၇) Formal Education, Non-formal Education, Informal Education များ အပါအဝင် ဘဝတစ်သက်တာ သင်ယူခြင်း (Lifelong Learning)နှင့် အတတ်ပညာ ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး (Continuous Professional Development)တို့ ဆောင်ရွက်ပေးခြင်း၊
(၈) ကျေးလက်ဒေသများတွင် ဒေသတစ်ခု ထွက်ကုန်တစ်ခု (One Village One Product) လုပ်ငန်းများတွင် ဒေသခံ လူငယ်များပါဝင်နိုင်ရေး ဆောင်ရွက်ခြင်း၊
(၉) ICT နှင့် Digital Technology နည်းပညာ ရပ်များအား လူငယ်တိုင်းလက်လှမ်းမီ သင်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်း၊
(၁၀) အသက်မွေးဝမ်းကျောင်း ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း၊
သင်တန်းသားအရာရှိကြီးများ၏ ဆွေးနွေး အကြံပြုချက်များသည် မြန်မာနိုင်ငံ၏ ပကတိ မြေပြင်အခြေအနေနှင့်ကိုက်ညီပြီး လက်တွေ့ အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်နှင့် လူငယ်များအတွက် အမှန်တကယ်အကျိုးကျေးဇူး များသည့် အကြံပြုချက်များဖြစ်ပါသည်။ အချို့သော ဆွေးနွေးအကြံပြုချက်များမှာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
သင်တန်းသား အရာရှိကြီးများ၏ အကြံပြုချက် များအား လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်တွင် ဦးစားပေးဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များအဖြစ် ထည့်သွင်းရေးဆွဲ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေ ဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူကာ လူငယ် များ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် လူငယ်များ၏ နယ်ပယ်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လူငယ်ရေးရာမူဝါဒ၊ မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့်အညီ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီက ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာ ကော်မတီများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့ အခမ်းအနားနှင့် ဆက်စပ်အစီအစဉ်များ ဖြစ်သည့် လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေးအစီ အစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
အထူးသဖြင့် လူငယ်ဖိုရမ်မှ ထွက်ပေါ်လာသော လူငယ်များ၏အသံ၊ လူငယ်များ၏ လိုလားချက်၊ သဘောထားများအပေါ် အလေးထားနားထောင်၍ အားကောင်းခိုင်မာထိရောက်သော ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ကို ရေးဆွဲအကောင်အထည်ဖော်သွားနိုင်မည် ဖြစ်ရာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအကျိုးရှိစေမည်ဖြစ်ပါသည်။
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့် လည်းကောင်း၊ လူငယ်များ၏အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေးအတွက် လည်းကောင်း၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့နှင့် ဆက်စပ်အစီအစဉ်များအား အောက်ဖော်ပြပါ ရည်ရွယ်ချက်(၅)ရပ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-
(၁) လူငယ်များအနေဖြင့် အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိက အင်အားစုများအဖြစ် ပါဝင်လာ နိုင်စေရန်၊
(၂) မိမိနိုင်ငံနှင့် ယဉ်ကျေးမှုအပေါ် တန်ဖိုး ထား ချစ်မြတ်နိုးစိတ်များ တိုးပွားလာပြီး နိုင်ငံ့သားကောင်းတစ်ယောက်၏ အခွင့် အရေးနှင့် တာဝန်များကို ပိုမိုနားလည် စေရန်၊(၃) လူငယ်များအကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှု တည်ဆောက်ပေးနိုင် စေရန်၊
(၄) လူငယ်များ၏တန်ဖိုးရှိသော စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင် ရွက်ပေးနိုင်ရန်၊
(၅) နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာ ပူးပေါင်းပါဝင်လာခြင်းအားဖြင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်ရန်။
နိုင်ငံတော်အတွက် အရေးကြီးသော လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အနာဂတ်တွင်ဆောင်ရွက် သွားမည့် ဦးစားပေးလုပ်ငန်းစဉ်များအား လူငယ် များကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးဖော်ထုတ် နိုင်ရန်နှင့် ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ် များ/ အကြံပြုချက်များအား တာဝန်ရှိသူများထံသို့ ဆက်လက်တင်ပြနိုင်ရန်အတွက် လူငယ်ဖိုရမ်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး ယင်းလူငယ်ဖိုရမ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စား လှယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်/ ကောလိပ်/ သိပ္ပံများနှင့် အခြေခံပညာကျောင်းများမှ လူငယ် ကိုယ်စားလှယ်များ၊ မသန်စွမ်းလူငယ်များ၊ လူမှုရေး အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ လူငယ်ကိုယ်စားလှယ်များ၊ ဝန်ကြီး ဌာနများမှ ဝန်ထမ်းလူငယ်များ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ လူငယ်များအပါအဝင် နယ်ပယ် ပေါင်းစုံမှ လူငယ်အင်အား စုစုပေါင်း ၁၅၀၀ ခန့် ဖိတ်ကြားကာ အနှစ်သာရပြည့်ဝစွာ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဖိုရမ်တွင် လူငယ်များအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် လူငယ်ဆိုင်ရာ သတင်းအချက် အလက်များ ပါဝင်ပြသခြင်း၊ မိတ်ဖက်အဖွဲ့အစည်း များ၏ ထုတ်ကုန်များနှင့် အထိမ်းအမှတ်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများပြသခြင်း၊ စစ်တမ်း များ ကောက်ယူခြင်း၊ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် ဆုလက်ဆောင်များပေးအပ်ခြင်း၊ စုပေါင်းဂိမ်းကစားခြင်းအစီအစဉ်များပါဝင်ရာ ဖိုရမ် သို့ တက်ရောက်မည့်လူငယ်များအတွက် အသိပညာ ဗဟုသုတများတိုးပွားကာ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်သည်။
လူငယ်ဖိုရမ်တွင် ဆွေးနွေးမည့်
အဓိက ကဏ္ဍ(၃)ရပ်
၁၃-၈-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် လူငယ်ဖိုရမ်အား Myanmar Youth Voice 2040: Enhancing the Role of Youth in Creating a Better Society “လူငယ်ကဏ္ဍ မြှင့်တင်လို့ ပိုမို ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့”ဆောင်ပုဒ် ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များ အား Agenda 2030 အလွန် ၂၀၄၀ ပြည့်နှစ်အထိ မျှော်တွေးကာ ဆွေးနွေးဖော်ထုတ်သွားမည် ဖြစ်သည်။ လူငယ်ဖိုရမ်တွင် ဆွေးနွေးမည့် အဓိက ကဏ္ဍ(၃)ရပ်မှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း နှင့် ပြောင်းလဲဆန်းသစ်ခြင်းကဏ္ဍ၊ လူမှု-ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍများ ဖြစ်ကြသည်။
အပိုင်း(၁) ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း နှင့် ပြောင်းလဲဆန်းသစ်ခြင်းကဏ္ဍအား ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်နှင့် အညီ လူငယ်များ digital inclusion ဖြစ်စေရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာရပ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပြီး နောက်ကျမကျန်ရစ်စေရန် အတွက် ဉာဏ်ရည်တုနည်းပညာအကြောင်း၊ လူငယ်များ၏ဘဝကို တိုးတက်ပြောင်းလဲစေနိုင် သည့် နည်းပညာ၏စွမ်းအား၊ ဒစ်ဂျစ်တယ်ကမ္ဘာအား လူငယ်များ မည်ကဲ့သို့ချဉ်းကပ်သင့်သည့် နည်းလမ်း များအား သက်ဆိုင်ရာနယ်ပယ်တွင် ထူးချွန် အောင်မြင်နေသည့် ပညာရှင်လူငယ်များက ဟောပြောဆွေးနွေးကြမည်ဖြစ်ပြီး အတွေ့အကြုံ ရင့်ကျက်သည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ က သဘာပတိအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
အပိုင်း(၂) လူမှုယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် လူငယ်များအောင်မြင်မှုရရှိရေး၊ ၂၁ ရာစုတွင် တတ်မြောက်ထားသင့်သည့် ကျွမ်းကျင်မှု များ၊ ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင် ရေး၊ နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်လူငယ်များ ဖြည့်ဆည်းထားရှိရမည့် အရည်အချင်းများ စသည့် အကြောင်းအရာများပါရှိပါသည်။ ထို့အတူ အပိုင်း(၃) စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ကဏ္ဍအောက်တွင် လူမှုစီးပွားဘဝအောင်မြင်ရေး အတွက် စွန့်ဦးတီထွင်ခြင်း၊ နည်းပညာ၊ သက်မွေး ပညာ၊ လေ့ကျင့်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် မိမိအမှတ် တံဆိပ်နှင့် ပုံရိပ်တိုးတက်ကောင်းမွန်အောင် မြှင့်တင်၍ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပါအဝင် ပိုမိုကောင်းမွန်သော
ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အောင်မြင်မှုရရှိ နေသည့် လူငယ်စီးပွားရေးစွမ်းဆောင်ရှင်များက ဦးဆောင်ကာ ဆွေးနွေးသွားကြမည်ဖြစ်သည်။
ဟောပြောဆွေးနွေးမှုများအပြီးတွင် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် လူငယ်များ အုပ်စုဖွဲ့ဆွေးနွေး ကြမည်ဖြစ်ပြီး ဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် ရလဒ်များ/အကြံပြုချက်များအား စုစည်းကာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ၊ လုပ်ငန်းစီမံချက်များတွင် ထည့်သွင်း ရေးဆွဲဆောင်ရွက်နိုင်ရေး မူဝါဒဆိုင်ရာအကြံပြုချက် များအဖြစ် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ သို့ ဆက်လက်တင်ပြသွားမည်ဖြစ်သည်။
လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေး၊ မိမိနိုင်ငံနှင့် လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရေးနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ များကို တန်ဖိုးထားထိန်းသိမ်းတတ်စေရေးတို့ အတွက် ၁၄-၈-၂၀၂၄ ရက်နေ့တွင် သွားရောက်မည့် လူငယ်လေ့လာရေးအစီအစဉ်တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားမှတ်တမ်းများမော်ကွန်း တိုက်၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် အားကစားသမိုင်းပြတိုက်တို့ကို ရွေးချယ်ထားရှိ ပါသည်။
လူငယ်များအကြား စေတနာ့ဝန်ထမ်းနှင့် ပရဟိတစိတ်ဓာတ်များ အားကောင်းလာစေရေး၊ လူမှုရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားပြီး လူမှု ဝန်ထမ်းစိတ်ဓာတ်များ တိုးပွားလာစေရေးနှင့် မိမိ နေထိုင်ရာ လူ့အဖွဲ့အစည်းပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရေးအတွက် လူမှုအကျိုးပြု လုပ်ငန်းအစီအစဉ်များအဖြစ် ကလေးပြုစုရေးဌာန (နေပြည်တော်)နှင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာများသို့ သွားရောက်ကာ အဆောက်အဦပရဝဏ် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကလေးငယ်များအား ပုံပြင်ပြောဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စုပေါင်းဂိမ်း ကစားခြင်း၊ အဘိုးအဘွားများနှင့်အတူ တေးသီချင်း များ သီဆိုခြင်းနှင့် အလှူငွေများပေးအပ်လှူဒါန်း ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားမည်
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ နှင့် ဆက်စပ်အစီအစဉ်များသို့ တက်ကြွစွာ ပါဝင် ဆွေးနွေးကြမည့် လူငယ်ကိုယ်စားလှယ်များနှင့် လုပ်အားဖြင့် ပါဝင်ကူညီပေးကြမည့် မိတ်ဖက်အဖွဲ့ အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းလူငယ်များ အား မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ ၏ အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျပြီး လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်မှုအစီအမံများနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုများ သည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ မှီခိုသူဦးရေ အချိုးအစားနည်းပါးပြီး အလုပ်လုပ်နိုင် သည့် လူဦးရေအချိုးအစား များပြားနေသည့် လူဦးရေဆုလာဘ်ကို ရရှိထားခြင်းဖြစ်ရာ ယင်းအခွင့် အရေးကို အပြည့်အဝအသုံးချနိုင်ရေး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ပါသည်။
သို့သော် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းရပ် များသည် သိမ်မွေ့နက်နဲ ကျယ်ပြန့်သည့်အတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းတစ်ခုတည်းက တာဝန်ယူ ဆောင်ရွက်၍ အောင်မြင်မှုရရှိနိုင်မည့် လုပ်ငန်းမျိုး မဟုတ်ဘဲ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၊ ကော်မတီများနှင့် တာဝန်ရှိသူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။
ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးနိုင်ရေး လူငယ်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များသည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် မူလလုပ်ငန်းရပ်များ၊ ဦးစားပေး ကဏ္ဍများ၊ ဆောင်ရွက်ချက်များနှင့် ဆက်စပ်လျက် ရှိသည့် (cross-cutting)ကဏ္ဍများဖြစ်သည့်အတွက် လူငယ်ရေးရာကော်မတီများက ဦးဆောင်ကာ ဆက်စပ်ဌာန/အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ ကွန်ရက်များနှင့် ပြည်သူလူထုတစ်ရပ် လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အပြည့်အဝ ပူးပေါင်းပါဝင်အားဖြည့်မှသာလျှင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော၊ လူမှုသဟဇာတဖြစ်သော၊ ပိုမိုကောင်းမွန်သော အနာဂတ်လူ့အဖွဲ့အစည်းကို ဖန်တီးပုံဖော်နိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
ကိုးကား
လူငယ်ရေးရာမူဝါဒ (၂၀၁၇)
၂၁ရာစု ပြည်သူ့နီတိ၊ တင်ညွန့် (၂၀၁၈)
၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအစီရင်ခံစာ (၂၀၂၀)
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) (၂၀၂၀)
သတင်းစာများ (၂၀၂၄)
- Log in to post comments