
ဂျေရုဆလင် ဩဂုတ် ၁၀
အီရန်နိုင်ငံသည် နိုင်ငံအတွင်း ဟားမားစ်နိုင်ငံရေးခေါင်းဆောင် အသတ်ခံရမှုနှင့် ပတ်သက်ပြီး အစ္စရေးကို လက်တုံ့ပြန်နိုင်ရေး ပြင်ဆင်နေပြီး အခြားတစ်ဖက် တွင် အစ္စရေးနှင့် အမေရိကန်နိုင်ငံ တို့ကလည်း အီရန်၏ ခြိမ်းခြောက် မှုများကို တုံ့ပြန်နိုင်ရန် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် လျက်ရှိကြောင်း သိရသည်။
ဟားမားစ် နိုင်ငံရေးခေါင်း ဆောင် အစ္စမေးလ်ဟာနီယေး သည် လွန်ခဲ့သည့်လက အီရန်နိုင်ငံ သို့ရောက်ရှိစဉ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက် ပြီး အီရန်က အစ္စရေးကို အပြစ်တင်ခဲ့ပြီး လက်တုံ့ပြန်သွား မည်ဟုလည်း ကတိပြုပြောကြား ထားသည်။
အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်မှ Quds Force အဖွဲ့ ၏ တပ်မှူး အစ္စမေးလ်ကာနီသည် ဟားမားစ်နိုင်ငံရေးခေါင်းဆောင် သစ်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင် သံကြားက သောကြာနေ့တွင် အစီရင်ခံဖော်ပြထားသည်။ Quds Force သည် ဟားမားစ်နှင့်အစ္စရေး ဆန့်ကျင်တပ်ဖွဲ့များကို ထောက်ပံ့ ပေးနေသော လက်ရွေးစင်တပ်ဖွဲ့ တစ်ခုဖြစ်သည်။
အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံ ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေး သွားမည်မှာ သံသယဖြစ်ဖွယ်မရှိ ကြောင်း ယင်းစာထဲတွင် ကာနီက ဆိုထားသည်။ ထိုစဉ် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂါး လန့်ကလည်း ကာကွယ်ရေးအကူ အညီများနှင့်ပတ်သက်ပြီး ဆွေးနွေး ရန် အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်နှင့် ဖုန်း ဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ