
နေပြည်တော် သြဂုတ် ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရဲသာကျေးရွာအုပ်စု ယာယီယာဉ် စစ်ဆေးရေးကွင်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် Yellow Dye Liquid စာတန်းပါ ဓာတုဆေးရည်ဟု ယူဆရသော နီညိုရောင်အရည် ကီလိုဂရမ် ၁၃၂၀၀၊ De-Inking Agent စာတန်းပါ ဓာတုဆေးရည်ဟုယူဆရသော အဖြူရောင်အရည် ကီလိုဂရမ် ၂၃၀၀၊ ကုန်ပစ္စည်းတင် ပေ ၄၀ ကွန်တိန် နာ တစ်လုံး၊ စားသောက်ကုန်ကြမ်းပစ္စည်း Jele Beautie ၈၀၆ ထုပ်၊ Essence အဝတ်လျှော် ဆပ်ပြာ အဆီ အထုပ် ၃၀၊ Polyethylene Oxide အထုပ် ၂၄၀ အပါအဝင် ကုန်ပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၆၅၈၈၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head တစ်စီး နှင့် နောက်တွဲယာဉ် တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၁၅၈၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ သြဂုတ် ၈ ရက်တွင် မန္တလေးတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့၊ မြို့အဝင် တိုးဂိတ်အနီး၌ မော်တော်ယာဉ် နှစ်စီးပေါ်မှ တရား ဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့် အင်ဒိုနီးရှားနိုင်ငံထုတ် CHO CHO ချောကလက် အနှစ်ဘူး ၄၈၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၆၂၄၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck တစ်စီး၊ Mitsubishi Light Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်းကောင်း၊ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မိုင်းလားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Galvanized Iron Sheet ကီလိုဂရမ် ၁၅၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၆၇၄၀၀၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၈ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ် နောင်ဖာဂိတ် အနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် TV Spare Parts အခု ၅၀၀ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ သြဂုတ် ၈ ရက်တွင် ဒိုက်ဦးမြို့ မြို့အဝင်ဂိတ်၌ လှိုင်းဘွဲ့မြို့မှ ကျောက်တံခါးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် မလေးရှားနိုင်ငံထုတ် ပုဇွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါပုံး ၁၅၀ အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၄၄၀၀၀)၊ အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Mahar New MPV မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)နှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့ သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည်ပုလင်း ၂၀၀၀ အပါအဝင် ကုန် ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်း ကောင်း၊ သြဂုတ် ၉ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၄၆၁ တန်နှင့် အခြား သစ် ၀ ဒသမ ၇၄၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၁၉၆၆ )ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၁၆၅၉၆၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မော်လိုက်မြို့ မြို့မ(၁)ရပ်ကွက်တို့၌ တရားဝင်သယ်ဆောင်ခွင့်အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် Tiger ဘီယာပုလင်း ၃၂၄ လုံး၊ ABC ဘီယာပုလင်း ၇၅၆ လုံး၊ သံပရာတံဆိပ် ပါ အရက် ၉၂၆ ပုလင်းအပါအဝင် ကုန်ပစ္စည်း ကိုးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂၄၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ယစ်မျိုးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သြဂုတ် ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၂ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၄၄၃၅၂၇၆၆)ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်