
ပရီမီယာလိဂ် ကန့်လန့်ကာ အဖွင့် ကွန်မြူနတီဒိုင်းလုပွဲကို ဩဂုတ် ၁၀ ရက် ည ၈ နာရီခွဲက လန်ဒန်ရှိ ဝင်ဘလေအားကစား ကွင်း၌ မန်စီးတီးနှင့် မန်ယူ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီး အသင်း ပယ်နယ်တီ အဆုံး အဖြတ်ဖြင့် နိုင်ပွဲရရှိခဲ့သည်။
မန်ယူအသင်းသည် ဒဏ်ရာ ကြောင့် အဓိက တိုက်စစ်ကစား သမား ဟွိုက်လန်းပါဝင်လာနိုင် ခြင်း မရှိသော်လည်း ဖာနန် ဒက်စ်၊ ရက်ဖို့ဒ်၊ အာမက်၊ မိုင်နူး၊ ကက်စမဲရိုးစသည့် အဓိက ကစားသမားအများစုဖြင့် မန် စီးတီးအသင်းကို ရင်ဆိုင်လာခဲ့ သည်။ ပြိုင်ဘက် မန်စီးတီး အသင်းက ဟာလန်း၊ ဒိုကူ၊ ဘော့ဘ်တို့ ဦးဆောင်ကာ မန်ယူ အသင်းကို ရင်ဆိုင်လာခဲ့ သည်။
ပထမပိုင်းပွဲချိန်တွင် အပြန် အလှန်ထိုးဖောက်တိုက်စစ်ဆင် မှုများ ပြုလုပ်လာနိုင်သော်လည်း ဂိုးသွင်းယူထားနိုင်ခြင်း မရှိချေ။
သွင်းဂိုးရရှိရေး အတွက် ဒုတိယပိုင်းတွင် နှစ်သင်း စလုံး လူစားလဲမှုများ ပြုလုပ်လာသော် လည်း ပွဲချိန် မိနစ် ၈၀ အထိ သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ သည်။ ပွဲချိန် ၈၂ မိနစ်တွင် ဖာနန်ဒက်စ်၏ ဖန်တီးမှုမှ ဂါနာချို က မန်ယူအသင်းအတွက် ဦးဆောင်ဂိုး ရယူနိုင်ခဲ့သည်။ ပွဲချိန်ပြည့်ခါနီးတွင် မန်စီးတီး အသင်းမှ ဆေးဗားလ်က ချေပဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ သည်။ ထို့ကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရသည်။
ပယ်နယ်တီ အဆုံးအဖြတ် တွင် မန်စီးတီးအသင်းက ခုနစ် ဂိုး-ခြောက်ဂိုးဖြင့် အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်းကို (၇) ကြိမ် မြောက် ရယူနိုင်ခဲ့သည်။
မိုးဇက် - စုစည်းသည်