ဘိုင်ယန်မြူးနစ်မှ ဒီလစ်နှင့် မက်ရာအိုရီတို့ကို ခေါ်ယူရန် မန်ယူ နီးစပ်နေ

 

မန်ယူအသင်းသည် ဂျာမန်နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်း ကစား သမား နှစ်ဦးဖြစ်သည့် ဒီလစ်နှင့် မက်ရာအိုရီကို ပေါင်သန်း ၆၀ ဝန်းကျင် ဖြင့် ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဒီလစ်အတွက် မန်ယူအသင်း၏ အပို ဆုကြေး ပေါင် ၄ ဒသမ ၃ သန်းအပြင် ပေါင် ၃၈ ဒသမ ၆ သန်းဖြင့် ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေသည်။ ထို့အပြင် မန်ယူအသင်းသည် အသက် (၂၆နှစ်)အရွယ် မော်ရိုကို ခံစစ်ကစားသမား မက်ရာအိုရီအတွက် လည်း ပေါင် ၁၂ ဒသမ ၉ သန်းဖြင့် ကမ်းလှမ်းသွားဖွယ်ရှိနေသည်။ မန်ယူအသင်းသည် ဗဟိုခံစစ်ကစားသမားနှင့် ညာခံစစ်ကစားသမား တစ်ဦးကို ခေါ်ယူရန် ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်။

မိုးဇက် - စုစည်းသည်