ရွှေတောင်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဆောင်ရွက်

 

ရွှေတောင်   သြဂုတ်   ၁၀
ပဲခူးတိုင်းဒေသကြီး   ရွှေတောင် မြို့နယ်    ပြည်သူ့ကျန်းမာရေးဦးစီး ဌာန       အစည်းအဝေးခန်းမ၌ ယနေ့  နံနက်ပိုင်းက   ရွှေတောင် မြို့နယ်   ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လုပ်ငန်းများ   ပြုလုပ်ဆောင်ရွက် သည်။
မြို့ပေါ်ရပ်ကွက်    သုံးရပ်ကွက် အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင် များ၊       နို့တိုက်မိခင်များကို အာဟာရပစ္စည်းများနှင့် ဗီတာမင် ဆေးဝါးများပေးဝေခြင်း၊ အသက် ( ၅) နှစ်အောက် ကလေးများကို သက်တမ်းအလိုက်  ဗီတာမင်အေ နှင့် သံချဆေးများ တိုက်ကျွေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း များကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး        ဒေါက်တာ အောင်မျိုးသန့်နှင့်   ကျန်းမာရေး ဝန်ထမ်းများ၊   မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီး     ရေးရာအဖွဲ့ တို့နှင့်အတူ     ပူးပေါင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း         သိရ သည်။
ကိုကိုမင်း(ပြန်/ဆက်)