ပါရီအိုလံပစ် ၂၀၂၄ အမျိုးသား ယူ -၂၃ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အိမ်ရှင်ပြင်သစ်ကို အနိုင်ယူပြီး စပိန်အသင်း ရွှေတံဆိပ်ဆွတ်ခူး

 

ပါရီအိုလံပစ် ၂၀၂၄  အမျိုးသား ယူ -၂၃ ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှ အိမ်ရှင်ပြင်သစ် ယူ - ၂၃ နှင့် စပိန် ယူ - ၂၃ အသင်း  ပွဲစဉ်ကို ဩဂုတ် ၉ ရက် ၁၀ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက ငါးဂိုး - သုံးဂိုးဖြင့် နိုင်ပွဲရပြီး ပါရီအိုလံပစ်  ၂၀၂၄ ပြိုင်ပွဲ    ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။              


ကစားပုံမာကျောပြီး တိုက်စစ် ထက်မြက်သည့်အသင်း အချင်း ချင်း   တွေ့ဆုံမှုဖြစ်သည့်အပြင် ခြေရည်တူနှစ်သင်း    တွေ့ဆုံမှု ဖြစ်သည့်အတွက်   ပွဲစတင်သည် နှင့်တစ်ပြိုင်နက် အကြိတ်အနယ် ရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ပွဲချိန် ၁၁ မိနစ်တွင်  ကွင်းလယ် တိုက်စစ်ကစားသမား မီးလ်အော့သ် သွင်းဂိုးကြောင့် ပြင်သစ်အသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။ ဦးဆောင် ဂိုး    ခွင့်ပြုပေးလိုက်ရပြီးနောက် ပြိုင်ဘက် စပိန်အသင်းကလည်း ချေပဂိုးရရေးကြိုးစားလာခဲ့ရာ ပွဲချိန်    ၁၈ မိနစ်တွင်ရရှိခဲ့ပြီး ကွင်းလယ် တိုက်စစ်ကစားသမား လိုပက်ဇ်က    သွင်းယူပေးနိုင်ခဲ့သည်။


တစ်ဖက်တစ်ဂိုးစီ  သရေကျ ပြီးနောက်တွင်  အိမ်ရှင်ပြင်သစ် အသင်း    ကစားအားကျဆင်း သွားခဲ့ပြီး စပိန်အသင်း၏ ဖိအား ပေးတိုက်စစ်ဆင်မှုများကို   ခုခံ ကာကွယ်ခဲ့ရသည်။ သို့သော်လည်း ပြင်သစ်အသင်းသည် ပွဲချိန် ၂၅ မိနစ်နှင့် ၂၈ မိနစ်တွင် လိုပက်ဇ်နှင့် ဘက်နာတို့၏ သွင်းဂိုးများကို ခုခံ ကာကွယ်နိုင်စွမ်းမရှိဘဲ   သွင်းဂိုး အဖြစ် ခွင့်ပြုပေးခဲ့ရသည်။ ပထမ  ပိုင်းပွဲချိန်ပြည့်ခါနီးတွင် ပြင်သစ် အသင်း၏ ဂိုးရရှိနိုင်သည့် အခွင့် အရေးအချို့ကို     စပိန်အသင်း အကောင်းဆုံးဟန့်တား ရှင်းထုတ် နိုင်ခဲ့သည့်အတွက် သက်သာရာ ရခဲ့သည်။            

                                                    
ဒုတိယပိုင်းတွင် ချေပဂိုးများ ရရှိခဲ့သည်အထိ ပြင်သစ်အသင်း၏ ကစားအား   တက်လာခဲ့သည်။ ပြင်သစ်အသင်းအတွက် ဒုတိယ ချေပဂိုးကို ပွဲချိန် ၇၉ မိနစ်တွင် ရရှိခဲ့ပြီး  အာလီအိုချီက သွင်းယူ ပေးခဲ့သည်။   ထို့နောက်   ပွဲချိန် ပြည့်ခါနီးတွင်    ပြင်သစ်အသင်း အတွက် တတိယချေပဂိုးရရှိခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် မာတီတာ က သွင်းယူပေးခဲ့သည်။ ပြင်သစ် နှင့် စပိန်အသင်းတို့သည် သာမန် ပွဲကစားချိန်အတွင်း    တစ်ဖက် သုံးဂိုးစီ သရေကျနေခဲ့၍ အချိန်ပို မိနစ်   ၃၀  ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။


အချိန်ပိုတွင် ပြင်သစ်အသင်း သည်      စပိန်အသင်းဘက်သို့   ထိုးဖောက်  တိုက်စစ်ဆင်မှုများ နှင့်အတူ ဖိအားပေးကစားနိုင်ခဲ့ သော်လည်း ပွဲချိန် မိနစ် ၁၀၀ နှင့် မိနစ် ၁၂၀ တို့တွင် ကာမဲယ်လို၏ သွင်းဂိုးများ   ခွင့်ပြုပေးခဲ့ရသည့် အတွက်  ငါးဂိုး - သုံးဂိုးဖြင့် ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။      

အောင်ဇော်